.

Monday, February 4, 2013

သံဗုဒ္ဓေမစွမ်းလို့ ဘုန်းကြီးတွေအသတ်ခံနေရတာပေါ့ .. ဗျာ

Unknown | 9:43 PM | Be the first to comment! Unknown | 9:43 PM | Be the first to comment!
Unknown | 9:43 PM | Best Blogger Tips

by အလင်း ရှင် on Monday, 4 February 2013 at 12:10 ·

ဟုတ်လား ဆရာတော် စက်တင်ဘာတုန်းကဘုန်းကြီးတွေရွတ်တဲ့ ပရိတ်ကအခုသံဗုဒ္ဓေလောက်မစွမ်းလို့လားမသိဘူးနော် အဲဒီတုန်းကဘုန်းကြီးတွေ သေနတ်ပစ်အသတ်ခံရတယ်။ အခုလည်း လက်ပံတောင်းတောင်မှာဘုန်းကြီးတွေမီးရှို့ခံရတယ်။ ဒီတော့က နောက်ထပ်သင်္ဂါယနာတင်ရင် အခုခေတ်ဘုန်းကြီးတွေပြောနေတဲ့ သံဗုဒ္ဓေဂါထာတော်ကိုပါ ဖြည့်စွပ်တင်ရမယ်။ခက်ပါတယ်။ဘုရားကလည်း ဘာလို့ ဒီနေ့ခေတ်ဘုန်းကြီးတွေပြောတဲ့ သံဗုဒ္ဓေကို သူ့နှုတ်ခါးပတ်တော်ထဲမထည့်ခဲ့တာလဲမသိဘူး။ အင်း ဒါတွေသာငါတွေးနေရင် . . . ငါကိုယ်တိုင်တောင်ရင်လေးလာတယ်။ အေးလေ . . ငါ့ရဲ့ ခေါင်းစဉ်ကိုက အလင်းနှင့်သတင်းဝေငှရာဆိုတာ့ ဒါကလည်းငါ့အလုပ်ကို ငါလုပ်ရတော့မှာပေါ့လေ။
By:အလင်းရှင် http://aungminkhoung.blogspot.com

အို . . . ချစ်သောကမ္ဘာ . . . ကျနော့ကိုပဲသေအောင်သတ်လိုက်ပါ

Unknown | 9:42 PM | Be the first to comment! Unknown | 9:42 PM | Be the first to comment!
Unknown | 9:42 PM | Best Blogger Tips

by အလင်း ရှင် on Monday, 4 February 2013 at 21:39 ·



ကျနော်ဖြစ်ချင်တာက
ဖေ့ဘုတ်ကို ဓာတ်ပုံတွေတင် ချစ်တင်းတွေနှော အဓိပ္ပါယ်မဲ့တွေသုံးနေတဲ့နေရာ အဖြစ်မဖြစ်ချင်ဘူး . . . တိုတောင်းတဲ့အချိန်လေးမှာ ဖေ့ဘုတ်ဟာ ဘ၀ရဲ့နေရာတစ်ခုကို ယူသွားလောက်တဲ့
အကြောင်းအထောက်အပံ့ကောင်းတွေကိုသာ ပြသတဲ့နေရာလေးဖြစ်ချင်တာ။

ဒီလိုပါပဲ

ကမ္ဘာဆိုသူကို . . . .

အာဏာရူးတွေကို သူ့ရင်ဘတ်ပေါ်မှာမထားပဲ အကုန်သတ်ပစ်ပေးပါလား
နောက်တစ်ခု
ဘာသာရူးတွေ
သူတို့ကိုလည်း လူသားမုန်းတီးရေးလောက်သာအာရုံထားနေတဲ့အတဲ့အပြင်
လူသားရော တိရိစ္ဆာနတွေရဲ့ အသက်ကိုပါ ရန်ရှာခဲ့ကြတဲ့အတွက်
အို . . . .
ကမ္ဘာဆိုရယ် . . . . ကျနော့ကိုသာ သေအောင်သတ်ပစ်လိုက်ပါတော့။
By:အလင်းရှင် http://aungminkhoung.blogspot.com

အာဖရန်မှာဗုဒ္ဓဘာသာကွယ်ပျောက်ခဲ့ရသည့်အကြောင်း

Unknown | 9:28 PM | Be the first to comment! Unknown | 9:28 PM | Be the first to comment!
Unknown | 9:28 PM | Best Blogger Tips
(မူဆလင်များမကြိုက်သော News Watch ဂျာနယ်ပါကျွန်တော်.ဆောင်းပါး)

အာဖဂန်နစ္စတန်တွင် ဗုဒ္စသာသနာ ကွယ်ပျောက် သွားခြင်း အကြောင်း
သရ၀ဏ်(ပြည်)

အစ္စလမ်ဝါဒမထွန်းကားမီ အာဖဂန်နစ္စတန်တွင် အဓိကကိုးကွယ်သော ဘာသာ မှာ ဗုဒ္စဘာသာဖြစ်ပါသည် ။ အာဖဂန် နိုင်ငံ ဟင်ဒုကတ်ရှ် တောင်တန်း၏ တောင်ဘက်အရပ်ဒေသများတွင် ဗုဒ္စဘာသာ သည် ထိုစဉ်ကများစွာ စည်ပင်ဝပြောခဲ့.ပါသည် ။

ကမ္ဘာ. ပထမဆုံးသော ဗုဒ္စရုပ်ပွားတော်မြတ် ကို အာဖဂန်နစ္စတန်နိုင်ငံ ကဘူးခရိုင် ဂန်ဒါရာတွင် တည်ထားခဲ.ကြသည်။ ယခုအခါ ထိုဒေသကို ကန်ဒါဟာ ဟုခေါ်ကြသည် ။သမိုင်းဆိုင်ရာသက်သေအထောက်အထားများအရ အာဖဂန်နစ္စတန်တွင် အစ္စလမ်ဝါဒ မထွန်းကားမီ (ခရာဇ်တော်မပေါ်မီ နှစ်ပေါင်း ၃၀၅ ခု) ကပင် ဗုဒ္စဘာသာ အခြေတည်ခဲ.ကြောင်း သုတေသီတို.ကသုံးသပ်ကြသည် ။ ထိုသို. စောစီးစွာ အခြေတည်ခဲ.သော ဗုဒ္စသာသနာမှာ အေဒီ (၇) ရာစုတွင် စတင်မှေးမှိန်လာခဲ.ပြီး ၊ အေဒီ (၁၁) ရာစုတွင် လုံးဝကွယ်ပျောက်ချုပ်ငြိမ်းသွားခဲ.လေသည် ။ ဤဒေသမှာ တရုတ်တို.၏ ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော ပိုးလမ်းမကြီးပေါ်တွင်ရှိ၍ လူသိများ ကျော်ကြားလှပါသည် ။ ဂရေကိုဘက်တားရီးယန်း မင်းဆက်မှ ဘုရင်တစ်ပါးဖြစ်သော မိန္ဒာ ဘုရင်ကြီးလက်ထက်တွင် ထေရ၀ါဒ ဗုဒ္စဘာသာ သည် အာဖဂန်နစ္စတန်တွင်ထွန်းကားခဲ.ပါသည် ။

မကြာသေးမီ အချိန်ပိုင်းက ရှာဖွေတွေ.ရှိချက် များအရ အာဖဂန်နစ္စတန်နိုင်ငံ လော်ဂျာပြည်နယ် (ကဘူးမြို.တောင်ဘက်) တွင် ဗုဒ္စ၏ ဓါတ်တော်မွေတော် ၄၂ ဆူကို တူးဖော်တွေ.ရှိခဲ.ပါသည် ။ ဗုဒ္စ သာသနိက အဆောက်အအုံ များကိုလည်း အာဖဂန်ရှေးဟောင်းဌာနက တစ်ခုပြီးတစ်ခု ရှာဖွေတွေ.ရှိခဲ.ပါသည် ။ လော်ဂျာပြည်နယ် ၌ ရှာဖွေတွေ.ရှိခဲ.သမျှ ပစ္စည်းများထဲတွင်ရှေးဟောင်းစေတီတော် နှစ်ဆူ ၊ ဗုဒ္စ ရုပ်ပွားဆင်းတုတော်များ ၊ နံရံ ပန်းချီများ ၊ ရွှေဒင်္ဂါး ငွေဒင်္ဂါးများ ၊ ရှေးဟောင်း ပုတီးများပါဝင်ပါသည် ။

ဘက်တားရီးယန်း စာပေပညာရှင်နှင်.စစ်သည်တော် ( မိလိန္ဒပဥှာ ကျမ်းအရ မိလိန္ဒမင်းကြီး ) တစ်ဦးသည် အိန္ဒိယ မှ ရောက်လာသော နာဂသေနဟု အမည်ရသောမထေရ် တစ်ပါးနှင်.တွေ.ပြီး ဗုဒ္စဘာသာဝင်အဖြစ် ကူးပြောင်းရောက်ရှိခဲ.ကြောင်းသိရပါသည် ။ မြတ်ဗုဒ္စ၏ ပထမဆုံး ဥပသကာနှစ်ပါးဖြစ်သော တဖုဿနှင်.ဘလိက ကုန်သည်ညီနောင်နှစ်ပါးသည် သူတို.၏ ဇာတိမြို.ဖြစ်သော ဘာသ်မြို. တွင် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းကိုဆောက်လုပ်လှူဒါန်းခဲ.ရာ အာဖဂန်နစ္စတန်တွင် ပထမဆုံး တည်ထားကိုးကွယ်သော ဗုဒ္စဘာသာ ဘုန်းတော်ကြီးကျောင်းဖြစ်လာပါသည် ( ရွှေတိဂုံ စေတီတော်ကြီးသမိုင်းပါဇာတ်ကောင်များနှင်.နာမည်ဆင်တူနေသည်မှာ စဉ်းစားစရာဖြစ်ပေသည်။ ဘာသာပြန်သူ၏ စကားချပ် )။

ဘာမီယန်တောင်တန်းသည် လိုဏ်ဂူများပေါများလှသော တောင်စဉ်တောင်တန်းကြီးတစ်ခုဖြစ်ပြီး ၎င်း တောင်များအတွင်းရှိလိုဏ်ဂူများတွင်သီတင်းသုံးကြသော ဗုဒ္စဘာသာ ရဟန်းတော်များသည် ဗုဒ္စ၀င် နိပါတ်တော်များ ကို ကျောက်ဂူနံရံများတွင် နံရံပန်းချီများအဖြစ်ရေးချယ်ခဲ.ကြပါသည် ။ ဘာမီယန်တောင်ကြားဒေသရှိကျောက် ဂူနံရံများတွင်ထွင်းထုထားသော ဗုဒ္စရုပ်ပွားတော်များကို ဘာမီယန် ဗုဒ္စရုပ်ပွားတော်များဟု ခေါ်ဝေါ်ကြပြီး သမိုင်းကြောင်းအရ တန်ဖိုးဖြတ်၍မရအောင် အလွန်ရှားပါးအဖိုးတန်လှပေသည် ။

ထိုဗုဒ္စရုပ်ပွားတော်များထဲမှ ကြည်ညိုဖွယ်အကောင်းဆုံးနှင်. အရွယ်အစားအကြီးဆုံးမှာ ညဏ်တော် ပေ ၄၂၀ ရှိသော ရပ်တော်မူ ကိုယ်တော်ကြီးဖြစ်သည် ။ ထိုရုပ်ပွားတော်မြတ်ကြီးကို လွန်ခဲ.သော ၁၁ နှစ် (၂၀၀၁ ခုနှစ်) က တာလီဘန်သူပုန်များက ဒိုင်းနမိုက်ဖြင်.ဖောက်ခွဲ ဖျက်ဆီးပစ်ခဲ.သည် ။ မူဆလင်များသည် ရုပ်တုကိုးကွယ်မှုမပြုရဟု အယူရှိသောကြောင်. တာလီဘန်တို.သည် ဗုဒ္စရုပ်ပွားတော်မြတ်များတည်ရှိနေခြင်းကိုသည်းမခံနိုင်ပဲ ဖြစ်ခဲ.ပုံရသည် ။
ထိုလုပ်ရပ်ကိုတားဆီးရန် ထိုစဉ်က ပါကစ္စတန်နိုင်ငံတွင်ရောက်ရှိနေသော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ကိုဖီအာနန် က “ တာလီဘန်တို.သည် ကိုယ်.ကိုယ်ကိုသာမက အစ္စလမ်ဝါဒအတွက်ပါ အကျိုးမဲ.စေသော လုပ်ရပ်ကိုလုပ်ခဲ. လေပြီ “ ဟု ပြောကြားခဲ.ပါသည် ။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး တားဆီးနေသည်.ကြားမှ ၂၀၀၁ ခု မတ်လ(၁၁)ရက်တနင်္ဂနွေနေ.တွင်ရုပ်ပွားတော်ကြီး နှစ်ဆူကို နှစ်ရက်ဆက်၍ ရှေ.ဆင်.နောက်ဆင်. ဒိုင်းနမိုက်ဖြင်.ဖြိုခွဲဖျက်ဆီးခဲ.သည်
ထိုကိစ္စနှင်.ပါတ်သက်၍ ပါကစ္စတန်၊ သီရိလင်္ကာ ၊ ဂျပန် တို.မှ ကိုယ်စားလှယ်အဖွဲ.များလွှတ်ကာ ထိုသို.မလုပ်ဖို. စေ.စပ်ဆွေးနွေးခဲ.သော်လည်းမအောင်မြင်ခဲ.ပေ။ ဒါတွေဟာ အစ္စလာမ်တရားတော်နဲ.မညီလို. ဖယ်ရှားရတာပါဟု တာလီဘန်တို.က အကြောင်းပြခဲ.သည် ။ UN အတွင်းရေးမှူး ကိုဖီအာနန်ကမူ
“အစ္စလာမ်နာမည်ကိုခုတုန်းလုပ်ပြီး ဘယ်သူ.ကိုမှ အကျိုးမရှိ ပျက်စီးစေမဲ.အလုပ်ကို သူတို. လုပ်နေကြတယ် ။ ဒီလုပ်ရပ်ကို ကမ္ဘာပေါ်မှာဘယ်သူကမှ ထောက်ခံမှာ မဟုတ်ဘူးဆိုတာ ကျုပ်ပြောရဲတယ် “ ဟု ပြောခဲ.သည် ။

အဖိုးအနဂ္ဂထိုက်တန်သော ကမ္ဘာ.အမွေအနှစ်များ အာဖဂန် သမိုင်းတွင် ပြန် အဖတ်ဆယ်၍မရအောင်ပျောက်ဆုံးသွားရခြင်းအတွက် နောင်အခါတွင်သူတို.နှမျောကောင်းနှမျော တသနေပါလိမ်.မည်။ ကမ္ဘာ.ဗုဒ္စဘာသာနိုင်ငံများသည် ကုလသမဂ္ဂ ၊ ယူနက်စကို တို.နှင်.ပူးပေါင်း၍ ထိုစဉ်ကပြင်းပြင်းထန်ထန်ကန်.ကွက်ခဲ.ပါမူ ထိုအဖြစ်ဆိုးမှရှောင်လွဲကောင်းရှောင်လွှဲနိုင်ပါလိမ်.မည် ။ တာလီဘန်တို.သည် အဖျက်စွမ်းအားကြီးမားသော အမြှောက်လက်နက်ကြီး များကိုသုံး၍ ၂၀၀၁ ခုမတ်လတွင် ဗုဒ္စရုပ်ပွားတော်များကိုဖျက်ဆီးခဲ.ပါသည် ။ ထိုဖျက်ဆီးခံရသော ဘာမီးယန်းဗုဒ္စရုပ်ပွားတော်နှင်.တစ်ပုံစံထဲတူသော( ညာဏ်တော်ပို၍မြင်.သော) ပုံစံတူ သြကာန ရုပ်ပွားတော်မြတ်ကြီးကို သီရိလင်္ကာတွင် တည်ထားကိုးကွယ်ခဲ.ကြပါသည် ။

ရှေးအခါကလည်းအာဖဂန်နစ္စတန်တွင် မတူညီသော ဘာသာများ ရှိခဲ.ကြ ၊ကိုးကွယ်ခဲ.ကြဖူးပါသည်။သို.သော် ဘာသာတစ်ခုကအခြားဘာသာများကိုလေးစားခဲ.ကြသည် ။ ဘော်လ်ကာဒေသသည် ဇောရိုးဝါဒ Zoroaster ( အီရန်နိုင်ငံတွင်စတင်ခဲ.သော ဘုရားသခင်ဘက်တော်သားများသည် မိစ္ဆာဝါဒီများကို အဆက်မပြတ် တိုက်ခိုက်သုတ်သင်ရေးဝါဒ) ၏ မူလဘူတစတင်မွေးဖွားရာနေရာဖြစ်နေသည်။ နောင်သောအခါဤ၀ါဒမှာ အီရန်သို.ရောက်ရှိပျံ.ပွားသွားပြီး မကောင်းသူပါယ်ကောင်းသူကယ်ဝါဒ Zoroastrianism. ဟု ထင်ရှားခဲ.သည် ။ ဂရေ.(စ်)ကို ဘက်ထရီယန် လက်ထက်တွင် ဗုဒ္စဘာသာ နှင်.ဇောရိုးဝါဒ မှာ ငြိမ်းချမ်းစွာ အတူတကွ တူရှိခဲ.ကြသည် ။

တမန်တော်မိုဟာမက်ကွယ်လွန်ပြီး နှစ် ၃၀ ကြာသောအခါ ( အေဒီ ၆၀၀ ) အာရပ်မူဆလင်များသည် ပါရှားကိုအောင်နိုင်ပြီး နောက်ဘက်တားရီးယားဒေသ ကိုဆက်လက်တိုက်ခိုက်ပြီး ဗုဒ္စဘာသာထွန်းကားရာ ဘော်လ်ကာဒေသ ( Balka )သို.ပါ ရောက်ရှိလာခဲ.သည် ။ ၎င်းတို.အုပ်စိုးပြီးနောက်ပိုင်းတွင် ဗုဒ္စဘာသာဝင်များကို လူခွန်စတင်ကောက်ခံခဲ.သည် ။ ဘုရားကျောင်းကန်စေတီ ပုထိုးများသို.သွားရောက်ဖူးမျှော်ပူဇော်ကန်တော.သူများကိုလည်းဘုရားဖူးခွန်များကောက်ခံခဲ.သည် ။ကဘူးရှိဘုန်းကြီးကျောင်းများကို ၀င်ရောက်လုယက်ဖျက်ဆီးကြပြီး ဗုဒ္စရုပ်ပွားတော်များကို အောင်ပွဲအထိမ်းအမှတ်အဖြစ် ယူငင်သိမ်းပိုက်ကြသည်။ နာကျည်းဖွယ်အနိုင်ကျင်.ခံရမှုသည် ဤမှာပင်စသည် ။ ကဘူးတွင် ဗုဒ္စဘာသာသည် တဖြည်းဖြည်းအားးနည်းလာပြီး နောက်ဆုံးတွင်အာဖဂန်နစ္စတန်မှ လုံးဝ ပျောက်ကွယ်သွားရတော.သည် ။

အေဒီ (၇) ရာစုတွင် အာဖဂန်သို. မူဆလင်များစတင်ရောက်ရှိလာပြီး (၁၀)ရာစုသို.ရောက်သောအခါ တစ်နိုင်ငံလုံးနီးပါး အစ္စလမ်ဘာသာ သို.ရောက်ရှိခဲ.သည် ။ ၁၁ ရာစု တွင်ကား ဗုဒ္စဘာသာသည် အာဖဂန်နစ္စတန်မှ လုံးဝ ချုပ်ငြိမ်းထွက်ခွာခဲ.ရသည် ။ (မှတ်ချက် မြန်မာနိုင်ငံ ပုဂံသို. ဗုဒ္စဘာသာရောက်လာချိန်မှာ အာဖဂန်တွင် ဗုဒ္စဘာသာ ချုပ်ငြိမ်းချိန်ဖြစ်နေပေသည် ။ စကားချပ် )

အာရပ် တို.အာဖဂန်ကို တိုက်ခိုက်သိမ်းပိုက်ပြီး အစ္စလမ်ဝါဒကို သယ်ဆောင်လာဖို. စစ်ရေးဖြင်.ကျူးကျော်ဝင်ရောက်လာသောအခါ အာ ဖဂန်ဒေသခံတောင်ပေါ်သားတို.သည် ၎င်းတို.၏ ပိုင်နက်နယ်မြေကို လက်နက်စွဲကိုင်ကာ ခုခံကာကွယ်ခဲ.ကြပေသည် ။ ထိုအချိန်က အာဖဂန်နစ္စတန်တွင် ဗုဒ္စဘာသာ ၊ ဟန္ဒူဘာသာ၊ ဇောရိုးဝါဒ ၊ ဂျူးဘာသာ များကို မိမိ ယုံကြည်ရာကိုးကွယ်ခဲ.ကြပေသည် ။

အာရပ်များသည် ဒေသခံများကို အစ္စလမ်ကိုးကွယ်သူများဖြစ်စေရန်အတင်းအကြပ်ဘာသာပြောင်းစေရန် ကြံဆောင်မှု မှာ ကနဦးတွင် အာဖဂန်တောင်ပေါ်သားများ၏ အဆက်မပြတ်အပြင်းအထန် ခုခံ တော်လှန်မှုကြောင်.မအောင်မြင်ခဲ.ပေ။ အေဒီ (၈၇၀)တွင်မူ ယနေ.ခေတ် အာဖဂန်နစ္စတန်ဟုခေါ်တွင်နေသော နေရာ တော်တော်များများကို ရာကွတ် ဘင်လာသီ ဆာဖာ ဆိုသူက တိုက်ခိုက်အောင်မြင်ခဲ.ပြီး အစ္စလမ်ဝါဒ ကို စစ်ရေးဖြင်.တိုးချဲ.နိုင်ခဲ.သည် ။အတင်းအကျပ်ဘာသာပြောင်းခံရသူများသည် အခွင်.သာသည်နှင်.သူပုန်ထကြပြီး သူတို.၏ မူလ ဘာသာ ကို ပြန်လည်ဆည်းကပ်ကြသည် လည်းရှိခဲ.သည် ။ အေဒီ (၈) ရာစုနှင်.(၉) ရာစုကြားကာလများတွင် ယနေ.ခေတ် အာဖဂန်နစ္စတန် ၊ပါကစ္စတန် နှင်. အိန္ဒိယနိုင်ငံမြောက်ပိုင်းဒေသများမှဒေသခံများမှာ ဆွန်နီ အစ္စလာမ် ဘာသာသို. သွတ်သွင်းခြင်းခံကြရသည် ။ အေဒီ (၉၉၈ နှင်. ၁၀၃၀ ) ကြားတွင်အုပ်ချုပ်ခဲ.သော တူရကီမင်းဆက်စူလတန်မိုဟာမက်သည် အန္ဒိယနိုင်ငံ ကို ၁၇ ကြိမ်ခန်. ၀င်ရောက်တိုက်ခိုက်ခဲ.ပြီး အိန္ဒိယ နှင်. အာဖဂန်နစ္စတန်တွင် လူအစုလိုက်အပြုံလိုက် အစ္စလမ်ဘာသာသို. အတင်းအဓမ္မပြောင်းလဲဝင်ရောက်စေခဲ.သည် ။

တောင်ကုန်.တောင်တန်းများပေါ်တွင်နေထိုင်ကြသော ဒေသခံ အာဖဂန်များကတော. အစ္စလမ်ဘာသာသို.မ၀င်ပဲ နေခဲ.ကြသည် ။ ထိုဒေသတွင်တော. အုပ်ချုပ်သူ ပြည်နယ် ဘုရင်ခံများသည် ဂျာလာလာဘတ် အနီးရွာများတွင် ဟိန္ဒို ၊ မူဆလင် ၊ အာဖဂန် မိန်းမများစွာ ကို ယူကာ အစ္စလာမ်ဘာသာ တိုးတက်အောင်လုပ်ခဲ.ကြသည် ဟု အေဒီ ၉၈၂ တွင် ရေးသားသော ဟူဒတ်အယ်အလမ်(Hudud-al-Alam ) ဆိုသော စာအုပ်တွင် ဖော်ပြခဲ.သည် ။

လုပ်သက် ၃၄ နှစ်ရှိပြီဖြစ်သော အာဖဂန်ပြတိုက်မှုး ဖြစ်သူ အိုမာခန် မက်ဆိုဒီ က အာဖဂန်၏ ခေတ်အဆက်ဆက်မှအလွန်လက်ရာမြောက်သော ဗုဒ္စရုပ်တုများကို သူတို. လျှို.၀ှက်စုဆောင်းနိုင်ခဲ.သောကြောင်.အလွန်ဂုဏ်ယူကြောင်း။ သူတို.သည် ဗုဒ္စရုပ်ပွားတော် အဆူ၃၀၀ ခန်.ကို ပြတိုက်အနီးမြေအောက်ခန်းထဲတွင် လျှို.၀ှက်သိမ်းဆည်းထားပြီး ပြတိုက်ဝန်ထမ်းများကကာကွယ်စောင်.ရှောက်ထားကြောင်း ပြောကြားခဲ.သည် ။ ဘာမီယန် ဗုဒ္စရုပ်ပွားတော်ကြီးဖျက်ဆီးခံရမှု ကို သူတို.အလွန်စိတ်မကောင်းဖြစ်မိကြောင်း ၊ အဘယ်ကြောင်.ဆိုသော် ဤ ရုပ်ပွားတော်ကြီးမှာ အာဖဂန်နစ္စတန်၏ သမိုင်းကြောင်းဖြစ်နေသောကြောင်.ဖြစ်သည် ဟုလည်းပြောကြားခဲ.ပါသည်။

ဂန်ဒါရာ ဗုဒ္စ ရုပ်ပွားတော်မြတ်ကြီးကို စတင် မတည်ထားခင်ကအထိ ဗုဒ္စ ဘာသာ ပေါ်ထွန်းစ ကာလများတွင် မည်သူမျှ ဗုဒ္စ ကို ရုပ်တု ၊ ရုပ်ပွားလုပ်၍ မကိုးကွယ်ခဲ.ကြပါ ။ကနဦးတွင် လူ.ပုံသဏ္ဍန်ကို ရှောင်ရှားပြီး အခြား သင်္ကေတများကိုသုံး၍ ကိုးကွယ်ပူဇော်ခဲ.ကြသည် ။လူတို.သည် ရှေးဦးစွာ ဗုဒ္စဘုရားရှင်၏ ခြေတော်ရာ (စက်တော်ရာ ) ကို ပုံတူပြု၍ ကိုးကွယ်ခဲ.ကြသည် ။ခြေတော်ရာပုံထဲတွင် မဟာယာနဗုဒ္စဘာသာမှ အန္တရာယ်ကင်းအင်းကွက်များနှင်.ဆင်တူသော အင်းများကို ကို ထည်.သွင်းရေးဆွဲခဲ.ကြသည် ။ဗုဒ္စရုပ်ပွားတော်များ၏ ခြေတော်ရာတွင် သင်္ကေတများထည်.သွင်းရေးဆွဲကြသည်မှန်သော်လည်း အာဖဂန်နစ္စတန်မှ ဗုဒ္စရုပ်ပွားတော်များ၏ ခြေတော်ရာ သင်္ကေတများကိုကား ယခုထက်ထိ သုတေသီတို. အဓိပါယ်မဖော်နိုင်သေးပါဟု ခြေတော်ရာသမိုင်းကို ၂၅ နှစ်ကြာသုတေသနလုပ်ခဲ.သည် ဒေါက်တာ ၀ဲဓမ္မဆေလာ ကပြောပါသည် ။

ဗုဒ္စဘာသာရဟန်းတော်တစ်ပါးရေးခဲ.သော ဂေါသ ကျမ်း၌ လည်း ဗုဒ္စဘုရားရှင်သည် သူ၏ လက်ဝဲဘက်ခြေတော်ရာကို သမ္မန်နိုလာ(သီရိလကာင်္) အရပ် တွင်ချတော်မူပြီး၊ လက်ယာဘက်ခြေတော်ရာကို ယိုနာကာပူရ် ( ဆော်ဒီအာရေဗျ ) နိုင်ငံ မက္ကာမာ ( မက္ကာ ) တွင်ချတော်မူသည်ဟုအထူးအလေးထားဖော်ပြထားပါသည် ။ ဤအချက်သည် မူဆလင်တို.က ကဘာ ဟုခေါ် သော မက္ကာရှိခြေရာတစ်ခု ကိုရည်ညွှန်းပုံ ရသည် ။ မူဆလင် ၊ ခရာဇ်ယန်နှင်. ဂျူး ဘာသာဝင်တို.ကအလေးအမြတ်ထားကြသော အေဘရာဟမ် ဆိုသည်. ပုဂ္ဂိုလ်သည် ကျောက်နံရံပေါ်၌ သူ၏ခြေရာကို တစ်ချိန်က ချထားခဲ.သည် ဆို၏ ။ ထိုခြေရာ မချခင်ကပင် မူလခြေရာတစ်ခုသည်ရှိနှင်.နေပြီးဖြစ်ရာ အေဘရာဟမ်သည် ထိုမူလခြေရာကို အာဒမ်၏ခြေရာဟု ယူဆခဲ.ပြီး ကျောက်တုံးတစ်ခုနှင်. ဖုံးအုပ်ထားခဲ.ပြီး ခြေရာအမည်ကို ကဘာ ဟုအမည်ပေးခဲ.သည်ဟုဆို၏။
ကာလကြာသောအခါ ထိုနေရာကို အကြိမ်ကြိမ် ပြုပြင်မွမ်းမံပြင်ဆင်မှုများ ပြုလုပ်ခဲ.ကြသည် ။ ထိုနေရာကိုမြင်.မြတ်သောနေရာအဖြစ်သတ်မှတ်ပြီး မူဆလင်များသာ ၀တ်ပြုပူဇော်ရန်ဝင်ခွင်.ပြုသည် ။ဗုဒ္စဘာသာဝင်များကတော. ထိုနေရာသို. မြတ်စွာဘုရားခြေတော်ရာ ဖူးမျှော်ရန်ဘယ်တုန်းကမှ မသွားခဲ.ကြပါ။သို.သော် ရာစုနှစ်ပေါင်းများစွာ ကြာလွန်သည်အထိ ဂေါသကျမ်းမှာ အသုံး ပြုကိုးကားနေကြရဆဲဖြစ်သည် ။ ဤဒဏ္ဍာရီဆန်လှသော ကျမ်းစာပါအကြောင်းများကိုတော. မည်သူမှ မှားသည် မှန်သည် မဆန်းစစ်နိုင်ခဲ.ပါ။ သံဃာယနာတင်ရာတွင် ထည်.သွင်းမဖော်ပြခဲ.သော်လည်း မဟာဝံသ ကျမ်းများအလိုအရ ဗုဒ္စဘုရားသခင်သည် သီရိလင်္ကာ ( သီဟိုကျွန်း) သို. သုံးကြိမ်ခန်. ကြွရောက်ခဲ.သည်ဟုမှတ်တမ်း တင်ထားပါသည် ။ ဤကိစ္စသည် အသေးစိတ်ဆက်လက် လေ.လာသုတေသနပြုသင်.သော ကွင်းဆက်တစ်ခုဖြစ်ပါသည် ။

အာဖဂန်နစ္စတန်ကဲ.သို.ပင် ဗုဒ္စ သာသနာ စည်ပင်ထွန်းကားပြီးမှ ကွယ်ပျောက်သွားသော အခြားနေရာတစ်ခုမှာအိန္ဒယနိုင်ငံတောင်ပိုင်းဖြစ်ပါသည်။ပါရဂူဘွဲ.အတွက်ကျမ်းပြုရန်ကွင်းဆင်းလေ.လာခဲ. သော ဒေါက်တာ ဟီကိုဆာကီ ၏ အဆိုအရ အိန္ဒိယနိုင်ငံတောင်ပိုင်းတွင် မဟာယာနနှင်. ထေရ၀ါဒ ရဟန်းတော်များသီတင်းသုံးခဲ.သည်. ဘုန်းတော်ကြီးကျောင်းပေါင်းများစွာကို တွေ.ခဲ.ရသည်ဟုပြောပါသည် ။ ယခုအခါ ဗုဒ္စဘာသာနှင်. ဟိန္ဒူဘာသာမှာ အိန္ဒိယမှာရော ၊ သီရိလင်္ကာ မှာရော ရောထွေးနေပေသည် ။ဟိန္ဒူဘုရားကျောင်းတိုင်းတွင် ဗုဒ္စ ရုပ်ပွားတော်တွေ.ရမည်ဖြစ်ပြီး ၊ ဗုဒ္စဘာသာ ဘုရားပုထိုးများမှာလည်းဟိန္ဒူ နတ်ရုပ်များ ရှိလေသည် ။ဗုဒ္စဘာသာ ကိုရန်သူသဖွယ် တိုက်ခိုက်နှင်ထုတ်ခဲ.သော အာဖဂန်နစ္စတန်နှင်.ယှဉ်၍ သုံးသပ်ကြည်.စေလိုပါသည် ။

ဗုဒ္စဘာသာ သာသနာပြု မင်းကြီး ဖြစ်သော သီရိဓမ္မာသောကမင်းကြီး ၏ စကားကို ယူ၍ သုံး ရလျှင်
“ အကြင်သူသည် မိမိကိုးကွယ်ရာဘာသာကိုသာချီးမြှင်.မြောက်စားလျက် အခြားဘာသာများကို ကဲ.ရဲ. မရှုတ်ချထိုက် ၊ အခြားဘာသာအယူဝါဒများကိုလည်း သူတို.ကိုးကွယ် ယုံကြည်မှုနှင်.အညီ လေးစား အသိအမှတ်ပြုရမည် ။ ဤသို.ပြုခြင်းဖြင်. ဘာသာအယူဝါဒများ အပြန်အလှန် ကူးလူးဆက်ဆံနိုင်ရမည်။ မိမိအယူဝါဒနှင်.မတူသူများကို ပြစ်တင်ရှုတ်ချခြင်းမလုပ်ရာ ။ မိမိဘာသာ အယူဝါဒကိုသာချီးမြှောက်လျက် အခြားတစ်ပါးသော ဘာသာအယူဝါဒ ကို ပိတ်ပင်နှိပ်စက်ခြင်းကား အကျိုးမရှိယုံမျှမက ကိုယ်.အယူဝါဒကိုပင် နိမ်.ကျပျက်ဆီးစေ၍ ရှောင်ကျဉ်ရပေမည်။
သရ၀ဏ်(ပြည်) 

aungminkhoung.blogspot.com


ကိုးကား
၁။ Buddhist History of Afghanistan and South India
Written By Dr. Sripali Vaiamon

(Sri Lanka Guardian on May 29, 2012)
၂။ Wikipedia
၃။ Islamic conquest of Afghanistan
၎။ bbc news (Sunday, 11 March, 2001, 23:12 GMT 


 

တိုင်းပြည်ကို အကြွေး ၁၁ ဘီလျံ ဒေါ်လာနဲ့ ပြစ်ပြီး ထွက်သွားကြမဲ့ စစ်ခွေး သင်းတန်း သူတောင်းစား ကျောင်းဆင်းပွဲကြီး

Unknown | 9:11 PM | Be the first to comment! Unknown | 9:11 PM | Be the first to comment!
Unknown | 9:11 PM | Best Blogger Tips
ကျနော်ကူးယူတင်ပြပါသည်။ 
aungminkhoung.blogspot.com
တိုင်းပြည်ကကျွေး . မွှေး နောက်ဆုံးတော့ တိုင်းပြည်ကို အကြွေး ၁၁ ဘီလျံ ဒေါ်လာနဲ့ ပြစ်ပြီး ထွက်သွားကြမဲ့ စစ်ခွေး သင်းတန်း  သူတောင်းစား ကျောင်းဆင်းပွဲကြီး
ဟေ့ကောင်တောင်ရှည်.....
စစ်တက္ကသိုလ်ဆိုတာမင်းပြောသလိုလွယ်လွယ်နဲ့တတ်
လို့မရဘူး.. အမှတ်(၆၀၀)ရလဲစစ်တက္ကသိုလ်တက်လို့မရဘူး... လိုအပ်ချက်တွေ
ပြည့်စုံရင်တော့ ၂၄၀ဆိုလဲတက်လို့ရတယ်.... ပြောပြရင်အရှည်ကြီးကွာ တိုတို
ပြောမယ်...
၁။(၁၀)တန်းကို နှစ်ခြင်းပေါက်အောင်ရမယ်(အသက်ကန့်သတ်ချက်အရ)
၂။ လူစဉ်မမှီတဲ့အရပ် အလွန်ပိန် အလွန်ဝတွေမရဘူး။
၃။အိုင်ကျူ ၁၂၀ အထက်မှာရှိရမယ်
၎။ကျန်းမာရေး(က)အဆင် ကူးစက်ရောဂါကနေစပြီး အူကျတာတွေ ခြေဖ၀ါး
ပြည့်နေတာတွေကအစမရဘူး..။
၅။စစ်ဆေးမှုအဆင့်(၃)ဆင့်( ၀င်ခွင့်၊ဗိုလ်ရွေး၊ ဆေးစစ်...)
၆။ခြေခွင် မျက်လုံးစောင်း ပါးစပ်ရွဲ့ဘာမှမရဘူး
၇။ဒါတွေအားလုံးကို တစ်နှစ်ထဲမှာ နှစ်ခြင်းပေါက်အောင်ရမယ်။နောက်တစ်ကြိမ်
ဆိုတာမရှိဘူး။

ဒါတွေက တက်ခွင့်ရဘို့တင်နော်.. တက်နေတုန်းမှာရင်ဆိုင်ရတဲ့ ပြင်းထန်တဲ့
လေ့ကျင့်ခန်း ခက်ခဲတဲ့စာပေတွေ အကုန်လုံးကို မကျော်ဖြတ်နိုင်ရင်မဖြစ်ဘူး
ရှင်းလား.. လွယ်လွယ်ကူကူမဖြစ်ဘူး

စစ်သားနဲ့နိုင်ငံရေးမဆိုင်ဘူးလို့မင်းပြောတာကိုက မင်းအမြင်မကျယ်တာသိ
သာတယ် စစ်ရေးသည်နိုင်ငံရေး၏နောက်ဆုံးနည်းလမ်းဖြစ်သည်ဆိုတာကြား
ဖူးခြင်းမရှိတာသေချာတယ် ပြီးတော့ ပြည်သူလူထုတိုင်းနဲ့နိုင်ငံရေးဆိုင်တယ်
ဆိုတာမကြားဘူးတာလား...

နောက်ဆုံးတော့ အဆင့်မြင် သူခိုး နဲ့ လူသတ်ကောင် မုဒိန်းသမာတွေပဲလေ

အောင်လာရော တိုင်းပြည်အတွက် ဘာအကြီုးတွေ ရှိနေလဲ ဘင်္ဂလားကို ရေ ပြင်ပေးလိုက်ရတယ် စစ်သား ၃ ရောက် ပြန်မရနိုင်သေးဘူး နှစ်ပေါး၄၀ ကျော် မင်းတို့ စစ်တပ်က အုပ်ချုပ်လာတာ ၁၁ ဘီလျှံကျော် အကြွေးတွေနဲ့ ပြစ်သွားတယ် မင်းတို့ပြောတဲ့ စစ်တက္ကသိုလ် ဆိုတာ တကယ်တော့ တိုင်းပြည်ကို ခိုးတတ်အောင် သင်တဲ့ ကျောင်းပဲ မင်းမယုံရင် ကြည့်လိုက် အောင်သောင်း အောင်သိန်လင်း ...... ဝန်ကြီးတွေ ဘယ်လောက်ချမ်သာနေလဲ သူတို့လစာ နဲ့ ချမ်းသာလို့ ရမလား မင်းလဲ အဲ့ဒီလို ခိုးဖိုက စစ်ထဲ ဝင်ခဲ့သာမလား စစ်ခွေးဆိုတာ မင်ကိုတင်ပြောတာမဟုတ်ဘူး မင်းတိုအဘ သိန်စိန်ထိပါတယ်
----------------
Toung Chay
Sunday
တိုင်းပြည်ကကျွေး . မွှေး နောက်ဆုံးတော့ တိုင်းပြည်ကို အကြွေး ၁၁ ဘီလျံ ဒေါ်လာနဲ့ ပြစ်ပြီး ထွက်သွားကြမဲ့ စစ်ခွေး သင်းတန်း သူတောင်းစား ကျောင်းဆင်းပွဲကြီး aungminkhoung.blogspot.com

မင်းသားတွေကိုယ့်နေရာကိုယ်မနေဘူးလို့ပြောတဲ့ဧရာ

Unknown | 9:06 PM | Be the first to comment! Unknown | 9:06 PM | Be the first to comment!
Unknown | 9:06 PM | Best Blogger Tips
ဘယ်နေရာရောက်နေလဲ
အောက်ပိုင်းကို
ရောက်နေတယ်
ထင်လို့လား။
-----------------
Ma Nyo C....
ပြော ပါ ဉီဧရာ အစော ကြီး က တည်း က ပြော
ရမှာ မှန် သော စကား ပြော တာ ဒါဟာ ပရိတ် သတ်
များအား လုံး ရဲ့  ခံယူ ချက် နဲ့  ထပ် တူ ကျ ပါ တယ်
-------------------
Jonathan Mms သူတို့မှာကိုယ်ပိုင်နေရာကိုမရှိတာ....ဟိုယောင်ယောင်ဒီယောင်ယောင် စကားလုံးတွေထွား..အပြင်အဆင်တွေနဲ့ကြွားပြီ...အနုပညာနဲ့ပါတ်သက်လာရင်..သောက်ကြီးသောက်ကြယ်တွေလျှောက်ပြောပြီးတော့...တကယ်တမ်း ဘာအနှစ်သာရမှမရှိဘူး....ကိုဧရာတို့ လူရွှင်တော်တွေကမှ...ပရိတ်သတ်ရဲ့ ရင်ထဲမှာ..နေရာအမြဲရှိနေပါတယ်...ပြီးခဲ့တဲ့ အကယ်ဒမီပေးပွဲကို ပဲကြည့် လေ... ဦးမော့စ် လောက်ကောထိုက်တန်ရဲ့လားလို့ (သရုပ်ဆောင်တွေပြောတာပါ)။

By:အလင်းရှင် http://aungminkhoung.blogspot.com
 
‎" မင်းသားတွေက ကိုယ့်နေရာကိုယ် မနေကြတော့ဘူး "

ဧရာ

8 DAYS A WEEK အနုပညာဂျာ

ထာဝရအမှန်ဆိုတာ ဓမ္မပဲရှိတယ်

Unknown | 9:01 PM | Be the first to comment! Unknown | 9:01 PM | Be the first to comment!
Unknown | 9:01 PM | Best Blogger Tips
ကျနော်တို့ဟာ ဒေါ်စုကိုကြိုက်တယ်ဆိုတာ ထာဝရဖြစ်နိုင်မှာမဟုတ်ပါဘူး၊ဗိုလ်ချုပ်အောင်ဆန်းကိုယ် တိုင်ကလည်းပြည်သူဟာ ဒီကနေ့အထိနောက်နောင်ကမ္ဘာကြီးတည်တံ့တဲ့အထိ ချစ်နေမယ်ဆိုတာ ကလည်း ဗိုလ်ချုပ်ဟာ နောက်ဆုံးထွက်သက်အချိန်အထိ ပြည်သူအတွက်အလုပ်လုပ်သွားလို့ပါပဲ အခုလည်းသူ့သမီးဖြစ်သူဒေါ်စုဟာ နောက်ဆုံထွက်သက်အထိပြည်သူ့အတွက်အလုပ်လုပ်မယ်မ လုပ်ဘူးဆိုတာ ဘယ်သူမှမပြောနိုင်ပါဘူး။ အခုပဲကြည့်ပါ။ လွှတ်တော်မှာ ကချင်အရေး . . လက်ပံတောင်းတောင်အရေးဆိုတဲ့တကယ့်အရေးအပြင် ပြည်သူတွေငတ်မွတ်မှု့ ဆက်သွယ်ရေး ခေါင်းပါးမှု ကျန်းမာရေးစုတ်ပြတ်မှု . . . . စတာတွေကိုမတင်သွင်းမပြောကြားဘဲ (ကျနော်မသိတာပါရင်ခွင့်လွှတ်ပါ ) အင်တာနက်မှာမဟုတ်တာပြောတာကိုပဲ အချိန်ကုန်ခံလေကုန် ခံပြီးတင်ပြနေတယ် ကဲ့ အဲဒါထားပါဦး တဆက်တည်း အင်တာနက်မြန်အောင်ဘာလို့မပြောတာလဲ . ..  ကျနော် ခေါင်းစားနေပြီဗျာ . . . ၀ိုင်းစဉ်းစားပေးကြပ့ါဦး
ကျနော်တို့ဟာ ဒေါ်စုကိုကြိုက်တယ်ဆိုတာ ထာဝရဖြစ်နိုင်မှာမဟုတ်ပါဘူး၊ဗိုလ်ချုပ်အောင်ဆန်းကိုယ် တိုင်ကလည်းပြည်သူဟာ ဒီကနေ့အထိနောက်နောင်ကမ္ဘာကြီးတည်တံ့တဲ့အထိ ချစ်နေမယ်ဆိုတာ ကလည်း ဗိုလ်ချုပ်ဟာ နောက်ဆုံးထွက်သက်အချိန်အထိ ပြည်သူအတွက်အလုပ်လုပ်သွားလို့ပါပဲ အခုလည်းသူ့သမီးဖြစ်သူဒေါ်စုဟာ နောက်ဆုံထွက်သက်အထိပြည်သူ့အတွက်အလုပ်လုပ်မယ်မ လုပ်ဘူးဆိုတာ ဘယ်သူမှမပြောနိုင်ပါဘူး။ အခုပဲကြည့်ပါ။ လွှတ်တော်မှာ ကချင်အရေး . . လက်ပံတောင်းတောင်အရေးဆိုတဲ့တကယ့်အရေးအပြင် ပြည်သူတွေငတ်မွတ်မှု့ ဆက်သွယ်ရေး ခေါင်းပါးမှု ကျန်းမာရေးစုတ်ပြတ်မှု . . . . စတာတွေကိုမတင်သွင်းမပြောကြားဘဲ (ကျနော်မသိတာပါရင်ခွင့်လွှတ်ပါ ) အင်တာနက်မှာမဟုတ်တာပြောတာကိုပဲ အချိန်ကုန်ခံလေကုန် ခံပြီးတင်ပြနေတယ် ကဲ့ အဲဒါထားပါဦး တဆက်တည်း အင်တာနက်မြန်အောင်ဘာလို့မပြောတာလဲ . ..  ကျနော် ခေါင်းစားနေပြီဗျာ . . . ၀ိုင်းစဉ်းစားပေးကြပ့ါဦး 
 
ကျနော်တို့ဟာ ဒေါ်စုကိုကြိုက်တယ်ဆိုတာ ထာဝရဖြစ်နိုင်မှာမဟုတ်ပါဘူး၊ဗိုလ်ချုပ်အောင်ဆန်းကိုယ် တိုင်ကလည်းပြည်သူဟာ ဒီကနေ့အထိနောက်နောင်ကမ္ဘာကြီးတည်တံ့တဲ့အထိ ချစ်နေမယ်ဆိုတာ ကလည်း ဗိုလ်ချုပ်ဟာ နောက်ဆုံးထွက်သက်အချိန်အထိ ပြည်သူအတွက်အလုပ်လုပ်သွားလို့ပါပဲ အခုလည်းသူ့သမီးဖြစ်သူဒေါ်စုဟာ နောက်ဆုံထွက်သက်အထိပြည်သူ့အတွက်အလုပ်လုပ်မယ်မ လုပ်ဘူးဆိုတာ ဘယ်သူမှမပြောနိုင်ပါဘူး။ အခုပဲကြည့်ပါ။ လွှတ်တော်မှာ ကချင်အရေး . . လက်ပံတောင်းတောင်အရေးဆိုတဲ့တကယ့်အရေးအပြင် ပြည်သူတွေငတ်မွတ်မှု့ ဆက်သွယ်ရေး ခေါင်းပါးမှု ကျန်းမာရေးစုတ်ပြတ်မှု . . . . စတာတွေကိုမတင်သွင်းမပြောကြားဘဲ (ကျနော်မသိတာပါရင်ခွင့်လွှတ်ပါ ) အင်တာနက်မှာမဟုတ်တာပြောတာကိုပဲ အချိန်ကုန်ခံလေကုန် ခံပြီးတင်ပြနေတယ် ကဲ့ အဲဒါထားပါဦး တဆက်တည်း အင်တာနက်မြန်အောင်ဘာလို့မပြောတာလဲ . .. ကျနော် ခေါင်းစားနေပြီဗျာ . . . ၀ိုင်းစဉ်းစားပေးကြပ့ါဦး

By:အလင်းရှင် http://aungminkhoung.blogspot.com
 

လန်ဒန်ကဘုန်းဘုန်းဦးဥတ္တရယ်မင်းဘယ်လိုလုပ်လိုက်တာလဲ

Unknown | 8:38 PM | Be the first to comment! Unknown | 8:38 PM | Be the first to comment!
Unknown | 8:38 PM | Best Blogger Tips

by အလင်း ရှင် on Tuesday, 17 April 2012 at 01:35 ·
လန်ဒန်ကဘုန်းဘုန်းဦးဥတ္တရယ်မင်းဘယ်လိုလုပ်လိုက်တာလဲ

ပစ္စုပ္ပန်တည့်တည်ဆိုတဲ့ဒီကနေ့(၀ါ)အခုအကြောင်းအခြေအနေအရပ်ရပ်တို့ရဲ့ အအရာ တွေကို ပြောဆိုသုံးသပ်တော့မယ်ဆိုရင် အတိက်(၀ါ) အရင်အခါဆီက(၀ါ) မနေ့ကဖြစ်ခဲ့ရာရာ အကြောင်းတွေကိုလုံးဝ မေ့ထားလို့မရနိုင်ပါ။ ယင်းကဲ့သို့ အစအလယ်အဆုံးသုံးပါးလုံးကို   စစ်ပြီးကာမှ ဖြူရင်ဖြူတဲ့အကြောင်း မည်းရင်မည်းတဲ့အကြောင်း တင်ပြရမှာပါ။ အဲလိုမှမဟုတ်ဘဲ ဖြစ်စဉ် တစ်ခုကို ပြီးစလွယ်သုံးသပ် ဆုံးဖြတ်လိုက်မယ်ဆိုရင်တော့ . . . . .
အောက်မလေး .. . . . . .
လန်ဒန်ရောက် ဘုန်းဘုန်းတို့ရယ် . . .မင်းဘယ်လိုလုပ်လိုက်တာလဲ?
ဆိုတဲ့ ကိန်းဆိုက်မှာသေချာပါတယ်။ ကျွန်တော်ကအညာသားဆိုတော့ အညာဒေ သဟာ ဇာတ်ပွဲအလွန်ပေါပါတယ်။ ငယ်ငယ်တုန်းက ကြည့်ခဲ့ဖူးတဲ့ မမြစိမ်းအမည်ရှိ နောက်ပိုင်းဇာတ် ထုတ်ရဲ့ လွမ်းခန်းတစ်ခုမှာ မင်းသားက ဥစ္စာစောင့်ဖြစ်တဲ့မမြစိမ်းဟာ လူ့ဘ၀ကနေ သူ့မူရင်း ဥစ္စာစောင့်ဘ၀ကို ပြန်ရောက်သွားတဲ့အခန်းမှာ  ဇာတ်လိုက်ဖြစ်သူလင်က မမြစိမ်းနဲ့ပေါင်းသင်းလို့ ရထားတဲ့သားငယ် မောင်ရင်လောင်းလေးကိုပွေ့ဖက်ရင်း . . . . တောင်ရှည်ပုဆိုးစလေးကို မျက်ရည် သုတ်ကာအော်ငိုလိုက်ပုံက . .  .
အောက်မလေး . . . .  .မမြစိမ်းရယ်  . . . . မင်းဘယ်လိုလုပ်လိုက်တာလဲ? တဲ့။
လန်ဒန်မှာ နှစ်စဉ်ရိုးရာသင်္ကြန် ဦးဆောင်ကျင်းပနေတဲ့ သာသနာရံသီ ဝီဟာရကျောင်း တိုက်ဆရာတော် ဦးဥတ္တရက ရဲ့စကားကိုကြားသိလိုက်ရလို့ မမြစိမ်းရဲ့ယောက်ျားငိုသလို ကျွန်တော် ခဗျာ . . .  facebook မှာအခုလိုငိုပြလိုက်ရတာပါ။ ကျွန်တော့်အဖြစ်ကတော့ မမြစိမ်းရဲ့နေရာမှာ အခုပြောတဲ့ လန်ဒန်ကဘုန်းဘုန်း ဦးဥတ္တရရဲ့ ဘွဲ့နာမည်ကိုတပ်ကာ ….
အောက်မလေး . . . . .
ဦးဥတ္တရရယ် . . .   မင်းဘယ်လို ပြောလိုက်တာလဲ?
(မှတ်ချက်) နာမ်စားပုဒ်များကို မင်း ဟုသုံးရာတွင် မူရင်းစာပေရသမပျောက်ပျက်ချင် တာမို့ပါ။
မနေ့က ကျင်းပခဲ့တဲ့ လန်ဒန်မြို့က ၁၁ ကြိမ်မြောက် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲမှာ မြန်မာနိုင်ငံက သမ္မတ ဦးသိန်းစိန်ကို ငြိမ်းချမ်းရေးဆု ပေးအပ်လိုက်ပါတယ်။တဲ့။ ဦးဥတ္တရရဲ့ စကားအ ပြည့်အစုံကတော့ အောက်ပါအတိုင်းပါပဲခင်ဗျာ။
ဒီနှစ်မှာ ထူးခြားတာက မြန်မာပြည်မှာ ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေ လုပ်နေတယ်။ တိုင်းရင်းသားတွေနဲ့လည်း ငြိမ်းချမ်းရေး ဖော်ဆောင်နေတာ၊ လုပ်ဆောင်နေတာကို ကြည့်သောအား ဖြင့် ဘုန်းကြီးတို့ငြိမ်းချမ်းရေးဆုကိုပေးပါတယ်။ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကလည်း ငြိမ်းချမ်း ချင်ကြတယ်။ ကမ္ဘာသူ ကမ္ဘာသား အားလုံးကလည်းပဲ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးကို မြင်ချင်ကြတဲ့ အတွက်ကြောင့် ဘုန်းကြီးတို့က ဒီနှစ်ကိုတော့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးပိုလုပ်လာနိုင်အောင်ဆိုပြီးတော့ငြိမ်းချမ်းရေးဆုကိုချီးမြှင့်ပါတယ်"လန်ဒန်သင်္ကြန် ကနေ ငြိမ်းချမ်းရေးဆု ချီးမြှင့်ကြောင်း အကြောင်းကြားစာကို သမ္မတဆီ လိပ်မူပြီး မြန်မာသံရုံးက တစ်ဆင့် ပေးပို့မယ်လို့သိရပါတယ်။မနေ့က ကျင်းပတဲ့ လန်ဒန်မြို့ ရိုးရာအတာသင်္ကြန်ပွဲကို နှစ်ပိုင်းခွဲပြီး ကျင်းပ ရာမှာ မနက်ပိုင်းမှာ ဗြိတိန်နိုင်ငံရောက် ဆရာတော် ၂၅ ပါးအတွက် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ၊ ညနေပိုင်းမှာ ရခိုင်နဲ့ မွန် အပါအ၀င် တိုင်းရင်းသားရိုးရာ သင်္ကြန်ယိမ်းတွေ၊ သင်္ကြန်အဆိုအကတွေနဲ့ ဖျော်ဖြေခဲ့ပါတယ်။မနေ့က ကျင်းပတဲ့ သင်္ကြန်ပွဲကို လန်ဒန်ရောက် မြန်မာနိုင်ငံသား တစ်ထောင်နီးပါး တက်ရောက်ခဲ့ကြပါတယ်။
ဒီသတင်းတွေကို . . .
ဒီသတင်းကို RFA သတင်းထောက် မအေးနှင်းညို လန်ဒန်မြို့ကနေ ပေးပို့ခဲ့တာပါလို့ ဆိုပါတယ်။
လူတစ်ယောက်ကို လူတစ်ယောက်က ချီးမြှောက်တာကို ကျွန်တော်တို့မကန့်ကွက်လို ပါဘူး။ ကုသိုလ်ဖြစ်စဉ်မျိုးဆိုရင် သာပြီးတော့တောင်မကန့်ကွက်တဲ့အပြင် ကိုယ်တိုင်ရှေ့ဆုံးကမရပ် တည်နိုင်ရင်တောင် နှုတ်၏ဆောင်မခြင်းမျိုးနဲ့တော့ ကူညီရမှာပါပဲ။ အခုလည်းလန်ဒန်သင်္ကြန်ခေါင်း ဆောင်ဆိုတဲ့ ဘုန်းကြီးဦးဥတ္တရရဲ့ လိုလားချက်မျှော်မြင်မှုမှာ . . .  .
ဟုတ်သလိုလိုနဲ့ . . .  .မဟုတ်ခဲ့။
ကောင်းသလိုလိုနဲ့ . . . .  မကောင်းခဲ့။
မှန်သလိုလိုနဲ့ . . .  . . မမှန်ခဲ့။
ဒါဘာ့ကြောင့်လဲလို့ စီစစ်လိုက်ရင် . . . . . အဖြေက (၅)မျိုးထွက်သွားတယ်။
 (၁)“သူက မြန်မာပြည်တွင်းမှာ နေတာမှမဟုတ်တာ↔
(၂)“သူက မြန်မာပြည်သူတွေရဲ့ ဒုက္ခကို နှစ်ဖူးတွေ့ဒူးတွေ့ မတွေ့ရတော့ ကိုယ်ချင်းမစာနာတက်၊ (ကိုယ်လက်မပူတော့မပူတက်)
(၃)သူက အဲလိုပြည်သူ့ဘ၀ကို တကယ့်လက်တွေ့မတွေ့ရတော့ မစာနာတက်၊ မစာနာတက်တော့၊သူကိုယ်တိုင် အာဏာရှင်များကို ဆန္ဒပြ၀တ်ပြုပရိတ်ရွတ်ပွဲတွေမှာ မပါဝင်ခဲ့။
(၄) အဲလိုမပါတော့ ဦးဥတ္တရဆိုသူဟာ ဆရာတော်ဦးဝိစိတ္တာဘိဝံသ(၀ီရသူ)နဲ့ ဆရာတော်အရှင်ဂမ္ဘီရအစရှိတဲ့ သံဃာတော်အရှင်သူမြတ်များလို့  ထောင်နန်းမစံမြန်းရဘဲ၊ လန်ဒန် ကရေပေါ်လွှာများကို နို့ချိုတရားလေးတိုက်ကျွေးရင်း ပါစိတ်အာပါတ်သင့်တဲ့ငွေတွေကို ကိုင်ရင်း . . . ဒီငွေဂုဏ်တွေအပေါ်မှာ သာယာရင်း . . .  . အာဏာရှင်ရဲ့ ထောင်ထား ခြားနားမှုကြောင့် မြန်မာနိုင်ငံသူနိုင်ငံသားများ ဖြစ်ကြတဲ့ဆရာတော်သံဃာတော်၊ကျောင်းသား အစရှိတဲ့ပြည်သူလူထုတို့ရဲ့ နေ့စဉ် ခံစားနေရတဲ့ ကာယိကဒုက္ခစေ တသိကဒုက္ခကိုမသိခဲ့။
(၅)သူက နာမည်ကြီးချင်၊ထင်ပေါ်ချင်၊(သို့) ယင်းအာဏာရှင်များနဲ့ ထောင်ပြောပြော ရင် (ပက်သက်ဆက်ယှက်) ဖြစ်နေတာမို့(သို့)ဖြစ်ချင်လွန်းလို့။
ဆိုတဲ့ ကောက်ချက်တွေကြောင့် လန်ဒန်သင်္ကြန်အမြောက်နဲ့ ကျွန်တော်တို့မြန်မာပြည် သူ ပြည်သားများကိုပစ်လိုက်တာပါ။
ကျွန်တော်ကတော့ အညာသားလည်းဖြစ်၊စစ်အာဏာရှင်တို့ရဲ့ထောင်ထားခြားနားမှုကို ခံစားလာခဲ့ရတဲ့ အကောင်ဆိုတော့က ကိုယ့်မျက်စေ့ရှေ့မှာ မဟုတ်တရုပ်တွေတွေ့ရင် စကားလုံးကို ခပ်ကြမ်းကြမ်းသုံးတက်တယ်။ အဲဒီတော့က “အမိယုတ်သောသား နှုတ်အမူအရာကြမ်းတယ်↔လို့ မသွပ်သွင်းကြပါနဲ့။
လန်ဒန်ဘုန်းကြီးဦးဥတ္တရရေ. . . . စစ်ဘောင်းဘီချွတ်သိန်းစိန်ကို လန်ဒန်ကနေ မြောက်မပေးပါနဲ့လို့၊ မြန်မာပြည်သူပြည်သားတွေရဲ့ကိုယ်စား ခြေတော်ဦးခိုက် တောင်းပန်ပါရစေ . . . အရှင်ဘုရားလည်း ထိုက်သင့်သလောက်တော့ စာပေလေလာမှာပဲလေ  အဲဒီတော့ အာဏာရှင်ဆိုတာ ကို ကြောက်စရာကောင်းကြောင်း ပိဋကတ်စာမျက်နှာမှာ ဖတ်ဖူးမှာပါ။
အရှင်ဘုရား မေးကြည့်မယ်နော်၊ သတ္တ၀ါတွေရဲ့ စရိုက်အကြောင်းကို စာပေမှာလေ့ လာဖူးပါလျှက်နဲ့၊ ဘာ့ကြောင့် စစ်ဘောင်းဘီချွတ်ယုံတင်မက မြန်မာပြည်သူပြည်သားဘုရားသားတော် တွေကိုပါ သတ်ဖြတ်နေတဲ့ ဒီအကောင်တွေကို ဘယ်လိုများ ယုံလိုက်တာပါလဲ? လောဘကြောင့်လား? မောဟကြောင့်လား?
မြန်မာပြည်က သင်ပုန်းကြီးလောက်သင်ဖူးထားရင် သတ္တ၀ါတို့ရဲ့ စရိုက်ဗီဇကိုကောင်း ကောင်းနားလည်တက်ပါတယ်။ အရှင်ဘုရား . . .  ဦးပေါ်ဦးပြောတာလေးကြားဖူးမှာပါ။ ဗီဇမစွန့်ဘူး ဆိုတာလေ . . ။ အကျယ်တော့ မရှင်းပြချင်တော့ပါဘူး၊ စာရေးရတာလက်ညောင်းတယ်လေ . . .။ ဘုရင်ရဲ့ရင်ခွင်ထဲကကြောင်လဲ ကြွက်မြင်ရင်ခုတ်တာပဲဆိုတာကို အမတ်ပညာရှိကြီးဦးပေါ်ဦးက လက် တွေ့ပြဘုရင်ကိုဆုံးမလိုက်တာကို ဦးပေါ်ဦးလျှောက်ထုံးမှာ ဖတ်ဖူးကြမှာပါ။
ဒါ့ကြောင့် သတ္တ၀ါအမျိုးအစားထဲမှာပါတဲ့၊ နာမည်ဆိုးနာမည်ပျက်ရုံတင်မက ပြည်သူလူ ထုကြီးကပါ သောက်မြင်ကပ်နေတဲ့ .. . . ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များကပါ၊ ဘုရားသားတော် များကိုသေနပ်နဲ့ပစ်သတ်လို့ ရွှံရှာစက်ဆုပ်ပါတယ်ဆိုတဲ့ ဒီစစ်ဘောင်းဘီချွတ်ကို လန်ဒန်သင်္ကြန်ငြိမ်း ချမ်းရေးဆုပေးရတယ်ဆိုတာကို ဒီသတင်းကြားကြားချင်း မြန်မာပြည်က စာပေဗဟုသုတရှိသူများက လန်ဒန်သင်္ကြန်ကို ရွှံသွားကြပြီဆိုတာကိုရော နားလည်သဘောပေါက်မိပါသလား?
ကျွန်တော်ဟာ စစ်အာဏာရှင်တွေရဲ့ မတရားနှိပ်စက်မှုကြောင့် မိုက်ရိုင်းတယ်ဆိုရင် ဆိုပါစေတော့၊ ကျွန်တော့်အမေကိုတော့ ဆွဲမထည့်ကြပါနဲ့။ နောက်တစ်ခုက ခင်ဗျားတို့ကြားဖူးကြမယ် တော့မထင်ဘူးအာဏာရှင်နေ၀င်းလက်ထက်ကပေါ့။ရွှေတိဂုံဘုရားထီးတော်ကြီးကို ပြင်မယ်လုပ်တော့ ရွှေတိဂုံဘုရားရင်ပြင်တော်မှာ . . . .  .
 “ရွှေတိဂုံဘုရား ထီးတော်ကြီးကိုဘယ်သူတင် . . .  မင်းတုန်းမင်းကြီးတင်၊ ထီးတော်ကြီးကို . . .  ဘယ်သူချ . . .  မအေလိုးတွေ . . . ချ။
လို့ တရားဟောသွားတဲ့ ခမုံ ဆရာတော်ဘုရားကြီးဆိုတာ ကျွန်တော့်အဘိုးပါခင်ဗျာ။ ဒါ့ကြောင့် ကျွန်တော့ဇ က နဲနဲတော့ ပြင်းတယ်။
“ဟေ့ . . . ဂါထာပေါင်းသုံးထောင်ကျော်ကို ဗိုက်ထဲထည့်ထားတဲ့ ခမုံဆရာတော်ကွ၊ ပါဠိတော်၊အထကဋ္ဌာ ဘယ်ဋီကာနဲ့တိုက်တိုက် ဒီကောင်တွေဟာ မင်းမဟုတ်ဘူး၊ ဓမြတွေ . . .
အဲလို . . . မှန်ရာကို ခပ်ကြမ်းကြမ်းပြောတက်လေတော့  . . .  ဦးဥတ္တရဆိုသူက ဘုန်းကြီးဆိုတော့ ကျွန်တော်ရာနှုန်းပြည့်စကားလုံးတွေသော့ခပ်ထားရပါတယ်။ ဘုရားသားတော်အစစ် ဆိုရင်တော့ ဦးဥတ္တရကို သံဃာ့ဂုဏ်ထိုက်လို့ ပူဇော်လိုက်ပါတယ်။ ဆရာတော်ဦးဗုဒ်ပြောသလို ဘုရား စကားနားမထောင်ဘဲ၊ မင်းစကားနားထောင်နေတဲ့ မင်းသားဆိုရင်တော့ (သိန်းစိန်စကားနားထောင် နေတဲ့ သိန်းစိန်သားဆိုရင်တော့) သနားလေစွ။
မာန်လည်ပြောပြောရင် ပိဋကတ်ခေါင်ထိ ရှင်ကပိလတောင် အ၀ီစိသွားရှာရလေသူမို့ ကျွန်တော်တို့ မြန်မာပြည်သူပြည်သားများဟာ ၀ါဝါမြင်တိုင်း ရွှေအစစ်လို့ မထင်တက်ကြောင်းကိုလည်း ဦးဥတ္တရ သိဖို့ကောင်းပါတယ်။ အဲ . . . သိစရာလေးထပ်ပြောလိုက်ဦးမယ်။ ဒီနေ့ခေတ်က ပိဋကတ် တော်တွေကို ဘီဒိုထဲကနေ ဆွဲထုတ်ပြီးမှ ဖတ်လို့ရတဲ့ခေတ်မဟုတ်တော့က ဦးဥတ္တရဆိုသူလည်း ကိုးချင်တဲ့ကျမ်းကိုဆွဲထုတ်ကာ ကိုးလိုက်စမ်းပါ။ ကျွန်တော်ကတော့ ခမုံမြေးမို့ . . . . ဇနဲ့အကောင်မို့ ဒီမိုကရေစီခေတ်မို့ ကိုးလိုက်စမ်းပါစေတော့ . . . .  .
ဒါ့ကြောင့်
ဘုန်းဘုန်းဦးဥတ္တရယ် . . .
မင်းဘယ်လိုလုပ်လိုက်တာတုန်း . . .ရယ်လို့ ရင်နှစ်လွှာပေါ်လက်ဝါးတင်. . .
ပါးပြင်မှမျက်ရေတွေလည်းတို့ပြည်သူတွေအတွက် မြစ်မင်းဧရာထဲ စီးဝင်နေပါပြီ။
အာဏာရှင်စစ်ဘောင်းဘီချွတ်၊
ငယ်စင်ကာကို တိုက်ပုံအင်္ကျီပေးဝတ်၊
ဘင်လာဒင်ကို သင်္ကန်းချုံ ပေးသလိုပ . . .
သံဃာသတ်တကယ့်လူမိုက်များခေါင်းဆောင် သိန်းစိန်ဆိုသူကို
ငြိမ်းချမ်းရေးအစဉ်လိုလားစေဖို့ . . .
ဉာဏ်ကြီးရှင် ပုစွန်ဆိတ်ခေါင်းလိုပ . . .
တွေးမှ . . .  တွေး . . .  .
ပြောမှ . . . . ပြောတက်ပါလေတယ်။
ဒို့ . . . . သာသနာ
ဒို့ . . . . . ဘာသာ
ဒို့ . . . . . လူမျိုး
ကျွန်ဇာတ်ကိုသွင်း . . . .
တရုပ်ဆီကို . . .  ဖင်ခံ . . .
ကုလားဆီကို . . .  ဖင်ပေး . . .  .
တို့မြန်မာသမီးပျိုတွေ . . .
ခေါင်းမီးတွေချုံ . . . . တစ်ရုပ်လိုနှစ်ကူးလို့
လူမျိုလို့ ပြုတ်ပြုတ်ပြုံန်းပြုန်းနေပြီ . . . ကိုဥတ္တရရေ . . . .
ဒင်း . . . .က အင်္ဂလန်မှာနေ . . .
အင်္ဂလန်ရေကိုသောက် . . .
အင်္ဂလန်မှာ ဘယ်လိုမှောက်မှား၍ . . .
သိန်းစိန်ကို ငြိမ်းချမ်းရေးဆိုတဲ့ လူသတ်တံဆိပ်ပေးလိုက်တာလဲ?
ငါသာ
ဦးဥတ္တရလို . . . .   ဘုန်းကြီးဖြစ်ခဲ့မယ်
သူ့ထက် . . . . . တစ်နာရီလောက်သာကြီးမယ်
သူ့နဲ့သာ . . . . . ဆွမ်းစားရင်းဆုံဖြစ်ရင် . . . .
ငါတို့ပြည်သူတွေရဲ့ မစင်ချေးကို . . .  ငါကော်ပြလိုက်ချင်တယ်။
အဟာရမဲ့တဲ့ တို့ပြည်သူတွေရဲ့ ချေးကို . . .
ခုခေတ်ခွေးတွေ . . . . .  . မစားချင်တော့ဘူးရယ်တဲ့။    ။

အထူးမှတ်ချက် ။ ။
ဒီစာနဲ့ပတ်သလို့
ဦးဥတ္တရနဲ့တကွ၊ ဘယ်သူမဆို ကျမ်းဂန်အကိုးအကားခိုင်မာစွာနဲ့ ကျွန်တော်မှား ကြောင်း ကန့်ကွက်ပြောဆိုနိုင်ပါတယ်၊ ထိုသို့ပြောဆိုရာမှာ သာဓကယုတ္တိ၊ ဒေသနာ ယုတ္တိ၊ အစရှိတဲ့ ယုတ္တိတရားအစားအစားတို့နဲလျှော်ညီအောင်သာပြောမယ်နိုင်မယ် ဆိုပါက.. . . . . .  .  ကျွန်တော်ဘက်က ပညာအရာမျာ ဧတဒဂ်ရသော မထေရ်မြတ် သာရိပုတ္တ ရာကဲ့သို့ ဦးညွှတ်ရန်ဝန်မလေးကြောင်း အသိပေးရင်း နိဂုံးခါးပတ်အဆုံး သတ်လိုက်ပါသည်။

By:အလင်းရှင် http://aungminkhoung.blogspot.com



ငိုတက်တဲ့ကလေးတိုင်း နို့စို့ခွင့်မရတဲ့ မြန်မာပြည်

Unknown | 8:35 PM | Be the first to comment! Unknown | 8:35 PM | Be the first to comment!
Unknown | 8:35 PM | Best Blogger Tips
 
 
 
 
 
 
 
 
 
 
 
 
 
 
by အလင်း ရှင် on Tuesday, 28 February 2012 at 03:14 ·
ငိုတက်တဲ့ကလေးတိုင်း နို့စို့ခွင့်မရတဲ့ မြန်မာပြည် 
ခေါင်းစဉ်အနေနဲ့တော့ မကြာခင်ကွယ်ပျောက်တော့မည့် အဓမ္မ၀ါဒီ မိုးပြာဂိုဏ်းအကြောင်း လို့ပေးထားပါတယ်။ ဖြစ်စဉ်တစ်ခုဆိုတာ အကြောင်းကင်းမဲ့ပြီး မဖြစ်နိုင် ကြေင်းကို ဗုဒ္ဓရှင်တော်မြတ်က လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်ငါးရာငါးဆယ်ကျော်လောက်ကတည်း ကသိပြီးဖြစ်ခဲ့သလို နှောင်းခေတ်အနောက်တိုင်းသိပ္ပံပညာရှင်ကြီးများကလည်း သိရှိသဘောတူ လာခဲ့တာကို ဘာသာစွဲမထားတဲ့ စာပေလေ့လာသူများ လက်ခံယုံကြည်ကြပါတယ်၊ သူငယ်ချင်းတို့ လဲ ဒါတွေကို ကျွန်တော်နဲ့အတူ တစ်ထပ်တည်းမတူညီနိုင်ရင်တောင်မှ လုံးလုံးဆန့်ကျင်ဘက်တစ်ခု တော့မဖြစ်နိုင်လောက်ပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အားလုံးဟာ ဖြစ်စဉ်တွေကိုလက်ခံနေကြပြီလေ။ အဝေးက လမ်းလျှောက်လာတဲ့သူတစ်ယောက်ကို မြင်လိုက်ရ ပြီဆိုတာနဲ့ ဒီလူဟာ ယောက်ျားလားမိန်းမလားဆိုတာတော့ ကွဲပြားနေပြီးသားပါ၊ နီးလာမှ ငါနဲ့သိတဲ့ သူလားမသိတဲ့သူလားဆိုတာကို ခွဲခြားတက်သွားသလို ကျွန်တော်တို့အားလုံးဟာ အဝေးကနေမြင် နေကြပါပြီ . . . . ဆက်ကြည့်ဖို့သာလိုတော့တယ် . . . . .  ဆက်ဖတ်ဖို့သာလိုတော့တယ် . . . . ပြီးသွားတာနဲ့ ဒီဖြစ်စဉ်စကားလုံးတွေဟာ ဘယ်ကသန္ဓေခလာရတာလဲ . . . .ဆိုတာကို သိကြရမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ဟာ ဒီဖြစ်စဉ်တွေ လုပ်ကြံဖန်တည်းပြီး ရလာခဲ့တာမဟုတ် ပါဘူး၊ တစ်ခုတော့ ကျွန်တော် ပေးခဲ့ရပါတယ် ခင်ဗျာ . . . ။ ဘယ်လောက်တန်တွေကို ပေးခဲ့ရလဲ . . . ဘ၀ဆိုတာတွေ . . . . ပါပဲ။ လူသားတစ်ယောက်ရဲ့ လူဖြစ်ခွင့်ရတဲ့ အခိုက်မှာ တစ်ခုကိုလိုချင်လို့ ကိုယ့်မှာရှိတဲ့ တစ်ခု မဖြစ်မနေ ပေးလိုက်ရတာရှိပါတယ်။ အလကားရသွားတဲ့သူ ဘယ်သူမှမရှိပါဘူး။ လူဖြစ်စကိုပြန်တွေးယူကြည့်ပါ။ အမေ့ဆီင်္က နိုချိုချိုလေးသောက်ရဖို့အတွက် အူဝဲ ဆိုတဲ့ အပေးတစ်ခုကို စခဲ့ရတာပဲမဟုတ်လား . . . ဗျာ။ ဒါ့ကြောင့် ဒီစာတွေဖြစ်ဖို့ ကျွန်တော် ပေးခဲ့ရတာပေါ့။ အထူကြီး . . .  အများကြီး . . . လို့ သုံးရင် ပေါ့လွန်းလို့ပါခင်ဗျာ။ ကျွန်တော့ စကား လုံးတိုင်းအတွက် တစ်လုံးရေးခွင့်ရလိုက်တိုင်း ကျွန်တော်ဟာ ကျွန်တော်မြတ်နိုးတဲ့ ဘ၀တစ်ခုတစ်ခု ကိုပေးလိုက်ရစမြဲပါ။ ဒါ့ကြောင့် ကျွန်တော့ စကားလုံးတွေဟာ ကျွန်တော့ဘ၀တွေ ပဲလားလို့မေးရင် မဟုတ်ပြန်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့စကားလုံးတိုင်းမှာ မြန်မာပြည် ကမွန်းကြပ်နေတဲ့ ပြည်သူပြည်သားတွေပါနေကြပါတယ်။ ပြည်သူတွေရဲ့ မျက်ရည်တွေ . . . . ပြည်သူတွေရဲ့ သွေးစက်တွေ . . . . . ပြည်သူတွေရဲ့အသက်တွေ . . . . . ပါပါနေလို့ပါပဲ။   ဒါကြောင့် ချစ်ဖော်ရေ . . . . ကျွန်တော်တို့ မြန်မာပြည်သူပြည်သားတွေရဲ့ မျက်ရည်တွေ . . .  သွေး တွေ . . .  အသက်တွေ . . .  ပုံစပ်ထားတဲ့ စာပန်းချီကို ဖတ်ရင်း ကျွန်တော့အတွက် မြန်မာပြည်သူ ပြည်သားတွေအတွက် ကရုဏာသက်သောအားဖြင့် စကားလုံးပြန်ပေးခဲ့ပါဦးနော်။ နဲနဲလေးပဲ ပေးခဲ့ ချင်တယ်ဆိုလဲ ရရမှာပါပဲ။ ကျွန်တော်တို့ ပြည်သူတွေဟာ ဥပဒေတွေ အာဏာတွေ လက်နက်တွေ အောက်မှာ ပြားပြားဝတ်ခဲ့ရတဲ့ အချိန်တွေက ယဉ်ကျေးနေပြီးသားလေ . . . . ။  မခံနိုင်လဲ ခံခဲ့ရတဲ့ ကျွန်တော်တို့ပြည်သူတွေ . . .  ငတ်ရင် ရေသောက် ဗိုက်မှောက်နေရုံကလွဲပြီး ဘာမပြန်ပြောပိုင်ခွင့် မရတဲ့ ကျွန်တော်တို့ ပြည်သူတွေ . . . .  ဒါကို တစ်ချို့က မြန်မာတွေက ရောင့်ရဲလွယ်တက်တယ်တဲ့  ငိုလိုမစို့ရတဲ့ အမေ့နို့ချိုရေကို ဆာလောင်မွတ်သိပ့်သူကလေးအတွက် ဘာတွေဆွဲကိုင်ပြီး တော်လှန် တိုက်ခိုက်လို့ရမှာလဲ . . . ။  ဘာပဲဖြစ်ဖြစ် မြန်မာပြည်မှာတော့ ဗုဒ္ဓဟောတဲ့ ဒုက္ခသစ္စာဟာ အထူးရှာ စရာမလိုပါဘူး။ နံက်အိပ်ယာထတာနဲ့ စတွေ့ပြီ . . . . ကျွန်တော်တို့ကို အဲဒီဒုက္ခတွေကြားထဲက အခု လိုချပြခွင့်ရတဲ့ ကလေးတစ်ယောက်ရဲ့ အော်ဟစ်ငိုယိုသံတွေကို ပုခက်လွှဲ သီချင်းတစ်ပုဒ်နဲ့ ချော့ သိပ့်ခဲ့ပါလို တောင်းပန်ပါရစေ ခင်ဗျာ။     ။

By:အလင်းရှင် http://aungminkhoung.blogspot.com

Twitter Bird Gadget