.

Friday, February 1, 2013

ပုဂံခေတ်ရုပ်ပွားတော် အမေရိကန်မှ ပြန်ရောက်

Unknown | 11:53 PM | Be the first to comment! Unknown | 11:53 PM | Be the first to comment!
Unknown | 11:53 PM | Best Blogger Tips

by အလင်း ရှင် on Friday, 1 February 2013 at 19:48 ·

အမေရိကန် Northeastern Illinois University မှ ပုဂံခေတ် လက်ရာဖြစ် သော ဓမ္မစက္ကမုဒြာ ဗုဒ္ဓ ရုပ်ပွားတော်အား မြန်မာနိုင်ငံသို့ ပြန်လည်ပေးအပ်ခဲ့ရာ ရန်ကုန် အမျိုးသား ပြတိုက်၌ ထိန်းသိမ်းထားကြောင်း သိရသည်။ ဓမ္မစက္ကမုဒြာပုံ ရုပ်ပွားတော်ဖြစ်ပြီး ---

လက်ပံတောင်းတောင် စုံစမ်းရေး ဒေါ်စုအတွက် စိန်ခေါ်မှု

Unknown | 11:48 PM | Be the first to comment! Unknown | 11:48 PM | Be the first to comment!
Unknown | 11:48 PM | Best Blogger Tips

by အလင်း ရှင် on Friday, 1 February 2013 at 19:31 ·

စစ်ကိုင်းတိုင်း မုံရွာမြို့နားက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေး ကော်မီတီရဲ့ အစီရင်ခံစာ ထွက်ပေါ်လာဖို့ နှောင့်နှေးနေချိန်မှာပဲ လုပ်ငန်းတွေ ဆက်လုပ်ဖို့ လိုလားသူတွေနဲ့ ဆန့်ကျင်သူတွေရဲ့ ဖိအားတွေလည်း တိုးလာနေပါတယ်။ စုံစမ်းမှုတွေကတော့ ပြုပြင်ပြောင်းလဲရေး လုပ်မယ်လို့ ကတိပေးထားတဲ့ အစိုးရအတွက်သာမက၊ စုံစမ်းစစ်ဆေးရေး ကော်မီတီကို ဦးဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် အတွက်ပါ စိမ်ခေါ်မှု ဖြစ်မယ်လို့ အကဲခတ်တွေက မြင်နေကြတာပါ။ လက်ပံတောင်းတောင် စီမံကိန်းကနေ နိုင်ငံရေးခေါင်းဆောင်တွေအပေါ် ရိုက်ခတ်လာနိုင်တဲ့ အလားအလာတွေကိုတော့ ဗွီအိုအေ သတင်းထောက် Daniel Schearf ရဲ့ သတင်းပေးပို့ချက်နဲ့အတူ ကိုအောင်လွင်ဦး ကပြောပြပေးမှာ ဖြစ်ပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေး ကော်မီတီရဲ့ အစီရင်ခံစာတစောင် ဇန်န၀ါရီလကုန်မှာ ထုတ်ပြန်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပေမဲ့ ထွက်ပေါ် မလာနိုင်ပဲ ဖြစ်နေရတာပါ။ စစ်တပ်ပိုင် မြန်မာဦးပိုင် လီမိတက်နဲ့ တရုတ်နိုင်ငံက မြန်မာဝမ်ဘောင် ကုမ္ပဏီတို့ရဲ့ ပူးတွဲ စီမံကိန်းကြောင့် ဒေသခံတွေ လယ်မြေတွေ နစ်နာဆုံးရှုံးရသလို၊ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေ ဖြစ်ရတယ်ဆိုပြီး ကန့်ကွက်မှုတွေ အကြီးအကျယ် ကြုံခဲ့ရတဲ့နောက် ၂ လအတွင်း အပြီး စုံစမ်းစစ်ဆေးဖို့ သမ္မတက ညွှန်ကြားထားတာ ဖြစ်ပါတယ်။ ဒေသခံတွေနဲ့ သံဃာတော်တွေ အပါအ၀င် တက်ကြွလှုပ်ရှားသူတွေ စီမံကိန်း ရပ်ဆိုင်းရေး ကန့်ကွက် ဆန္ဒပြမှုတွေ လနဲ့ချီ ကြုံခဲ့ရပြီးတဲ့နောက် လုံခြုံရေး အာဏာပိုင်တွေက သွေးထွက်သံယို နှိမ်နင်းခဲ့တာပါ။

မြန်မာနိုင်ငံ ရှေ့နေများကွန်ယက်ရဲ့ ဥပဒေရေးရာကော်မီတီက ဦးသိန်းသန်းဦး ကတော့ လုံခြုံရေး တပ်ဖွဲ့တွေက မီးလောင်ဗုံးတွေကို အသုံးပြုပြီး လိုအပ်တာထက်ပိုပြီး အင်အားသုံး နှိမ်နင်းခဲ့တဲ့ အထောက်အထားတွေကို တွေ့ရတဲ့အကြောင်းနဲ့ နောက်ပိုင်းမှာလည်း ဒီဒေသမှာ လုံခြုံရေးတွေကို တင်းကျပ်ထားလိုက်တဲ့အကြောင်း ပြောပါတယ်။
“လူတွေကို ဘာမှ မထိဖို့ မကိုင်ဖို့ သတိပေးခံခဲ့ရတယ်၊ ဒါဟာ ဦးပိုင်လီမိတက်ပိုင်ဖြစ်တယ်၊ ထိလို့မရဘူးဆိုပြီး ပြောတယ်။ နောက်တခုကတော့ လူတွေကို ချောက်ထားတာပါ။”
ရှေ့နေ ကွန်ယက် အနေနဲ့ကတော့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေသူတွေကို အပြင်းအထန် နှိမ်နင်းဖို့ ဘယ်သူက ညွှန်ကြားသလဲ ဆိုတာကို သိချင်တဲ့ အကြောင်းလည်း သူက ပြောပါတယ်။ သံဃာတော်တွေ အပါအ၀င် ဆန္ဒပြသူတွေ ဒဏ်ရာတွေ အပြင်းအထန် ရခဲ့ကြတဲ့အထိ ဖြစ်ခဲ့ရပြီးတဲ့နောက်မှာတော့ သမ္မတက စီမံကိန်းနဲ့ ပတ်သက်လို့ရော နှိမ်နင်းမှု အတွက်ပါ ကော်မရှင်တရပ် ဖွဲ့စည်း စုံစမ်းဖို့ ညွှန်ကြားခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ စီမံကိန်း လုပ်ငန်းတွေကိုသာ စစ်ဆေးဖို့ ပြင်ဆင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
လူ့အခွင့်အရေး စောင့်ကြည့်အကဲခတ် အဖွဲ့ဖြစ်တဲ့ Human Rights Watch ရဲ့ အာရှရေးရာ ကျွမ်းကျင်သူ David Mathieson ကတော့ စုံစမ်းစစ်ဆေးရေး အစီအစဉ်ဟာ မြန်မာနိုင်ငံမှာ အရပ်သား တဖြစ်လဲ အစိုးရအတွက်တော့ အသစ်အဆန်းတခု ဖြစ်နေတယ်လို့ ဆိုပါတယ်။
“ဆန္ဒပြပွဲတွေ၊ နှိမ်နင်းမှုတွေနဲ့ လက်ပံတောင်းတောင်နဲ့ ပတ်သက်တဲ့ တခြားကိစ္စတွေ၊ ကြေးနီထုတ်လုပ်ရေး စီမံကိန်း ကိစ္စတွေ ဒါတွေအားလုံးဟာ သူ့အတိုင်းအတာနဲ့သူ အရေးကြီးပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ အာဏာပိုင်တွေ အနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြသူတွေ၊ မြေယာပိုင်ဆိုင်မှု ကိစ္စတွေမှာ ဘယ်လို ရင်ဆိုင် ကိုင်တွယ်မလဲ ဆိုတဲ့ စမ်းသပ်မှု တခုအဖြစ်နဲ့လည်း အင်မတန်မှ အရေးကြီးပါတယ်။”
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိုတော့ အရင်စစ်အစိုးရ လက်ထက်မှာ စတင်ခဲ့တာမို့ ပွင့်လင်းမြင်သာမှုတွေ အားနည်းခဲ့တာပါ။ အခုအခါ စုံစမ်းစစ်ဆေးရေး ကော်မီတီရဲ့ အကြီးအကဲဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကတော့ ဒေသခံတွေရဲ့ အခွင့်အရေးကို အကာအကွယ် ပေးဖို့ လိုအပ်ကြောင်း အသိအမှတ်ပြု ပြောဆိုထားပေမဲ့၊ ပြည်ပလုပ်ငန်းတွေနဲ့ ချုပ်ဆိုထားတဲ့ ကတိက၀တ်တွေကို အိမ်ရှင်တိုင်းပြည် အနေနဲ့ လေးစားဖို့ လိုမယ်လို့လည်း ပြောဆိုထားတာပါ။ လူ့အခွင့်အရေး အဖွဲ့က သုတေသီ Mathieson ကတော့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာဟာ ဒေါ်အောင်ဆန်းစုကြည် အတွက်လည်း စမ်းသပ်မှုတခု ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။
“အင်မတန် အရေးကြီးတဲ့ ကိစ္စတခုကို စုံစမ်းစစ်ဆေးတဲ့သူ တဦးအဖြစ်နဲ့ သာမကပါဘူး၊ သူနဲ့အတူ နိုင်ငံရေး အသွေးအရောင်စုံ အဖွဲ့ဝင်တွေလည်း ပါဝင်နေကြတာပါ။ ဒါကြောင့်လည်း ဒီလုပ်ငန်းစဉ်မှာ နိုင်ငံရေး ခေါင်းဆောင် တယောက် အဖြစ်နဲ့ ဘယ်လောက် ထိရောက်အောင် ဆောင်ရွက်နိုင်မလဲ ဆိုတာကိုလည်း တွေ့ရလိမ့်မယ် ထင်ပါတယ်။”
အကဲခတ် တချို့ကတော့ ဒေါ်အောင်ဆန်းစုကြည် ကို ကော်မီတီထဲ ထည့်သွင်းတာဟာ လူလက်ခံအောင် လုပ်တာသာ ဖြစ်တယ်လို့ မြင်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ပြောခွင့်ရသူ တဦးဖြစ်တဲ့ ဦးဥာဏ်ဝင်း ကတော့ နောက်ဆုံး အစီရင်ခံစာ ထွက်ပေါ်လာတဲ့အခါ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အခန်းကဏ္ဍကို တွေ့ရမှာ ဖြစ်တယ်လို့ ပြောခဲ့တာပါ။
“ဘယ်လို ဖိအားတွေ ရှိမလဲ၊ လက်ပံတောင်း ဒေသခံတွေ အကျိုးခံစားရအောင် ဘာတွေ လုပ်နိုင်သလဲ ဆိုတာတွေကတော့ နောက်ဆုံး အစီရင်ခံစာ ထွက်ပေါ်လာတဲ့ အချိန်အထိ စောင့်ကြည့်ရမှာပါ။”
တချိန်တည်းမှာပဲ လက်ပံတောင်း ဒေသခံတွေနဲ့ တက်ကြွသူတွေကတော့ စီမံကိန်း အဆုံးသတ်ရေး ဆက်လက် ဆန္ဒပြခဲ့ကြသလို၊ တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ကလည်း မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ ဒီသီတင်းပတ်တွင်း တွေ့ဆုံချိန်မှာ ဖိအားပေး ပြောဆိုတာတွေ ရှိခဲ့တာပါ။ တရုတ်သံရုံးရဲ့ ကြေညာချက်ထဲမှာတော့ မြန်မာနိုင်ငံ သတ္ထုတွင်း ၀န်ကြီးဌာန ၀န်ကြီးတွေနဲ့ တွေ့ဆုံချိန်မှာ မြန်မာနိုင်ငံတွင်း တရုတ်နိုင်ငံက စီးပွားရေး လုပ်ငန်းတွေကို အကာအကွယ်ပေးဖို့နဲ့ ပြဿနာတွေ ရှိတယ်ဆိုရင်လည်း ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ကိုအောင်လွင်ဦး (ဗီအိုအေ)

မန်း၌ အစီအစဉ်ပျက်ခဲ့သော်လည်း မြင်းခြံ၌ ဆန္ဒဖော်ထုတ်ခဲ့

Unknown | 11:41 PM | Be the first to comment! Unknown | 11:41 PM | Be the first to comment!
Unknown | 11:41 PM | Best Blogger Tips

by အလင်း ရှင် on Friday, 1 February 2013 at 19:37 ·

သတင်းအပြည့်အစုံဖတ်ရန် Photo ကိုကလစ်ခေါက်ပါ
 အင်န်အယ်လ်ဒီ ပါတီအတွင်း တရားမမျှ တမှုများနှင့် ရပ်ကွက်၊ ကျေးရွာညီလာခံ များကျင်းပရာ၌
နည်းလမ်းမကျမှုများ ကို ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူများ သိရှိစေရန်
ပါတီဝင် အချို့က မန္တလေးမြို့တွင် ဆန္ဒဖော်ထုတ်ရန် စီစဉ်ခဲ့သော်လည်း အကြောင်း အမျိုးမျိုး
ကြောင့် ပျက်သွားခဲ့ကြောင်း သိရသည်။ ----

ဗမာနဲ့တိုင်းရင်းသားတွေအတိက်ကသင်ခန်းစာယူကြဖို့ ဒေါ်စုပြောကြား။

Unknown | 11:40 PM | Be the first to comment! Unknown | 11:40 PM | Be the first to comment!
Unknown | 11:40 PM | Best Blogger Tips

by အလင်း ရှင် on Friday, 1 February 2013 at 19:26 ·

သတင်းအပြည့်အစုံဖတ်ရန် Photo ကိုကလစ်ခေါက်ပါ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ကော့မှုးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဟာ သောကြာနေ့ ညနေက တောင်ကိုရီးယားကနေ မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိလာခဲ့ပါပြီ။

ဗဟုယဉ်ကျေးမှု

Unknown | 5:14 PM | Be the first to comment! Unknown | 5:14 PM | Be the first to comment!
Unknown | 5:14 PM | Best Blogger Tips
Cho Tu Zal shared N'gun Ja Wa's photo.

ဗဟုယဉ်ကျေးမှု ကို လက်မခံရင်၊ လူများစု လူမျိုးစု ယဉ်ကျေးမှုသာ မှန်တယ်ထင်ရင် မြန်မာ့ယဉ်ကျေးမှုဆိုတာလည်း ကမ္ဘာပေါ်မှာ ကြာရှည်မခံ ပျောက်သွားလိမ့်မယ် ဆိုတာ မမေ့ပါနဲ့။
ကမ္ဘာပေါ်မှာ မြန်မာဟာ လူများစုလူမျိုး မဟုတ်ပါ။

ကိုယ့်ယဉ်ကျေးမှုကို ချစ်ရင်၊ တန်ဖိုးထားရင်၊ ကာကွယ်လိုရင်
သူများယဉ်ကျေးမှုကိုလည်း ချစ်ဖို့၊ တန်ဖိုးထားဖို့၊ ကာကွယ်ဖို့
လိုပါတယ်။

ချိုတူးဇော်

N'gun Ja Wa
မြန်မာနိုင်ငံနဲ့ Multiculturalism
================== 

ဒီကနေ့ ကမ္ဘာ့နိုင်ငံ အတော်များများမှာ multiculturalism, multicultural education တို့ တွင်တွင်ကျယ်ကျယ် သုံးလာနေပေမယ့် ကျွန်တော်တို့ နိုင်ငံမှာတော့ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးဆိုတာ လက်တွေ့အကောင်အထည်မဖော်နိုင်ပဲ ပြည်တွင်းစစ်ဒဏ်ကို ယနေ့ထိတိုင် ခံစားနေဆဲပါပဲ။ သူတို့နိုင်ငံမှာ လူမျိုးတမျိုး ယဉ်ကျေးမှုတခုတည်းရှိပါတယ်လို့ လက်ခံခဲ့တဲ့ ကိုးရီးယားလိုနိုင်ငံတွေ ကတောင် ပြောင်းရွှေ့အခြေချလာတဲ့ လူမျိုးခြားတွေကို အသိအမှတ်ပြု လက်ခံလာကာ ကျောင်းသင်ရိုးညွန်းတန်း တွေကအစ မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေကို အသိအမှတ်ပြု လက်ခံအားပေးတဲ့ အစီစဉ်တွေ စနေကြပါပြီ။

ကျွန်တော်တို့နိုင်ငံမှာတော့ ဒီမြေမှာမွေး ဒီမြေမှာကြီးလာရုံမက နိုင်ငံလွတ်လပ်ရေးအတွက် အတူတိုက်ပွဲဝင်လာခဲ့တဲ့ တိုင်းရင်းသား ညီအစ်ကိုများရဲ့ အခွင့်အရေး၊ ရိုးရာယဉ်ကျေးမှုဖော်ထုတ်ခွင့်တွေ၊ စာပေတွေကို ဦးနေဝင်း လက်ထက်ကစပြီး တဖြေးဖြေးနဲ့ မှေးမိန်အောင် လုပ်ခဲ့ပါတယ်။

ကွယ်လွန်သူ ဟားဗတ် နိုင်ငံရေးသိပ္ပံပါမောက္ခ ဆင်မြူရယ်ဟန်တိန်တန်က Clash of Civilization   ကို ဖော်ပြသွား ခဲ့ပေမယ့် 9/11 နောက်ပိုင်း နိုင်ငံရေးခေါင်းဆောင် အချို့က Dialogue among Civilization ဆိုတဲ့အယူအဆကို ဖော်ထုတ်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ ကြိုးစားလာကြတယ်။ ယဉ်ကျေးမှုချင်း တွန်းတိုက်မှုကနေဖြစ်လာမယ့် ပဋိပက္ခကို ယဉ်ကျေးမှုချင်း တွေ့ဆုံဆွေးနွေးအဖြေရှာ ဖို့ဖြစ်ပါတယ်။

အဲဒီလိုတွေ့ဆုံလာတဲ့အခါ Cultural tolerance ကအရေးပါလာပါတယ်။ UNESCO ရဲ့ ၁၉၉၅ နိုဝင်ဘာ ကြေငြာစာတမ်းအရ tolerance ရဲ့အဓိပ္ပါယ်ကို အတိုချုပ်ပြောရရင် ကွဲပြားတဲ့ယဉ်ကျေးမှု တွေအပေါ် လေးစားမှု၊ လက်ခံပြီးတော့ အသိအမှတ်ပြုရမယ်။ လူ့အခွင့်အရေးကို ထိန်းသိမ်းတဲ့တာဝန် တရပ်ဖြစ်ပြီး ကွဲပြားမှုတွေ ကြားထဲက ညီညွတ်ခြင်းဖြစ်တယ်။ တဦးချင်းစီသာမက အသင်းအဖွဲ့လိုက်နှင့် အစိုးရ  အတိုင်းအတာအထိကျင့်သုံးမှသာ အပြန်အလှန်နားလည်မှုဖြင့် ငြိမ်းချမ်းရေးတည်ဆောက်နိုင်မှာပါ။

Tolerance မရှိပါက စစ်မှန်သောငြိမ်းချမ်းရေးမရှိနိုင်သလို ငြိမ်းချမ်းရေးမပါတဲ့ ဖွံ့ဖြိုးမှုနှင့် ဒီမိုကရေစီဟာလည်း ရေရှည်တည်တံဖို့ မဖြစ်နိုင်ပါ။

ဒါကြောင့် UNESCO အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ ဘာသာစကား၊ဓလေ့ထုံးစံ၊ ရိုးရာယဉ်ကျေးမှု မတူတဲ့ တိုင်းရင်းသားတွေအပေါ် tolerance မထားပဲ စစ်ရေးအရ ဖြေရှင်းရေးကို သာလုပ်ဆောင်နေမယ် ဒါမှမဟုတ် လူမျိုးကြီးဝါဒကိုသာ ဆက်လက်ဆွဲကိုင်ထားမယ် ဆိုရင်တော့ ပြည်တွင်းစစ်ရဲ့အနိဋ္ဌရုပ်တွေအပြင် နောက်ဆက်တွဲ မုန်းတီးမှုတွေကိုသာ ဖန်တီးပေးနိုင်တာမို့ ထာဝရငြိမ်းချမ်းရေးဆိုတာ ဘယ်လိုရနိုင်ပါ့မလဲ။

ဲJa Du

အောက်ပါ အင်ဂွန်ဂျာဝါ ဘလောက့်ခ်မှ ကူးယူဖော်ပြပါသည်။

http://ngunjawa2011.blogspot.com/2011/11/multiculturalism.html

ဗမာပြည်ကနေ ဘယ်ပြေးဦးမှာလဲ . . . ဗုဒ္ဓဘာသာ

Unknown | 11:04 AM | Be the first to comment! Unknown | 11:04 AM | Be the first to comment!
Unknown | 11:04 AM | Best Blogger Tips

ဒါ့ကြောင့် ဦးဇင်း စာတွေရေးနေမိတာပါ။ အခုမြန်မာပြည်မှာ အဲလိုကြည်ညိုတဲ့သူတွေ ကင်းဆိတ်နေပါပြီ။မညှာမတာဝေဖန်ရရင် ပိုစ့်တင်တဲ့သူကိုယ်တိုင် အဲလိုမျိုး ကြည်ညိုမိရဲလား။ စသည်ဖြင့် မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာအတွေက် ရင်လေးစရာကောင်းနေသောနိုင်ငံဖြစ်နေတယ်ဆိုတာ အတွေးကောင်းကောင်းနဲ့ ရှေ့ရေးနောက်ရေးစဉ်းစားမိတဲ စာပေသမားများ သိကြပါတယ်။ ဘာ့ကြောင့်လဲ မကြာသေးမိကမှာ လက်ပံတောင်းတောင်မှာ ဘုန်းကြီးတွေကို မီးးရို့သတ်ဖြတ်ခဲ့တာလေ။ ဒါဟာ ပြယုဂ်တစ်ခုပါပဲ။ အင်း ဗုဒ္ဓဘာသာကြီးဟာ ခေတ်အဆက်ဆက် ပြေးခဲ့ရတာ။ အိန္ဒိယကနေ သီရိလင်္ကာ ပါကစ်စတန် မလေး စသည်ဖြင့်ပြေးခဲ့ရတာ ဗမာပြည်အထိပါပဲ အခုလည်း ဗမာ ပြည်ကနေဘယ် ပြေးဦးမလဲ . . .

Unknown | 10:58 AM | Be the first to comment! Unknown | 10:58 AM | Be the first to comment!
Unknown | 10:58 AM | Best Blogger Tips
  1. Photo: "မြန်မာတွေအားလုံး ဂုဏ်ယူထိုက်သည့် သီရိလင်္ကာနိုင်ငံ၏ ဘာသာရေးဆောင်ရွတ်မှု"

သီရိလင်္ကာလို့ခေါ်တဲ့ သီဟိုဠ်နိုင်ငံမှာ ယနေ့ဗုဒ္ဓဘာသာအခြေအနေဘယ်လိုရှိလဲ။

သီဟိုဠ်နိုင်ငံမှာ ဘာသာရေးပွဲတွေ အထူးသဖြင့် Vesak Festival လို့ခေါ်တဲ့ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော်အခန်းအနားတွေမှာ

လူကြီး၊လူငယ်၊လူရွယ်၊လူလတ်အကုန်လုံးပါဝင်ဆင်နွှဲကြတာကို တွေ့ခဲ့ဘူးပါတယ်။

သီဟိုဠ်ဘုန်းကြီးကျောင်းတွေမှာ ၁၀-နှစ်၊ ၁၂-နှစ်အရွယ်ကလေးငယ်လေတွေရဲ့ ဗုဒ္ဓ၀င်ပန်းချီပြိုင်ပွဲ၊ပြပွဲလေးတွေကို တခုတ်တရ ကျင်းပပေးပါတယ်။

(ဒီ တခုတ်တရဆိုတဲ့ စကားအဓိပ္ပါယ်အပြည့်အ၀မသိသေး၊ သူများသုံးတာတွေ့လို့ သုံးလိုက်တာ)ဘုန်းကြီးများက ပြိုင်ပွဲဝင်ကလေးတွေကို

အမှတ်တရပစ္စည်းလေးတွေ လက်ဆောင်ပေးပါတယ်။မြန်မာပြည်က အောင်ခြင်းရှစ်ပါးလိုဗုဒ္ဓဘာသာဇာတ်လမ်းနဲ့သက်ဆိုင်တဲ့ ကလေးတွေရေးဆွဲထားတဲ့

ပန်းချီကားလေးတွေကိုမိဘတွေ မိဘသူငယ်ချင်းတွေ ရပ်ကွက် လူကြီးလူငယ်တွေတငေးတမော လာရောက်ကြည့်ရှုခံစားအားပေးကြပါတယ်။

အတော်ကြည်နူးစရာပါ။

ဒီလို ၁၀-နှစ်၊ ၁၂-နှစ်အရွယ်ကလေးငယ်က ဘာလို့ ဗုဒ္ဓ၀င်တွေကို သိပြီး ပန်းချီရေးဆွဲနိုင် ရတာလဲ။

နောက်အံ့သြဖွယ်တစ်ခု ကြုံခဲ့ရပါသေးတယ်။အင်္ဂလိပ်စာတိုးတက်ဖို့အတွက် သီဟိုဠ်၊ကိုလံဘိုမြို့မှာရှိတဲ့အင်္ဂလိပ်စာအလေးပေးသင်ပေးတဲ့

ကောလိပ်တစ်ခုတက်ဖြစ်ပါတယ်။ အသက်၁၈နှစ်ဝန်းကျင်လူငယ်လေးတွေနဲ့အတူတက်ရပါတယ်။အဲ့ကောလိပ်မှာ

နိုင်ငံခြားသားဦးဇင်းတွေလဲ တက်ကြပါတယ်။အဲတုန်းက ကမ္ဗောဒီးယားနိုင်ငံက ဦးဇင်းလေးတစ်ပါးနဲ့ စာသင်ခန်း တစ်ခန်းထဲမှာ

အတူသင်ရတယ်။ အဲ့ဒီဦးဇင်းလေးက အတော်အနောက်သန်တာပဲ။

တစ်နေ့အတန်းဖော်ကောင်လေးတစ်ယောက်ကို သူပြောတယ်။မင်းတို့နိုင်ငံက ကလေးမတွေ အသားမဲလို့ မလှဘူးထင်နေတာ။

အင်း၊ တချို့ကလေးမတွေက လှသားပဲ။ ချစ်ဖွယ်ကောင်းသားပဲတဲ့။

သူသုံးနှုန်းတဲ့အင်္ဂလိပ်စကားကကတော့

I thought the girls in your country are not pretty as their complexion is dark;But some are pretty and lovely

လို့ထင်တယ်။ကောင်းကောင်းတော့ မမှတ်မိတော့ပါဘူး။

ကမ္ဗောဒီယားဦးဇင်းကဒီလိုပြောတော့အပြောခံရတဲ့ အတန်းဖော်သီဟိုဠ်ကုလားလေးက

တဏှာယ ဇာယတီ သောကော၊ တဏှာယ ဇာယတီ ဘယံတဏှာယ ၀ိပ္ပမုတ္တဿ၊ နတ္တိ သောကော ကုတော ဘယံဆိုတဲ့

ဓမ္မပဒပါဠိတော်မှာလာတဲ့ ဂါထာလေးတစ်ပုဒ်ကို ရွတ်ဆိုပြတယ်ဗျာ။ ကမ္ဗောဒီးယားဦးဇင်းတောင် မျက်လုံးပြူးသွားတယ်။

ဂါထာရဲ့အဓိပ္ပါယ်က

From craving springs grief, from craving springs fear;

For him who is wholly free from craving

There is no grief, much less fear. တဲ့။

မြန်မာလိုတော့

လိုချင်တတ်မက်တတ်တဲ့တဏှာကြောင့် စိုးရိမ် ကြောက်ရွံ့စိတ်တွေဖြစ်ပေါ်လာတတ်ပြီး

လိုချင်တတ်မက်တတ်တဲ့တဏှာက လွတ်ကင်းအောင် နေထိုင်နိုင်မှသာစိုးရိမ်ကြောက်ရွံ့စိတ်တွေ ကင်းဝေးမှာ။

ဒီနေရာမှာ ပြောချင်တာကသီဟိုဠ်နိုင်ငံက ဆယ်ကျော်သက်တွေ ဘာလို့များ ဘယ်လိုကြောင့်ဒီလိုပါဠိဂါထာတွေကို သိနေပြီး

လိုရင်လိုသလို အသုံးချနိုင်ရတာလဲ။

စုံစမ်းကြည့်တော့ သီဟိုဠ်နိုင်ငံမှာရှိတဲ့Sunday Dhamma School(တနင်္ဂနွေနေ့ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း)ကြောင့်ဆိုတာ သိလာရတယ်။

သီဟိုဠ်နိုင်ငံမှာ ဗုဒ္ဓဘာသာကျောင်းသူကျောင်းသားတိုင်းတနင်္ဂနွေနေ့မှာ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို တက်ရတယ်။

ဒီလိုမျိုးသင်တန်းကို ၁၈၈၁ ခုနစ်ကတည်းက စတင်သင်ကြားပို့ချခဲ့တာတဲ့။ဆိုတော့ အခု နှစ်ပေါင်း ရာကျော်သွားပြီ။

ဒါ့ကြောင့် အခုသီဟိုဠ်နိုင်ငံကို အုပ်ချုပ်နေတဲ့ သမ္မတ၊ ၀န်ကြီး၊ ဗိုလ်ချုပ်ကြီးများဟာSunday Dhamma School ကျောင်းဆင်းတွေချည်းပါဘဲတဲ့။

Sunday Dhamma School ကို စတင်တည်ထောင်သူကတော့အမေရိကန်နိုင်ငံသား သာသနာ့အလံကို

တည်ထွင်သူHenry Olcott ဆိုသူဖြစ်ပါတယ်တဲ့။ဗုဒ္ဓ၀င်၊ ရာဇ၀င်၊ ယဉ်ကျေးမှုစတာတွေကို သင်ပေးတာပါ။

နိုင်ငံတော်အစိုးရကိုယ်တိုင်က ပညာရေးစနစ်ကို စနစ်တကျ သတ်မှတ်ပေးပြီးစည်းမျဉ်းဥပဒေနဲ့အညီ ဖွင့်လစ်ပေးထားတာပါ။

သင်တန်းနေရာက ဘုန်းကြီးကျောင်းမှာပဲ။

အချို့စွမ်းနိုင်တဲ့ဘုန်းကြီးများကSunday Dhamma School မှာ ကျောင်းအုပ်အဖြစ်တာဝန်ယူပြီးဆရာ ဆရာမများနဲ့ ၀ိုင်းဝန်းသင်ကြားပေးပါတယ်။

အချို့ဘုန်းကြီးများကတော့ အကူလောက်ပါဘဲ။ဆရာ၊ ဆရာမတွေက စေတနာ့ဝန်ထမ်းတွေပါ။ဆရာ၊ ဆရာမဖြစ်ဖို့ သင်တန်းတက်ရပါတယ်။

ဆရာဖြစ်သင်တန်းမှာ

၁၊ ကုသိုလ်ကံ အကုသိုလ်ကံ၊ ကံ၏အကျိုးတရားများ

၂။ ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ

၃။ ပဋိစ္စသမုပ္ပါဒ်။ သမထ ၀ိပဿနာတို့ဖြစ်ပါတယ်။

Sunday Dhamma School ကျောင်းသူ ကျောင်းသားများလည်းအစိုးရကျောင်းများမှာ ၅ နှစ်သားအရွယ်က စတင်ပြီး ပညာသင်ယူရသလို

၅ နှစ်သားအရွယ်က စတင်ပညာသင်ယူရပါတယ်။အစိုးရကျောင်းမှာရှိတဲ့အတန်းလိုပဲ အတန်းများကို ခွဲခြားသတ်မှတ်ထားပါတယ်။

၁။ သူငယ်တန်း

၂။ ၁ တန်းမှ ၁၀ တန်း (Grade 1 to Grade 10)

၃။ နောက်ဆုံးအဆင့် ၁၊ အဆင့် ၂ (Final 1, 2)ဆိုပြီး

အတန်းပေါင်း ၁၃ တန်း (၁၃-နှစ်) သင်ကြားပေးပါတယ်။

ပြဋ္ဌာန်းစာတွေကတော့ငါးရာ့ငါးဆယ်လာဇာတ်တော်များ၊ ဓမ္မပဒကျမ်းလာ ဘုရားလက်ထက်က အဖြစ်အပျက်များ၊ဗုဒ္ဓ၀င်ကဗျာများ၊

ပါရမီ ၁၀ပါး၊ ဒါန သီလ စတဲ့ ပုညကိရိယ၀တ္ထု ၁၀ ပါးအကြောင်း၊ဘုရားဖြစ်တော်စဉ်ဗုဒ္ဓ၀င်၊ ပရိတ်ကြီးပါဠိ အဓိပ္ပါယ်၊ အဘိဓမ္မာသဘောသဘာဝ၊

သုတ္တနိပါတလာ မှတ်သားဖွယ်ရာများ၊ သီဟိုဠ်ဗုဒ္ဓဘာသာသမိုင်း၊ရှေးဟောင်းယဉ်ကျေးမှု ဗိသုကာများအကြောင်း၊ ရှေးဘုရင်တို့၏အောင်ပွဲနှင့်

စစ်သူကြီးများ၏အစွမ်းသတ္တိတို့ကို ဖော်ပြထားတဲ့ ရာဇ၀င်များ၊ထေရ၀ါဒဗုဒ္ဓဘာသာနဲ့ မဟာယာနဗုဒ္ဓဘာသာအကြောင်းတို့ဖြစ်ပါတယ်။

တနင်္ဂနွေနေ့ နံနက် ၇ - နာရီလောက်ကစပြီး ရိုးရာဝတ်စုံဖြစ်တဲ့ အထက်အောက် အဖြူရောင်ဝတ်စုံကိုသာ ၀တ်ဆင်ပြီးကျောင်းကိုလာကြရပါတယ်။

ပန်း၊ အမွှေးတိုင်၊ ဖယောင်းတိုင်စသည်တို့ကိုယူလာပြီးကျောင်းဝင်း ရှိ ဗောဓိပင်အနီး ပန်းတင်ခုံပေါ်မှာ တင်ထားရပါတယ်။

၈ နာရီခွဲမှာ ကျောင်းသူ ကျောင်းသားများ သူ့နေရာနှင့်သူ တန်စီပြီးပန်း၊ ရေချမ်းစသည်တို့ကို ဘုရားကို ကပ်လှူပါတယ်။

ပြီးတော့ သီလယူပါတယ်။ ကျောင်းတိုက်မှာရှိတဲ့ဆရာတော်က သြ၀ါဒဆက်ပေးပါတယ်။

ပြီးမှ စာသင်ခန်းထဲဝင်ပြီး ဗုဒ္ဓဘာသာယဉ်ကျေးမှုစာများကို စတင်သင်ရပါတယ်။

၁၂ နာရီခွဲမှာ သင်တန်းအားလုံးပြီးပါတယ်။သင်တန်းပြီးချိန်မှာ ကျောင်းသူကျောင်းသားများဟာစာသင်ခန်းထဲကနေပြီး

ဗောဓိပင်ရှိရာမျက်နှာမူကာ မေတ္တာပို့ ဆုတောင်းပြီးစာသင်ခန်းထဲမှ ထွက်ခွါကြရပါတယ်။

ဒီလိုအလေ့အကျင့်ဟာ တစ်ရက်မဟုတ်၊ တစ်လမဟုတ်၊ တစ်နှစ်မဟုတ်၊ ၁၃-နှစ်ကြာ တက်ရကြောင်းသိရပါတယ်။

နောက်တစ်ခုထပ်သိရတာက ဘွဲ့ရလို့ အလုပ်လျှောက်တဲ့အခါမှာလည်းSunday Dhamma School အောင်လက်မှတ်က

အရေးပါပြန်တယ်တဲ့။ဒီအောင်လက်မှတ်ပြနိုင်တဲ့သူ၊Sunday Dhamma School မှာ အမှတ်ကောင်းကောင်းနဲ့အောင်မြင်ခဲ့တဲ့သူဟာ

အလုပ်လျှောက်ရာမှာ များစွာ အထောအကူဖြစ်တယ်တဲ့။ဦးစားပေးခံရတယ်တဲ့။

သီဟိုဠ်နိုင်ငံမှာရှိတဲ့ဗုဒ္ဓဘာသာဝင်တွေနဲ့ပတ်သက်ပြီးသီဟိုဠ်နိုင်ငံမှာနှစ်အတန်ကြာနေဘူးတဲ့မြန်မာဘုန်းကြီးတစ်ပါးက အခုလိုပြောဘူးတယ်။

“သီဟိုဠ်မှာရှိတဲ့ ဗုဒ္ဓဘာသာဝင်ကလေးသူငယ်များဟာဘာသာပြောင်းတယ်ဆိုတာ မရှိဘူး၊ ဘာ့ကြောင့်လဲဆိုရင် ကလေးဘ၀က စတင်ပြီး

အခြေခံဗုဒ္ဓစာပေများကို စနစ်တကျ သင်ယူခဲ့ရသည့်အတွက်ဗုဒ္ဓဘာသာရဲ့တန်ဘိုးကို ကိုယ်ကိုယ်တိုင်သိရှိနေကြပြီလေ၊

ဒီတော့ ကိုယ့်ဗုဒ္ဓဘာသာကို ဘယ်သောအခါမှ ကျောမခိုင်းတော့ဘူး”

ဟုတ်တယ်။ သီဟိုဠ်သားတွေက ဗုဒ္ဓဘာသာကို အသက်နဲ့လဲပြီးချစ်ကြတာ။ဗုဒ္ဓဘာသာကိုတော့ လာမစော်ကားနဲ့။

နည်းနည်းလေးမှ သည်းမခံဘူး။ဒါ့ကြောင့် ဗုဒ္ဓဘာသာနဲ့ပတ်သက်လို့ ကမ္ဘာကို တင်ပြစရာရှိရင်သီဟိုဠ်သားတွေပဲ တင်ပြနေတာ။

ဒို့နိုင်ငံလည်း ဒီလိုသင်တန်းတွေ ဖွင့်ချိန်တန်ပြီ။ဒီတစ်နှစ် နှစ်နှစ်အတွင်း ဒီလိုမျိုးသင်တန်းတွေစနိုင်ရင်အချိန်မနှောင်းသေးဘူးလို့ ယူဆပါတယ်။

ဒီထက်နောက်ကျသွားရင်တော့…။

၊ နန္ဒစိုးမင်း (တန့်ဆည်။) ရေးသည့်ယခင်ဓမ္မစကူးလ်နှင့် ယခုဆန်းဒေးစကူးလ်ကို မှီငြမ်းကာတင်ဆက်လိုက်ပါသည်။

ညီတော်မောင် ၀ီရဓမ္မ(အိန္ဒိယ နာလန္ဒာတက္ကသိုလ်) ၏ ၀က်ဆိုဒ်ကနေ ကူးယူဖော်ပြပေးတာပါ။

(ဓမ္မ၀ီရ အရှင်)

ကိုလံဘို၊သီရိလင်္ကာ
    "မြန်မာတွေအားလုံး ဂုဏ်ယူထိုက်သည့် သီရိလင်္ကာနိုင်ငံ၏ ဘာသာရေးဆောင်ရွတ်မှု"

    သီရိလင်္ကာလို့ခေါ်တဲ့ သီဟိုဠ်နိုင်ငံမှာ ယနေ့ဗုဒ္ဓဘာသာအခြေအနေဘယ်လိုရှိလဲ။

    သီဟိုဠ်နိုင်ငံမှာ ဘာသာရေးပွဲတွေ အထူးသဖြင့် Vesak Festival လို့ခေါ်တဲ့ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော်အခန်းအနားတွေမှာ

    လူကြီး၊လူငယ်၊လူရွယ်၊လူလတ်အကုန်လုံးပါဝင်ဆင်နွှဲကြတာကို တွေ့ခဲ့ဘူးပါတယ်။

    သီဟိုဠ်ဘုန်းကြီးကျောင်းတွေမှာ ၁၀-နှစ်၊ ၁၂-နှစ်အရွယ်ကလေးငယ်လေတွေရဲ့ ဗုဒ္ဓ၀င်ပန်းချီပြိုင်ပွဲ၊ပြပွဲလေးတွေကို တခုတ်တရ ကျင်းပပေးပါတယ်။

    (ဒီ တခုတ်တရဆိုတဲ့ စကားအဓိပ္ပါယ်အပြည့်အ၀မသိသေး၊ သူများသုံးတာတွေ့လို့ သုံးလိုက်တာ)ဘုန်းကြီးများက ပြိုင်ပွဲဝင်ကလေးတွေကို

    အမှတ်တရပစ္စည်းလေးတွေ လက်ဆောင်ပေးပါတယ်။မြန်မာပြည်က အောင်ခြင်းရှစ်ပါးလိုဗုဒ္ဓဘာသာဇာတ်လမ်းနဲ့သက်ဆိုင်တဲ့ ကလေးတွေရေးဆွဲထားတဲ့

    ပန်းချီကားလေးတွေကိုမိဘတွေ မိဘသူငယ်ချင်းတွေ ရပ်ကွက် လူကြီးလူငယ်တွေတငေးတမော လာရောက်ကြည့်ရှုခံစားအားပေးကြပါတယ်။

    အတော်ကြည်နူးစရာပါ။

    ဒီလို ၁၀-နှစ်၊ ၁၂-နှစ်အရွယ်ကလေးငယ်က ဘာလို့ ဗုဒ္ဓ၀င်တွေကို သိပြီး ပန်းချီရေးဆွဲနိုင် ရတာလဲ။

    နောက်အံ့သြဖွယ်တစ်ခု ကြုံခဲ့ရပါသေးတယ်။အင်္ဂလိပ်စာတိုးတက်ဖို့အတွက် သီဟိုဠ်၊ကိုလံဘိုမြို့မှာရှိတဲ့အင်္ဂလိပ်စာအလေးပေးသင်ပေးတဲ့

    ကောလိပ်တစ်ခုတက်ဖြစ်ပါတယ်။ အသက်၁၈နှစ်ဝန်းကျင်လူငယ်လေးတွေနဲ့အတူတက်ရပါတယ်။အဲ့ကောလိပ်မှာ

    နိုင်ငံခြားသားဦးဇင်းတွေလဲ တက်ကြပါတယ်။အဲတုန်းက ကမ္ဗောဒီးယားနိုင်ငံက ဦးဇင်းလေးတစ်ပါးနဲ့ စာသင်ခန်း တစ်ခန်းထဲမှာ အတူသင်ရတယ်။ အဲ့ဒီဦးဇင်းလေးက အတော်အနောက်သန်တာပဲ။

    တစ်နေ့အတန်းဖော်ကောင်လေးတစ်ယောက်ကို သူပြောတယ်။မင်းတို့နိုင်ငံက ကလေးမတွေ အသားမဲလို့ မလှဘူးထင်နေတာ။

    အင်း၊ တချို့ကလေးမတွေက လှသားပဲ။ ချစ်ဖွယ်ကောင်းသားပဲတဲ့။ သူသုံးနှုန်းတဲ့အင်္ဂလိပ်စကားကကတော့

    I thought the girls in your country are not pretty as their complexion is dark;But some are pretty and lovely

    လို့ထင်တယ်။ကောင်းကောင်းတော့ မမှတ်မိတော့ပါဘူး။ ကမ္ဗောဒီယားဦးဇင်းကဒီလိုပြောတော့အပြောခံရတဲ့ အတန်းဖော်သီဟိုဠ်ကုလားလေးက
     တဏှာယ ဇာယတီ သောကော၊ တဏှာယ ဇာယတီ ဘယံတဏှာယ ၀ိပ္ပမုတ္တဿ၊ နတ္တိ သောကော ကုတော ဘယံဆိုတဲ့ ဓမ္မပဒပါဠိတော်မှာလာတဲ့ ဂါထာလေးတစ်ပုဒ်ကို ရွတ်ဆိုပြတယ်ဗျာ။ ကမ္ဗောဒီးယားဦးဇင်းတောင် မျက်လုံးပြူးသွားတယ်။

    ဂါထာရဲ့အဓိပ္ပါယ်က

    From craving springs grief, from craving springs fear;

    For him who is wholly free from craving

    There is no grief, much less fear. တဲ့။

    မြန်မာလိုတော့

    လိုချင်တတ်မက်တတ်တဲ့တဏှာကြောင့် စိုးရိမ် ကြောက်ရွံ့စိတ်တွေဖြစ်ပေါ်လာတတ်ပြီး လိုချင်တတ်မက်တတ်တဲ့တဏှာက လွတ်ကင်းအောင် နေထိုင်နိုင်မှသာစိုးရိမ်ကြောက်ရွံ့စိတ်တွေ ကင်းဝေးမှာ။

    ဒီနေရာမှာ ပြောချင်တာကသီဟိုဠ်နိုင်ငံက ဆယ်ကျော်သက်တွေ ဘာလို့များ ဘယ်လိုကြောင့်ဒီလိုပါဠိဂါထာတွေကို သိနေပြီး လိုရင်လိုသလို အသုံးချနိုင်ရတာလဲ။

    စုံစမ်းကြည့်တော့ သီဟိုဠ်နိုင်ငံမှာရှိတဲ့Sunday Dhamma School(တနင်္ဂနွေနေ့ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း)ကြောင့်ဆိုတာ သိလာရတယ်။

    သီဟိုဠ်နိုင်ငံမှာ ဗုဒ္ဓဘာသာကျောင်းသူကျောင်းသားတိုင်းတနင်္ဂနွေနေ့မှာ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို တက်ရတယ်။ ဒီလိုမျိုးသင်တန်းကို ၁၈၈၁ ခုနစ်ကတည်းက စတင်သင်ကြားပို့ချခဲ့တာတဲ့။ဆိုတော့ အခု နှစ်ပေါင်း ရာကျော်သွားပြီ။ ဒါ့ကြောင့် အခုသီဟိုဠ်နိုင်ငံကို အုပ်ချုပ်နေတဲ့ သမ္မတ၊ ၀န်ကြီး၊ ဗိုလ်ချုပ်ကြီးများဟာSunday Dhamma School ကျောင်းဆင်းတွေချည်းပါဘဲတဲ့။

    Sunday Dhamma School ကို စတင်တည်ထောင်သူကတော့အမေရိကန်နိုင်ငံသား သာသနာ့အလံကို

    တည်ထွင်သူHenry Olcott ဆိုသူဖြစ်ပါတယ်တဲ့။ဗုဒ္ဓ၀င်၊ ရာဇ၀င်၊ ယဉ်ကျေးမှုစတာတွေကို သင်ပေးတာပါ။

    နိုင်ငံတော်အစိုးရကိုယ်တိုင်က ပညာရေးစနစ်ကို စနစ်တကျ သတ်မှတ်ပေးပြီးစည်းမျဉ်းဥပဒေနဲ့အညီ ဖွင့်လစ်ပေးထားတာပါ။

    သင်တန်းနေရာက ဘုန်းကြီးကျောင်းမှာပဲ။

    အချို့စွမ်းနိုင်တဲ့ဘုန်းကြီးများကSunday Dhamma School မှာ ကျောင်းအုပ်အဖြစ်တာဝန်ယူပြီးဆရာ ဆရာမများနဲ့ ၀ိုင်းဝန်းသင်ကြားပေးပါတယ်။

    အချို့ဘုန်းကြီးများကတော့ အကူလောက်ပါဘဲ။ဆရာ၊ ဆရာမတွေက စေတနာ့ဝန်ထမ်းတွေပါ။ဆရာ၊ ဆရာမဖြစ်ဖို့ သင်တန်းတက်ရပါတယ်။

    ဆရာဖြစ်သင်တန်းမှာ

    ၁၊ ကုသိုလ်ကံ အကုသိုလ်ကံ၊ ကံ၏အကျိုးတရားများ

    ၂။ ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ

    ၃။ ပဋိစ္စသမုပ္ပါဒ်။ သမထ ၀ိပဿနာတို့ဖြစ်ပါတယ်။

    Sunday Dhamma School ကျောင်းသူ ကျောင်းသားများလည်းအစိုးရကျောင်းများမှာ ၅ နှစ်သားအရွယ်က စတင်ပြီး ပညာသင်ယူရသလို

    ၅ နှစ်သားအရွယ်က စတင်ပညာသင်ယူရပါတယ်။အစိုးရကျောင်းမှာရှိတဲ့အတန်းလိုပဲ အတန်းများကို ခွဲခြားသတ်မှတ်ထားပါတယ်။

    ၁။ သူငယ်တန်း

    ၂။ ၁ တန်းမှ ၁၀ တန်း (Grade 1 to Grade 10)

    ၃။ နောက်ဆုံးအဆင့် ၁၊ အဆင့် ၂ (Final 1, 2)ဆိုပြီး

    အတန်းပေါင်း ၁၃ တန်း (၁၃-နှစ်) သင်ကြားပေးပါတယ်။

    ပြဋ္ဌာန်းစာတွေကတော့ငါးရာ့ငါးဆယ်လာဇာတ်တော်များ၊ ဓမ္မပဒကျမ်းလာ ဘုရားလက်ထက်က အဖြစ်အပျက်များ၊ဗုဒ္ဓ၀င်ကဗျာများ၊

    ပါရမီ ၁၀ပါး၊ ဒါန သီလ စတဲ့ ပုညကိရိယ၀တ္ထု ၁၀ ပါးအကြောင်း၊ဘုရားဖြစ်တော်စဉ်ဗုဒ္ဓ၀င်၊ ပရိတ်ကြီးပါဠိ အဓိပ္ပါယ်၊ အဘိဓမ္မာသဘောသဘာဝ၊

    သုတ္တနိပါတလာ မှတ်သားဖွယ်ရာများ၊ သီဟိုဠ်ဗုဒ္ဓဘာသာသမိုင်း၊ရှေးဟောင်းယဉ်ကျေးမှု ဗိသုကာများအကြောင်း၊ ရှေးဘုရင်တို့၏အောင်ပွဲနှင့်

    စစ်သူကြီးများ၏အစွမ်းသတ္တိတို့ကို ဖော်ပြထားတဲ့ ရာဇ၀င်များ၊ထေရ၀ါဒဗုဒ္ဓဘာသာနဲ့ မဟာယာနဗုဒ္ဓဘာသာအကြောင်းတို့ဖြစ်ပါတယ်။

    တနင်္ဂနွေနေ့ နံနက် ၇ - နာရီလောက်ကစပြီး ရိုးရာဝတ်စုံဖြစ်တဲ့ အထက်အောက် အဖြူရောင်ဝတ်စုံကိုသာ ၀တ်ဆင်ပြီးကျောင်းကိုလာကြရပါတယ်။

    ပန်း၊ အမွှေးတိုင်၊ ဖယောင်းတိုင်စသည်တို့ကိုယူလာပြီးကျောင်းဝင်း ရှိ ဗောဓိပင်အနီး ပန်းတင်ခုံပေါ်မှာ တင်ထားရပါတယ်။

    ၈ နာရီခွဲမှာ ကျောင်းသူ ကျောင်းသားများ သူ့နေရာနှင့်သူ တန်စီပြီးပန်း၊ ရေချမ်းစသည်တို့ကို ဘုရားကို ကပ်လှူပါတယ်။

    ပြီးတော့ သီလယူပါတယ်။ ကျောင်းတိုက်မှာရှိတဲ့ဆရာတော်က သြ၀ါဒဆက်ပေးပါတယ်။

    ပြီးမှ စာသင်ခန်းထဲဝင်ပြီး ဗုဒ္ဓဘာသာယဉ်ကျေးမှုစာများကို စတင်သင်ရပါတယ်။

    ၁၂ နာရီခွဲမှာ သင်တန်းအားလုံးပြီးပါတယ်။သင်တန်းပြီးချိန်မှာ ကျောင်းသူကျောင်းသားများဟာစာသင်ခန်းထဲကနေပြီး

    ဗောဓိပင်ရှိရာမျက်နှာမူကာ မေတ္တာပို့ ဆုတောင်းပြီးစာသင်ခန်းထဲမှ ထွက်ခွါကြရပါတယ်။

    ဒီလိုအလေ့အကျင့်ဟာ တစ်ရက်မဟုတ်၊ တစ်လမဟုတ်၊ တစ်နှစ်မဟုတ်၊ ၁၃-နှစ်ကြာ တက်ရကြောင်းသိရပါတယ်။ နောက်တစ်ခုထပ်သိရတာက ဘွဲ့ရလို့ အလုပ်လျှောက် တဲ့အခါမှာလည်းSunday Dhamma School အောင်လက်မှတ်က အရေးပါပြန်တယ်တဲ့။ ဒီအောင်လက်မှတ်ပြနိုင်တဲ့သူ၊Sunday Dhamma School မှာ အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ခဲ့တဲ့သူဟာ အလုပ်လျှောက်ရာမှာ များစွာ အထောအကူဖြစ်တယ်တဲ့။ ဦးစားပေးခံရတယ်တဲ့။ သီဟိုဠ်နိုင်ငံမှာရှိတဲ့ဗုဒ္ဓဘာသာဝင်တွေနဲ့ပတ်သက်ပြီးသီဟိုဠ်နိုင်ငံမှာနှစ်အတန်ကြာနေဘူးတဲ့မြန်မာဘုန်းကြီးတစ်ပါးက အခုလိုပြောဘူးတယ်။
     “သီဟိုဠ်မှာရှိတဲ့ ဗုဒ္ဓဘာသာဝင်ကလေးသူငယ်များဟာဘာသာပြောင်းတယ်ဆိုတာ မရှိဘူး၊ ဘာ့ကြောင့်လဲဆိုရင် ကလေးဘ၀က စတင်ပြီး အခြေခံဗုဒ္ဓစာပေများကို စနစ်တကျ သင်ယူခဲ့ရသည့်အတွက်ဗုဒ္ဓဘာသာရဲ့တန်ဘိုးကို ကိုယ်ကိုယ်တိုင်သိရှိနေကြပြီလေ၊

    ဒီတော့ ကိုယ့်ဗုဒ္ဓဘာသာကို ဘယ်သောအခါမှ ကျောမခိုင်းတော့ဘူး”

    ဟုတ်တယ်။ သီဟိုဠ်သားတွေက ဗုဒ္ဓဘာသာကို အသက်နဲ့လဲပြီးချစ်ကြတာ။ဗုဒ္ဓဘာသာကိုတော့ လာမစော်ကားနဲ့။ နည်းနည်းလေးမှ သည်းမခံဘူး။ဒါ့ကြောင့် ဗုဒ္ဓဘာသာနဲ့ပတ်သက်လို့ ကမ္ဘာကို တင်ပြစရာရှိရင်သီဟိုဠ်သားတွေပဲ တင်ပြနေတာ။

    ဒို့နိုင်ငံလည်း ဒီလိုသင်တန်းတွေ ဖွင့်ချိန်တန်ပြီ။ဒီတစ်နှစ် နှစ်နှစ်အတွင်း ဒီလိုမျိုးသင်တန်းတွေစနိုင်ရင်အချိန်မနှောင်းသေးဘူးလို့ ယူဆပါတယ်။

    ဒီထက်နောက်ကျသွားရင်တော့…။ ၊ နန္ဒစိုးမင်း (တန့်ဆည်။) ရေးသည့်ယခင်ဓမ္မစကူးလ်နှင့် ယခုဆန်းဒေးစကူးလ်ကို မှီငြမ်းကာတင်ဆက်လိုက်ပါသည်။ ညီတော်မောင် ၀ီရဓမ္မ(အိန္ဒိယ နာလန္ဒာတက္ကသိုလ်) ၏ ၀က်ဆိုဒ်ကနေ ကူးယူဖော်ပြပေးတာပါ။

    (ဓမ္မ၀ီရ အရှင်) ကိုလံဘို၊သီရိလင်္ကာ

Unknown | 10:48 AM | Be the first to comment! Unknown | 10:48 AM | Be the first to comment!
Unknown | 10:48 AM | Best Blogger Tips
Photo: အခုတစ်လော လူပြောများနေတဲ့ မြန်မာတိုင်း(စ်) အမှုမှ ရော့စ်ဒန်ကလီ

[ကိုယ်ထိလက်ရောက်မှုအား ရင်ဆိုင်နေစဉ်အတွင်း (၂၀၁၁ခု မတ်လ)]

Ross Dunkley (C), co-founder of the Myanmar Times newspaper, is escorted by Myanmar policemen at the Kamaryut township court in Yangon on March 3, 2011. An Australian media boss who blazed a trail into military-ruled Myanmar was charged in court with assault in a case some observers say highlights the risks of doing business in the country. (Soe Than WIN/AFP/Getty Images)

ရာဇာဓိ ရာဇာအခုတစ်လော လူပြောများနေတဲ့ မြန်မာတိုင်း(စ်) အမှုမှ ရော့စ်ဒန်ကလီ

[ကိုယ်ထိလက်ရောက်မှုအား ရင်ဆိုင်နေစဉ်အတွင်း (၂၀၁၁ခု မတ်လ)]

Ross Dunkley (C), co-founder of the Myanmar Times newspaper, is escorted by Myanmar policemen at the Kamaryut township court in Yangon on March 3, 2011. An Australian media boss who blazed a trail into military-ruled Myanmar was charged in court with assault in a case some observers say highlights the risks of doing business in the country. (Soe Than WIN/AFP/Getty Images)

ရာဇာဓိ ရာဇာ
ကိုသောင်းမြေပုလဲ ထံမှကူးယူဖေါ်ပြသည်

ကိုယ်တွေ့နေမျိုးဇင်

Unknown | 10:45 AM | Be the first to comment! Unknown | 10:45 AM | Be the first to comment!
Unknown | 10:45 AM | Best Blogger Tips
Photo: ဘာမထီ
ပုဒ် မ ၁၈ ကျူးလွန်သည်ဟု ဆိုကာ ကျနော့်အား ပန်းတနော်မြို့ အထွက် ဗိုလ်မြတ်ထွန်း တံတားထိပ်တွင် ပန်းတနော် စခန်းမှူး ကျော်အေးထူး က လက်ထိပ်ခတ်ကာ ဖမ်းဆီး ပြီး သုံးမိုင်ခန့် ဝေးသည့် ပန်းတနော်မြို့နယ် ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

၈ ရက် နေ့ က ကျနော် သွားရောက်ခဲ့သော သရက်နှစ်ပင်ကျေးရွာနှင့် အောက် ကန်စင်းကုန်း ကျေးရွာတို့တွင် ခွင့်ပြုချက် မရပဲ လူထု အား စကားပြောဆိုခဲ့မှုနှင့် ယနေ့ ကျင်းပ ပြုလုပ်သော လွှတ်တော် ဥက္ကဌကြီး သရေစည်သူ ဦးဆန်းဆင့်အား လက်ရှိ နေရာမှ မပြောင်းရွေ့ပဲ ဧရာဝတီတိုင်း ဒေသကြီးပြည်သူတို့ အကျိုးစီးပွားကို ဆက်လက်ဆောင်ရွက်နိုင်ပါစေကြောင်း လူထု စုပေါင်း ဆန္ဒ ဖေါ်ထုတ်ပွဲတွင် ခွင့်ပြုချက် မရပဲ ပြုလုပ်ခဲ့သည့် အကြောင်းများကို လက်ထိပ် တန်းလန်းဖြင့် တစ်နာရီကျော်ခန့် ထားပြီး စစ်မေးပါသည်။

မြို့နယ်မှူး ဒုရဲမှူး ၀င်းမြင့်ထူး ကိုယ်တိုင် အနီးကပ် ကွပ်ကဲပြီး စစ်ဆေးမေးမြန်းစေသည်။

ပုဒ်မ ၁၈ ကျူးလွန်သည့် ကျနော်ကို ခံဝန်ဖြင့် သော်လည်းကောင်း ၊ အာမခံသူဖြင့် သော်လည်းကောင်း ပြန်လွှတ်ပေးနိုင်သည် ၊ အာမခံ ယူမည်လား မေးသည်။ ကျနော်က မယူလို။ ခံဝန်လက်မှတ် ရေးထိုးပါ ဆိုသည် ကျနော်က မထိုး။ ၂၄ နာရီ ချုပ်နှောင်ထားပိုင်ခွင့် ရှိသည်ဟု ဆိုသည်။ ကျနော်ကလည်း အချုပ်ထဲ ၀င်ရန် အသင့်။ အခြေ အတင် တင်းမာမှုဖြစ်သည်။

သူတို့ ရဲတပ်ဖွဲ့ က လုပ်ပိုင်ခွင့်ထက်ပိုသော ၀ရမ်းမပါ။ ဗလာချည်ဖြင့် ကျနော့်ကို လက်ထိပ်ခတ် ဖမ်းဆီးခဲ့ပြီး၊ ပုဒ် မ ၁၈ ဟု အတင်းစွပ်စွဲကာ ကျနေိာ့ကိုဖမ်းဆီးခြင်း အတွက် ရဲတပ်ဖွဲ့ လုပ်ဆောင်ချက် မှန်ကန်သည်ဆိုလျှင် ဖမ်းဆီးထားနိုင်သည်။ ကျနော်ကတော့ ခံဝန်လည်း မထိုး၊ အာမခံမည့်သူလည်း လက်ခံမည် မဟုတ်။ ဟု ဆိုသည်။

ဖုန်းများ တရစပ် ၀င်လာသည်။ ရဲမှူးနှင့် စခန်းမှူး တို့ တိုးတိုး တိုးတိုးဖြင့် အကြာကြီးများ ပြောကြသည်။ ရဲ စခန်းတွင် ကျနော် တနာရီခန့် ကြာလာပြီ လက်ထိပ်က မဖြုတ်ပေးသေ။

မကြာမှီ မြို့နယ် မှူးဝင်လာပြီး ပြန်လွှတ်ပေးလိုက်သော တင်းမာသော နှဖူးကြောကြီးများ၊ မျက်ဝန်းဒေါသကြီးများဖြင့် လာပြောသည်။ မိထားသော အမဲ တကောင် လွတ်လေပြီလား။။

ကျနော်က အပြစ်ရှိတယ် ဆိုလျှင် အရေးယူပါ။ အပြစ်မရှိလို့ ပြန်လွတ်မယ် ဆိုလည်း သုံးမိုင် အကွာအဝေးတွင် ထားခဲ့ရသည့် ( ရန်ကုန်မှ ကျနော် ငှားယူ မောင်းနှင်လာသည့် ဂျစ်ကားဟောင်းလေးဆီ) ပြန်လိုက်ပို့ပေးရန် တောင်းဆိုသည်။

ရဲမြို့နယ်မှူးက မင်းဟာမင်း ကြိုက်သလိုပြန် လိုက်မပို့နိုင်ဟု ဆိုသည်။

သခင် အားရ ကျွန်ပါုးဝ သော မျက်နှာပေးဖြင့် စခန်းမှူးက မင်းဟာမင်း လေးဘက် ထောက်ပြီး ပြန်။ လိုက်မပို့နိုင်ဟု ဆိုသည်။

ပြည်ထဲ ရေး ၀န်ကြီးဌာန လက်အောက် ခံမြန်မာနိုင်ငံ ရဲတပ်ဖွဲု့ဧ။် မူလ စရိုက်များ ပီပြင်အောင် ဖေါ်ပြတော့သည်။

ကျနော်က လိုက် မပို့လျှင် မပြန်နိုင်ကြောင်း ရဲစခန်း ဂိတ် အနီးတွင်ပင် ထိုင်နေရာ ၊ ရဲအင်အားများဖြင့် အင်အားသုံး ဆွဲမ ထုတ်ရန် မြို့နယ်မှူး က အမိန့်ပေးသည်။

ရဲ ခြောက်ယောက်ခန့်က ကျနော်ကို ဆွဲမက ရဲစခန်း အပြင်ပသို့ ပစ်ချသည်။

ကျနော်က လက်ကောက်ဝတ်မှ လက်ထိပ်ရာကို ပြ ရင်း မပြန်နိုင်ကြောင်း စခန်း အရှေ့ တွင်ပင် အိပ်မည့် အကြောင်း ပြောသည်။

ဒေါသ အလွန် ထွက်နေသော မြို့နယ်မှူးက ကား ထုတ်ရန် အမိန့်ပေးပြီး ဖမ်းခေါ်လာရာ ဗိုလ်မြတ်ထွန်း တံတား သို့ ပြန်လိုက်ပို့ရန် ဒေါသများဖြင့် ဆဲဆို အမိန့်ပေးသည်။

ဗိုလ်မြတ်ထွန်း တံတားနားသို့ ရောက်လာသည်။ ကျနော်တို့ လယ်သမား များ အဖွဲ့က ကျနော့် တို့ ဂျစ်ကားလေးကို ရွေ့မောင်း ယူထားသည်ကို တွေ့ရသည်။ မိုင်တိုင်အမှတ် ၄၆ ငါးဖါလုံ တွင် ကားရပ်ရန် ကျနော်က ပြောသော အခါ လိုက်ပို့သည့် စခန်းမှူးက ရပ်မပေးနိုင် အတင်းဆက်မောင်းရန် ပြောသည်။ ကျနော်က ဒါဆို ကျမ်းမာရေး အရ ကျူပ် ဆီးသွားချင်လို့ ခွင့်တောင်းတယ်။ ရပ်ပေးပါ ဆိုလည်း မရပ်ပေးပဲ စွတ်မောင်းရန်သာ အမိန့်ပေးသည်။

သို့ဖြင့် ကျနော်က ဘောင်းဘီး ဇစ်ကို ချွတ်ပြီး သူ့ ကျောပြင်ပေါ် ဆီးစွန့်ရန် ဟန်ပြင်တော့မှ ကားကို ရပ်ပေးလေတော့သတည်။

ယခု ရန်ကုန်သို့ ပြန်လာနေပါပြီ။ မနက်ဖြန် မြင်ကွင်း အားလုံးကို အသေးစိတ် ပြန်လည် တင်ပြပါမည်။
------------------------
နေမျိုးဇင်ဘာမထီ

နေမျိုးဇင်
ကိုသောင်းမြေပုလဲ မှကူးယူဖေါ်ပြသည်

Unknown | 10:39 AM | Be the first to comment! Unknown | 10:39 AM | Be the first to comment!
Unknown | 10:39 AM | Best Blogger Tips

Photo: မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သာမည ဆရာတော် ဘုရားကြီးတို့ အမှတ်တရ ဓာတ်ပုံ

စစ်အစိုးရရဲ့ သံဃာထုအပေါ် ထိန်းကွပ်အုပ်ချုပ်နိုင်အောင် ဖွဲ့စည်းထားတဲ့ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ချုပ်မှာ သာမည ဆရာတော် ဘုရားကြီးကို ပါဝင် အားဖြည့်ဖို့ သွားရောက် လျှောက်ထားဖူးကြောင်း သတင်း ရခဲ့ပါတယ်။ အဲဒီအချိန်မှာ သာမည ဆရာတော် ဘုရားကြီးဟာ သူ့အနေနဲ့ အေးအေးချမ်းချမ်း နေလိုကြောင်းနဲ့ အခုလို အဖွဲ့အစည်းမျိုး မ၀င်ချင်ကြောင်း ပြန်လည် ပြောကြားလိုက်တဲ့အတွက် စစ်အစိုးရဟာ အောက်သီးအောက်သတ် ဖြစ်သွားခဲ့ပါတယ်။

နောက်ပြီး ကရင်ပြည်နယ်ရှိ အချို့မြို့နယ်တွေမှာ လမ်းတံတား အသစ် ဖောက်လုပ်ဖို့ ကိစ္စအား ဆရာတော် ဘုရားကြီးမှ ကမကထ လုပ်ချင်တာကို ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ ဇနီး ဒေါ်ကြိုင်ကြိုင် (ပအိုဝ်းလူမျိုး) က ကြားဝင်လို့ ဆရာတော် ဘုရားကြီး စိတ်အနှောင့်အယှက် ဖြစ်ခဲ့ဖူးပါတယ်။

အဲဒီနောက် ဆရာတော် ဘုရားကြီးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံလိုက်တော့ စစ်အစိုးရအတွက် ပိုပြီး စိတ်ဆိုးသွားစရာ ဖြစ်သွားပါတယ်။ သာမည ဆရာတော် ဘုရားကြီးရဲ့ လူထုအပေါ် နားလည်သနား ကိုယ်ချင်းစာပြီး အမှန်တရားဘက် ရပ်တည် ခဲ့တာမို့ ဗုဒ္ဓဘုရားရှင်နဲ့တကွ နတ်ကောင်းနတ်မြတ် အစောင့်များဟာ ဆရာတော် ဘုရားကြီးရဲ့ ဘုန်းတန်ခိုးတော် သြဇာပိုမို ကြီးထွားလာအောင် တွန်းအားပေးခဲ့တယ်လို့ဘဲ ကျွန်တော် ကိုဖိုးတရုတ် သုံးသပ်ရပါကြောင်းပါ ခင်ဗျား
--------------------------------------------------------------
Shu Maung shared Phota Yoke's photo.မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သာမည ဆရာတော် ဘုရားကြီးတို့ အမှတ်တရ ဓာတ်ပုံ
ကိုသောင်းမြေပုလဲ - ထံမှကူးယူဖေါ်ပြပါသည်။
စစ်အစိုးရရဲ့ သံဃာထုအပေါ် ထိန်းကွပ်အုပ်ချုပ်နိုင်အောင် ဖွဲ့စည်းထားတဲ့ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ချုပ်မှာ သာမည ဆရာတော် ဘုရားကြီးကို ပါဝင် အားဖြည့်ဖို့ သွားရောက် လျှောက်ထားဖူးကြောင်း သတင်း ရခဲ့ပါတယ်။ အဲဒီအချိန်မှာ သာမည ဆရာတော် ဘုရားကြီးဟာ သူ့အနေနဲ့ အေးအေးချမ်းချမ်း နေလိုကြောင်းနဲ့ အခုလို အဖွဲ့အစည်းမျိုး မ၀င်ချင်ကြောင်း ပြန်လည် ပြောကြားလိုက်တဲ့အတွက် စစ်အစိုးရဟာ အောက်သီးအောက်သတ် ဖြစ်သွားခဲ့ပါတယ်။

နောက်ပြီး ကရင်ပြည်နယ်ရှိ အချို့မြို့နယ်တွေမှာ လမ်းတံတား အသစ် ဖောက်လုပ်ဖို့ ကိစ္စအား ဆရာတော် ဘုရားကြီးမှ ကမကထ လုပ်ချင်တာကို ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ ဇနီး ဒေါ်ကြိုင်ကြိုင် (ပအိုဝ်းလူမျိုး) က ကြားဝင်လို့ ဆရာတော် ဘုရားကြီး စိတ်အနှောင့်အယှက် ဖြစ်ခဲ့ဖူးပါတယ်။

အဲဒီနောက် ဆရာတော် ဘုရားကြီးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံလိုက်တော့ စစ်အစိုးရအတွက် ပိုပြီး စိတ်ဆိုးသွားစရာ ဖြစ်သွားပါတယ်။ သာမည ဆရာတော် ဘုရားကြီးရဲ့ လူထုအပေါ် နားလည်သနား ကိုယ်ချင်းစာပြီး အမှန်တရားဘက် ရပ်တည် ခဲ့တာမို့ ဗုဒ္ဓဘုရားရှင်နဲ့တကွ နတ်ကောင်းနတ်မြတ် အစောင့်များဟာ ဆရာတော် ဘုရားကြီးရဲ့ ဘုန်းတန်ခိုးတော် သြဇာပိုမို ကြီးထွားလာအောင် တွန်းအားပေးခဲ့တယ်လို့ဘဲ ကျွန်တော် ကိုဖိုးတရုတ် သုံးသပ်ရပါကြောင်းပါ ခင်ဗျား
--------------------------------------------------------------
Shu Maung shared Phota Yoke's photo.

Unknown | 10:34 AM | Be the first to comment! Unknown | 10:34 AM | Be the first to comment!
Unknown | 10:34 AM | Best Blogger Tips

မျောက်ဂေါင်း မျီူးညွှန့် (သို့) ဒုတိယဗိုလ်ချုပ်ကြီး မျိုးညွန့်

၁၉၈၉ ခုနှစ်

အာဇာနည်နေ့ ချီတက်ပွဲ နှိမ့်နှင်းရေး

စစ်တရားခံ

မသေသေးပါ ...

--------------------------------------
၁၉၈၉ ခု အာဇာနည် နေ့ ရေခဲဆိုင် မှတ်တိုင် မှာ အာဇာနည်ကုန်းကို ချီတက်လာတဲ့ ကျောင်းသားတွေ ကို အရှေ့ ကနေ လော်စပီကာ နဲ့အော်ပြီးပစ်မိန့်ပေးတာ သူဘဲ ရာနဲချီတဲ့ ကျောင်းသား၊ကျောင်းသူတွေ အဖမ်းခံခဲ့ ရပြီး ခွပ်ဒေါင်းအလံတော် မြေမကြအောင် ပြေးပြီးကိုင်တဲ့ ကျောင်းသူ ကို မျက်လုံးကျွှတ်ထွက်အောင် နံပတ်တုတ်နဲ့ ကျနော်တို့ အရှေ့မှာ အရိုက်ခံရတယ် သူဟာ မျောက်ဂေါင်းမျိုးညွှန့် (သို့) စစ်တရားခံ
------------------------------------------------------
Hnin Hnin Hmway shared Zaw Ye

ကလေးဒေသမြွေတောင်ဖားတောင်စောင့်ကြည့်ရေးအဖွဲ့ မြွေတောင်ဒေသခံကျေးရွာများသို့ကွင်းဆင်းဆွေးနွေး ဟောပြောမှုများစတင်

Unknown | 10:22 AM | Be the first to comment! Unknown | 10:22 AM | Be the first to comment!
Unknown | 10:22 AM | Best Blogger Tips

January 28, 2013
Home, သတင်း
http://www.hotnewsweekly.com/

ချင်းပြည်နယ်တီးတိန်မြို့နယ်  အတွင်း၌ တည်ရှိပြီးကလေးမြို့နယ် နယ်နိမိတ်စည်းရိုးပေါ်တွင်တည် ရှိသောမြွေတောင်ဖားတောင်ဓာတ်သတ္တူတူးဖော်ရေးကို အာရှရိုက် တင်းကုမ္ပဏီမှတူးဖော်လုပ်ကိုင်မည်  ဟုသတင်းရှိပြီး၊ ပြီးခဲ့သည့်လများ မှ စတင်၍ စမ်းသပ်မှုများ၊ ဒေသ ခံကျေးရွာများသို့ကုမ္ပဏီမှ တာဝန်  ရှိများလာရောက်၍သဘောတူ လက်မှတ်ထိုးခိုင်းမှုများ၊ ဆေးရုံ၊ ဆေးခန်း၊ ကျောင်းဆောင်လုပ်ပေး  မည်၊ လမ်းဖောက်လုပ်ပေးမည်၊ ကမ်းလှမ်းစည်းရုံးမှုများရှိနေကြောင်း  ကျေးရွာဒေသခံများမှပြောဆိုလာ သည့်အတွက် မြွေတောင်ဖား တောင်စောင့်ကြည့်ရေးအဖွဲကို ဇန်န၀ါရီလ (၁၀) ရက်နေ့တွင် ကလေးမြို့ဆရာတော်များဦးစီး၍ မဖြစ်မနေဖွဲ့စည်းခဲ့ရကြောင်း သိရသည်။
“မြွေတောင်ဖားတောင်က စစ်ကိုင်တိုင်းဒေသကြီးကလေး နယ်ဖက်ကတော့မဟုတ်ဘူး။ ဒါပေမဲ့ ကလေးနယ်စည်းရိုးပေါ်  မှာပါ။ မြွေတောင်ဖားတောင်ကို တူးမယ်ဖော်မယ်ဆိုရင်ပထမဦးဆုံး ကလေးဒေသလယ်ကွင်းတွေထဲ ကလမ်းဖောက်လုပ်လာမယ်၊ မြေ စာခဲတွေ လယ်ကွင်းထဲကိုလာပုံ မယ်၊ နောက်ဆုံးဒိုင်းနမိုင်းခွဲမယ် ဆိုရင်လည်း ကလေးနယ်ကရွာ  တွေပြေးကြရမှာပါ။ မြွေတောင် ဖားတောင်ပေါ်ကစီးဆင်းလာတဲ့ ရေ၊ မြွေတောင်ဖားတောင်ကထွက်  တဲ့ သစ်၊ ၀ါးတွေကလေးနယ်ဖက် ကသုံးစွဲကြရတာဖြစ်ပါတယ်။ မြွေ တောင်ဖားတောင်စီမံကိန်းကြောင့်  ထိခိုက်စရာရှိရင်ကလေးနယ်က အထိအနာဆုံးဖြစ်မှာပါ။ တောင်  ၀န်းကျင်မှာကလေးနယ်ဖက်က လယ်မြေဧက (၃၀၀၀) ရှိတယ်၊ အုပ်စုရွာကြီးတွေ (၄) ရွာရှိတဲ့ အပြင်တောင်ခြေမှာ မြစိမ်း၊ မြလင်းဆိုတဲ့ရွာတွေကလည်း လေးငါးရွာလောက်ရှိတယ်တောင် ပေါ်တီးတိန်နယ်မှာ တိုင်းရင်းသား  ရွာ (၁၈) ရွာရှိတယ်။ အဲဒီရွာ တွေအားလုံးဒုက္ခရောက်ကြရမှာ ပါ။ အဲဒီထဲမှာ ပတ်ဝန်းကျင်ကိစ္စ၊ ဘေးထွက်ဆိုးကျိုးတွေမပါသေး ဘူး။ အဓိကတော့ဒေသခံတွေအပေါ် ထင်သာမြင်သာမရှိတာပါ”ဟု မြွေတောင်ဖားတောင်စောင့်ကြည့်  ရေးအဖွဲ့မှနေသာဆရာတော်မှ မိန့်ပါသည်။
ယခုအခါမြွေတောင်ဖားတောင်  ၀န်းကျင်ကျေးရွာများသို့ မြေ အောက်ဓာတ်သတ္တုတူးဖော်ရေး နှင့် ပတ်သက်၍ဖြစ်ပေါ်လာမည့်  ကောင်းကျိုးဆိုးကျိုးဗဟုသုတများ ဒေသခံကျေးရွာသူရွာသားတို့ သိသင့်သိထိုက်သောနိုင်ငံတကာ ဓာတ်သတ္တုတူးဖော်ရေးစည်းမျဉ်း စည်းကမ်းများ၊ လေထုမြေထုရေ ထုကြောင့်ဖြစ်ပေါ်လာနိုင်သည့်  ဘေးဆိုးများတို့ကို မြွေတောင်ဖား  တောင်စောင့်ကြည့်ရေးအဖွဲ့မှ ကလေးဒေသကျေးရွာများနှင့် တောင်ပေါ်ကျေးရွာများသို့လှည့် လည်ဟောပြောမှုများဆောင်ရွက်  လျက်ရှိကြောင်း သိရသည်။ ယခု မြွေတောင်ဖားတောင်စောင့်ကြည့် ရေးအဖွဲ့တွင် ကလေးမြို့နေသာ ဆရာတော်ဦးဆောင်၍ ကလေး မြို့ (၈၈) အင်အားစုအဖွဲ့၊ ရှစ်လေးလုံးအဖွဲ့၊ အထက်ချင်းတွင်းအဖွဲ့၊ ဇိုမီးလူငယ်အဖွဲ့၊ ကလေးတက္ကသိုလ် အဖွဲ့၊ ဘာသာရေးပရဟိတအသင်း  အဖွဲ့ပေါင်းစုံပါဝင်ကြောင်း သိရ  သည်။

ကာတွန့်ပညာနဲ့ ပြည်သူ့အတွက် ဒီမိုကရေစီ

Unknown | 8:21 AM | Be the first to comment! Unknown | 8:21 AM | Be the first to comment!
Unknown | 8:21 AM | Best Blogger Tips

by U Ko Vi Da on Thursday, 1 November 2012 at 19:02 ·

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေသောအခြေအနေများကို
ကာတွန်းဆရာများက မိမိတို့ရဲ့ပညာနဲ့ ပြည်သူတွေသိအောင်
ကြိုးစားတင်ပြထားကြပါတယ်။
ဒီလိုကာတွန်းပညာရှင်များရဲ့ ပြည်သူကိုချစ်သောနိုင်ငံရေးအနုပညာကို
ကျွန်တော်ကတစ်ဖန် လက်ဆင့်ကမ်းယုံမျှသာပါပဲ။

ညစ်ညမ်းပုံများကြောင့်

Unknown | 8:20 AM | Be the first to comment! Unknown | 8:20 AM | Be the first to comment!
Unknown | 8:20 AM | Best Blogger Tips

by U Ko Vi Da on Wednesday, 14 November 2012 at 04:36 ·

ကျွန်တော်နားမလည်တဲ့အထဲမှာ အဲဒါလဲပါတယ်။ ဘာလဲ ။ အဲဒါလေ ။ အလှမယ်တစ်ယောက်ဟာ ညစ်ညမ်းပုံကြောင့်အလှမယ်ဘွဲ့မရတော့ဘူးတဲ့။ အဲဒါပါပဲ။ အလှမယ်ဆိုတာ သောက်ရှက်မရှိလို့ငွေမ ရှိလိုများသောအားဖြင့်လုပ်ကြတာလေ။ သူက ညစ်ညမ်းပုံရိုက်မှပိုက်ဆံရမှာပေါ။ I PHONE ရောင်း စားလို့မှမရတာ။ သူကတီထွင်တက်သူမဟုတ်၊ဈေးရောင်းတက်သူမဟုတ်။ပညာနဲ့အသက်မွေးတက်သူ မဟုတ်။ ခန္ဓာကိုယ်နဲ့အသက်မွေးတက်တဲ့သူကို ညစ်ညမ်းပုံမရိုက်လိုဘယ်ပုံရိုက်မှာလဲ။
ပိုက်ဆံနဲ့ဝယ်ကြည့်တဲ့သူက ကိုယ်တုံးလုံးသီးပုံပဲ ၀ယ်ကြည့်မှာပေါ။ အင်း . . . ခက်ပါတယ်လေ . . . ဒါ့ကြောင့် ကျွန်တော် မကြာခင် တောခိုတော့မယ်။ ဟား . . . ဟား . .. ဟား။

Moethee Zun shared Soe Zeya Tun's photo.

Unknown | 8:11 AM | Be the first to comment! Unknown | 8:11 AM | Be the first to comment!
Unknown | 8:11 AM | Best Blogger Tips

ဒီမြေမှာမွေး ဒီမြေမှာ ကြီးလာတဲ့ ဒီလူမျိုးတွေမှာ ဒီမြေ တွေပေါ်မှာမနေရရင် ဘယ်သူတွေနေမလဲ။ အစိုးရက လူတွေအတွက် နေစရာအိုးအိမ်တွေကို မဖေါ်ထုတ်ပေး ရင် ဒီလိုပြသနာတွေတက်နေမှာပဲ။ စကင်ဒီနေဗီးယန်းနိင်ငံ တွေမှာ ပြည်သူလူထု တွေအတွက် အစိုးရက အဖိုးနည်းအိမ်ယာ ( ကျယ်ကျယ်ဝန်းဝန်းရှိတယ်။ ) တွေကို အဆက်မပြတ်ဆောက်လုပ်တယ်။ ရောင်းချပေးတယ်။ ဒီတော့ ဒီတော့ ခုလို ကျူးကျော်သူဆိုတာမရှိတော့ဘူးပေါ့။မြန်မာ နိင်ငံသားအချင်းအချင်းကို ကျူးကျော်သူလို့ သုံးတာ ရန်သူသဖွယ်ဆက်ဆံတာ မြန်မာစစ်ခေါင်းဆောင်တွေပဲရှိတယ်။ ကိုယ်ကတော့ အိမ်တွေ သုံးလေးလုံးပိုင်တယ်။ လူထုက တဲတလုံးတောင်မပိုင်ဘူး။ ကျူးကျော်သူလို့ စွပ်စွဲ တယ်တံဆိပ်ကပ်တယ်။
လှိုင်သာယာ ၅ ထိပ် ပီမိုးနှင်း လမ်းထဲက မြေကွက်လပ် တစ်ခုမှာ ကျူးကျော် အိမ်ပေါင်း တစ်ရာလောက်ကို ဘယ်ကမှန်း မသိတဲ့လူတွေက ဆောက်ဖို့ ကြိုးစားတယ်...
ရဲလာပြီး ဖယ်ခိုင်းတော့ တော်တော်များများက ကိုယ်ထောင်ထားတဲ့ ဝါးလုံးလေး ကိုယ်စီ ပြန်ချွတ်ပြီး ပြန်ယူသွားကြပေမယ့်...လူနှစ်ဆယ်လောက်ကတော့ ရဲ ရော ခရိုင်အုပ်ချုပ်ရေးမှုးကိုရော နည်းနည်းလေးမှ ဂရုမစိုက်ဘူး ခပ်တည်တည်နဲ့ ဆက်ဆောက်နေတယ်...
ဆောက်ထားတဲ့ အိမ်တွေကို အိုးအိမ်လား... မြို့နယ်အုပ်ချုပ်ရေးကလား ငှားထားတဲ့ အလုပ်သမားတွေနဲ့ ဝင်ဖျက်တော့...လာဖျက်တဲ့လူတွေကို ကျူးကျော်အိမ် ဆောက်တဲ့လူတွေက ရဲတွေ အရှေ့မှာ ဒုတ်တွေ နဲ့ လိုက်ရိုက်တယ်...သတင်းထောက် ကောင်မလေးတစ်ယောက်ရဲ့ ကျောကိုတောင် ထိသွားတယ်... ဒါပေမယ့် ကြီးကြီးမားမား ထိတာ မဟုတ်ပါဘူး...
ရဲတွေလည်း အထက်အမိန့် မကျလို့လား မသိဘူး... ဘာမှ မလုပ်ရဲဘူး... ဖျောင်းဖျပြီးပဲ ပြောနေရတယ်...ဒီညတော့ အဲဒီ ခေါင်းမာတဲ့လူတွေနဲ့ ရဲတွေ ဘာတွေ ဆက်ဖြစ်ကြဦးမလဲ မသိဘူး...

သေရင်ပြိတ္တာဖြစ်မယ့် သူတွေရဲ့အကြောင်း

Unknown | 12:10 AM | Be the first to comment! Unknown | 12:10 AM | Be the first to comment!
Unknown | 12:10 AM | Best Blogger Tips

by U Ko Vi Da on Friday, 1 February 2013 at 14:06 ·

ငါ . . . လွမ်းမိတယ် . . ..
ဟိုးတုန်းက . . .. ဆူးလေကိုပေါ့။
အဲဒီတုန်းက
ဆူးလေနံဘေးမှာ
သဘာဝတရား . .. လယ်မြေများလဲရှိသေးတယ်။
အခုကြည့်စမ်း
ရန်ကုန်နယ်တစ်ဝိုက်
ကုလားဗလီသွေးရောင်တိုက်လို့
တို့ . . .
ဆူးလေ
ရောင်တော်ကွန့်ရတယ် . . .
ဟဲ့ . . .
ဗမာတွေ . . .သတ္တိပြစမ်း။

By:အလင်းရှင် http://aungminkhoung.blogspot.com
 
Twitter Bird Gadget