.

Sunday, January 27, 2013

ငြိမ်းချမ်းရေးအတွက် သတ္တိရှိဖို့ လိုတယ်

Unknown | 1:30 AM | Be the first to comment! Unknown | 1:30 AM | Be the first to comment!
Unknown | 1:30 AM | Best Blogger Tips

by U Ko Vi Da on Saturday, 26 January 2013 at 20:28 ·



မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အင်န်အယ်လ်ဒီ ပါတီ ဥက္ကဌ ကော့မှူးအမတ် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ညက အမေရိကန် ပြည်ထောင်စု၊ ဟာဝိုင်အီကျွန်းမှာ ဒေသခံ ကျောင်းသူ ကျောင်းသားတွေနဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေး အကြောင်း အကျယ်တဝင့် ဆွေးနွေး ဟောပြောခဲ့သလို.

ဒေါ်အောင်ဆန်းစုကြည် ဟာဝိုင်ယီ ကျောင်းသားတွေနဲ့ တွေ့ဆုံ

Unknown | 1:28 AM | Be the first to comment! Unknown | 1:28 AM | Be the first to comment!
Unknown | 1:28 AM | Best Blogger Tips

by U Ko Vi Da on Saturday, 26 January 2013 at 20:54 ·


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဟိုနိုလူလူမှာရှိတဲ့ အထက်တန်း ကျောင်းသူ ကျောင်းသားတွေနဲ့ တွေ့ဆုံ စကားပြောခဲ့ ပါတယ်။  ဒီတွေ့ဆုံပွဲ အကြောင်း အပြည့်စုံ သိရအောင် ဟိုနိုလူလူမှာ ရောက်နေပြီး ဒီတွေ့ဆုံပွဲကို တက်ရောက် သတင်းယူခဲ့တဲ့ ကျမတို့ရဲ့ ဗွီအိုအေ ၀ိုင်းတော်သား ဦးသိန်းထိုက်ဦးကို မေးဖြစ်ခဲ့ ပါတယ်။ ဒီကနေ့ တွေ့ဆုံပွဲနဲ့ ပတ်သက်လို့ ဦးသိန်းထိုက်ဦးက ခုလို ပြောပြပါတယ်။

“ဒီကနေ့ တွေ့ဆုံပွဲက ဟိုနိုလူလူမှာရှိတဲ့ Hawaii Community Foundation အောက်မှာရှိတဲ့ ငြိမ်းချမ်းရေးအဖွဲ့ပေါ့နော်၊ ငြိမ်းချမ်းရေးအသင်း၊ Pillars of Peace လို့ ခေါ်တဲ့ ငြိမ်းချမ်းရေး မဏ္ဍိုင်ကြီးများလို့ပဲ ပြောရမှာပေါ့။ အဲဒီအသင်းကနေပြီးတော့ ကမကထ လုပ်ပြီးတော့ ကျောင်းသားလေးတွေနဲ့ ရပ်မိရပ်ဖတွေ၊ ဒေသခံတွေကို တွေ့ဆုံပေးတဲ့ပွဲပါခင်ဗျ။ အဓိက ကတော့ အထက်တန်း ကျောင်းသူကျောင်းသားတွေ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့သိလိုတဲ့ မေးခွန်းတွေကို သူတို့ မေးကြပါတယ်ခင်ဗျ။ ဒေါ်အောင်ဆန်းစုကြည်ဘက် ကလည်း ပြန်ပြီးတော့ ဖြေပါတယ်။ အရင်တုန်းကလည်း ဒီ Pillars of Peace အဖွဲ့က တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး တို့၊ တိဘက် ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမား တို့ကို ဖိတ်ကြားပြီးတော့ ဒီလို ငြိမ်းချမ်းရေးဆိုင်ရာ ဟောပြောပွဲ မျိုးတွေ ကျင်းပပေးခဲ့ဖူးပါတယ်ခင်ဗျ။”

မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကရော ဘာတွေ ပြောဆိုခဲ့ပါလဲရှင့်။ -

“ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အဓိက ပြောဆိုသွားရင်းနဲ့ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် တော်တော်လေး အလေးပေး ပြောသွားတာကို ကျနော် တွေ့ရပါတယ်ခင်ဗျ။ ကချင်ပြည်နယ်မှာ စစ်ပွဲတွေကြောင့်မိုလို့ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေ အဓိက ဒုက္ခရောက်နေကြတဲ့ အနေအထားတွေကိုလည်း သူ့မိန့်ခွန်းထဲမှာ အဓိက ပြောသွားပါတယ်။ ငြိမ်းချမ်းရေး အတွက်က ငြိမ်းချမ်းရေးကို ရဖို့ဆိုလို့ရှိရင် တယောက်နဲ့တယောက်က စေ့စပ် အပြန်အလှန် ညှိနှိုင်းတာမျိုးတွေ လိုအပ်တယ်။ နောက် ရိုးသားဖို့လိုတယ်။ သင့်မြတ်ဖို့ လိုတယ်ပေါ့နော်။ အဲဒီတော့ ရိုးသားမှုအတွက် အဓိက ဒါတွေအတွက် အရေးကြီးဆုံးကတော့ သတ္တိရှိဖို့ လိုတယ် ဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်ခင်ဗျ။ အဓိက ကတော့ ပဋိပက္ခကို ဖန်တီးတဲ့သူတွေက ဒီပဋိပက္ခတွေကို ရပ်ဆိုင်းဖို့အတွက် သတ္တိရှိကို ရှိရမယ် ဆိုတာမျိုး ကိုယ့်ရဲ့အတ္တတွေကို ခ၀ါချဖို့ မဖြစ်မနေ လိုအပ်တယ် ဆိုတာမျိုးကို ဒေါ်အောင်ဆန်းစုကြည် ပြောသွားပါတယ်ခင်ဗျ။”

ကျောင်းသားတွေဘက်ကရော မေးခွန်းမေးမြန်းတာတွေ၊ ဆွေးနွေးတာတွေရော အပြန်အလှန် ရှိခဲ့ပါလားရှင့်။ -

“ကျောင်းသားတွေဘက်ကတော့ အဓိက ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ဘ၀ နှစ်ပေါင်းများစွာ နေခဲ့တဲ့အချိန်မှာ ဘယ်လို သူ ကျင့်ကြံနေထိုင်ခဲ့လဲ။ သူ့ကိုယ်သူ ဘယ်လို စည်းကမ်းတည်ဆောက်ခဲ့တယ်၊ နောက် သူ့ဘ၀မှာ ဘယ်သူတွေကို အားကျ အတုယူပြီးတော့ ဒီလို ငြိမ်းချမ်းရေးနဲ့ပြန်လည် သင့်မြတ်ရေးအတွက် စံနမူနာထားရမယ့် ခေါင်းဆောင် တယောက် ဖြစ်အောင် ကြိုးပမ်းနိုင်ခဲ့တယ်။ ဒါတွေကို ကျောင်းသားတွေက အဓိက ထားပြီးတော့မေးသွားပါတယ်ခင်ဗျ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့ရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ မိန့်ခွန်းထဲမှာ ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့အတွက် လူတွေအနေနဲ့ အခုဖြစ်နေတဲ့ ဒီပဋိပက္ခတွေ ရပ်စဲဖို့ ဆိုတာမှာ အမုန်းတရားတွေကို အားလုံး အဆုံးသတ်ဖို့၊ နောက်ပြီးတော့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ ဒီလိုအဆုံးသတ်ရဲတဲ့ သတ္တိရှိဖို့ မဖြစ်မနေ လိုအပ်တယ်ဆိုတာကိုပဲ သူ အဓိက ပြောသွားတာ တွေ့ရပါတယ်ခင်ဗျ။”

ဒီနေ့ကတော့ ဟိုနိုလူလူမှာ ကျောင်းသူကျောင်းသားတွေကို တွေ့ဆုံတာအပြင် တခြား ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘယ်သူတွေနဲ့ တွေ့ဆုံတာ စကားပြောတာတွေရော ရှိပါလဲရှင့်။ -

“အခု မနက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် ကျောင်းသားတွေနဲ့ တွေ့ပြီးတော့ ညနေပိုင်းမှာတော့ Rotary Peace Foundation အဖွဲ့က သူ့ကို အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားထားပါတယ်။ အဲဒီမှာ သူ မိန့်ခွန်းပြောကြားဖို့ ရှိပြီးတော့ ငြိမ်းချမ်းရေးဆုကိုလည်း လက်ခံရယူမှာ ဖြစ်ပါတယ်။ မနက်ဖြန်မှာတော့ သူ ဟာဝိုင်ယီကနေ တောင်ကိုရီးယားကို သွားမယ်လို့ ကျနော်တို့ သိရပါတယ်ခင်ဗျ။”

မခင်ဖြူထွေး,  ကိုသိန်းထိုက်ဦး (ဗွီအိုအေ)

လျှပ်စစ်ဝန်ကြီးရဲ့ကရုဏာက လယ်သိမ်းတယ်တဲ့ . .. ဗျာ။

Unknown | 1:27 AM | Be the first to comment! Unknown | 1:27 AM | Be the first to comment!
Unknown | 1:27 AM | Best Blogger Tips

by U Ko Vi Da on Saturday, 26 January 2013 at 21:01 ·




လျှပ်စစ်ဝန်ကြီး၏ ကရုဏာ ချေးငွေကို စပါးနှင့် နွားပါမကျန် အပ်နှံခဲ့ကြ ရန်ကုန်တိုင်း ဒေသကြီး လှည်းကူး မြို့ နယ် မအူကျေးရွာတွင် လျှပ်စစ်ဝန်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်မောင်စိုး မှ လယ်သမားတို့ အား ကရုဏာ ချေးငွေ အဖြစ် ချေးထားသော ငွေများကို ပြန်မဆပ်လျှင် တရားစွဲ ဆိုမည်ဖြစ်ကြောင်း

ဆီးဂိမ်းထက် ပြည်သူတွေကို အာဏာရူးနဲ့ခရိုနီတို့ပူပေါင်းပြီးကစားတဲ့ ဂိမ်းကတော့ သွေးသံရဲရဲဂိမ်းပေါ့ဗျာ။

Unknown | 1:25 AM | Be the first to comment! Unknown | 1:25 AM | Be the first to comment!
Unknown | 1:25 AM | Best Blogger Tips

by U Ko Vi Da on Tuesday, 15 January 2013 at 21:11 ·

မြန်မာကအိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့်(၂၇)ကြိမ်မြောက်
အရှေ့တောင်အာရှအားကစားပွဲဟာ
လာအိုနိုင်ငံထက်သာလွန်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန
ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ကပြောခဲ့ ကြောင်းကို ဂျာနယ်မှတွေ့ရလို့ အခုလိုရေးဖြစ်တာပါ။
အားကစားဆိုတာ အားမှကစားရတာနဲ့တူတယ်။
အာဏရူးအစိုးရများအနေနဲ့ မြန်မာနိုင်ငံမှာ အမျိုးမျိုး သော ကစားကွက်တွေဖန်တီးနေပြီး
စစ်ရေခွံဒီမိုကရေစီကို ဖန်တည်းခဲ့ကြတာပါ။ သိန်းစိန်အာဏာလု တက်ပြီးတယ်ဆိုတာနဲ့မရှေးမနှောင်း အင်းစိန်ကုန်းတံတားမှာဗုံးပေါက်တဲ့ဂိမ်းကွက်ကစားတယ်။ ရခိုင်အရေးအခင်းလုပ်တယ်။ လက်ပံတောင်းတောင်အရေးအခင်းလုပ်တယ်။ ကချင်စစ်ပွဲတွေဖန်တည်းတယ်။
အင်း . . . . ဂိမ်းတွေ . . . ဂိမ်းတွေ . . . ပြည်သူကို အာဏာရူးများကစားတဲ့ဂိမ်းကွက်တွေလောက်
မြန်မာပြည်ဆီးဂိမ်းက ရက်စက်ရာကြမှာမဟုတ်ပါဘူး . . .. ဗျာ။

သြော်.အခုတော့ခရိုနီတို့ မြန်မာပြည်မှာ ထင်တိုင်းကြဲလို့မရတော့ဘူးပေါ့

Unknown | 1:23 AM | Be the first to comment! Unknown | 1:23 AM | Be the first to comment!
Unknown | 1:23 AM | Best Blogger Tips

by U Ko Vi Da on Saturday, 26 January 2013 at 21:06 ·


သံသုမာအားကစားကွင်းရှေ့ ဓာတ်ဆီဆိုင်ဆောက်လုပ်မှု ညှိနှိုင်း တောင်ဥက္ကလာပမြို့နယ် သံသုမာအားကစားကွင်းရှေ့တွင် Max Myanmar ကုမ္ပဏီပိုင် ဓာတ်ဆီဆိုင် တည်ဆောက်ခြင်းကြောင့် မြင်ကွင်းကွယ်၍ အမျိုးသားလွှတ်တော်အမတ် ဦးဖုန်းမြင့်အောင် ဦးဆောင်ပြီး ရပ်ကွက်နေ လူထုအချို့က ဆန္ဒပြရန် စီစဉ်ထားမှုမှာ ကုမ္ပဏီဥက္ကဋ္ဌ ဦးဇော်ဇော်ကိုယ်တိုင် လာရောက်ညှိနှိုင်းရာ ပြေလည်မှုရရှိသွားကြောင်း သတင်းရရှိသည်။

 ဇန်န၀ါရီ ၂၆ ရက်က အဆိုပါမြို့နယ် (၁၃)ရပ်ကွက်ရှိ အောင်မြေလူထုဓမ္မာရုံတွင် ရပ်မိရပ်ဖများနှင့် ဦးဇော်ဇော်က တွေ့ဆုံခဲ့ရာတွင် ရပ်ကွက်မှ တောင်းဆိုသော အချက်ငါးချက်ကို လိုက်လျောပြီးနောက် ပြေလည်မှုရရှိသွားခြင်းဖြစ်သည်။

သံသုမာအားကစားကွင်းအား အဆင့်မြှင့်တင်ရန် ငွေကျပ်သိန်းသုံးရာ မတည်ပေးခြင်း၊ သင်တန်းကျောင်းငယ်တစ်ခု တည်ဆောက်ပေးခြင်း၊ သံသုမာလမ်းမဘက်မှ အ၀င်တံတားလမ်းတစ်ခု ပြုပြင်ပေးခြင်း၊ ကရုဏာ(၅)လမ်းနှင့် (၆)လမ်းကြားရှိ ဖူဆယ်ကွင်းပြုပြင်ရန် ကျပ်သိန်းသုံးဆယ် မတည်ပေးခြင်း၊ ရပ်ကွက်သာရေးနာရေး လူမှုရေးလုပ်ငန်းများအတွက် ငွေပဒေသာပင် မတည်ပေးခြင်း စသည့်အချက်များကို ရပ်ကွက်ဘက်မှ တောင်းဆိုခဲ့ပြီး ဦးဇော်ဇော်မှ လိုက်လျောပေးခဲ့ခြင်းဖြစ်သည်။

 မူလက အထက်ပါကိစ္စနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် ဦးဆောင်၍ ဇန်န၀ါရီ ၂၇ ရက်တွင် ဆန္ဒဖော်ထုတ်ရန် တရားဝင်ခွင့်ပြုချက်ရရှိထားပြီဖြစ်သည်။

7 Day

Twitter Bird Gadget