.

Wednesday, January 30, 2013

နယ်သာလန်ဘုရင်မ ဘီထရစ် ထီးနန်းစွန့်မည်

Unknown | 10:55 AM | Be the first to comment! Unknown | 10:55 AM | Be the first to comment!
Unknown | 10:55 AM | Best Blogger Tips

နယ်သာလန် ဘုရင်မ ဘီထရစ်သည် ယခုအခါ သူမ၏ ထီးနန်းကို စွန့်လွှတ်တော့မည် ဖြစ်ကြောင်း ကမ္ဘာသိ ကြေညာခဲ့သည်။ ဘုရင်မ နန်းစွန့်ပြီးနောက် သူမ၏ အရိုက်အရာကို သားကြီးဖြစ်သူ မင်းသား ဝီလျံ အလက်ဇန္ဒားထံ လွှဲအပ်ပေးရန်လည်း ဆုံးဖြတ်ခဲ့သည်။
Posted on Jan 28 13 - 11:52 PM | Hits : 618
နယ်သာလန်ဘုရင်မ ဘီထရစ် ထီးနန်းစွန့်မည်
နယ်သာလန် ဘုရင်မ ဘီထရစ်သည် ယခုအခါ သူမ၏ ထီးနန်းကို စွန့်လွှတ်တော့မည် ဖြစ်ကြောင်း ကမ္ဘာသိ ကြေညာခဲ့သည်။ ဘုရင်မ နန်းစွန့်ပြီးနောက် သူမ၏ အရိုက်အရာကို သားကြီးဖြစ်သူ မင်းသား ဝီလျံ အလက်ဇန္ဒားထံ လွှဲအပ်ပေးရန်လည်း ဆုံးဖြတ်ခဲ့သည်။ တနင်္လာနေ့ ညနေပိုင်းက ဘုရင်မသည် တစ်နိုင်ငံလုံးသို့ ဝီလျံသည် ဘုရင်အသစ် ဖြစ်လာတော့မည်ဆိုသော သတင်းကို အတည်ပြု အသိပေးခဲ့သည်။

"ကျွန်မရဲ့ သားကို ထီးနန်း လွှဲအပ်ဖို့အတွက် အကြီးမြတ်ဆုံး ယုံကြည်စိတ်ချမှုမျိုး ရှိနေပါတယ်"ဟု ဘုရင်မက မိန့်ကြားခဲ့သည်။ သူမက "ဝီလျံနဲ့ မင်းသမီး မက်ဆီမာတို့ဟာ သူတို့ရဲ့ အလုပ်တာဝန်တွေအတွက် ပြင်ဆင်နေပါပြီ။ သူတို့ရဲ့ ကိုယ်ပိုင် အရည်အသွေးကို အခြေခံပြီး တော်ဝင်စုံတွဲဟာ ကိုယ်ပိုင် စိတ်ကူးအမြင်တွေနဲ့ ထီးနန်းရေးရာကို ချဉ်းကပ် လုပ်ဆောင်ပါလိမ့်မယ်"ဟုလည်း ဆိုသည်။



သူမက "ပြည်သူတွေနဲ့ နောက်ထပ်လည်း မကြာခဏ တွေ့ဆုံနေဖို့ မျှော်လင့်ပါတယ်။ တကယ်တော့ နယ်သာလန်ကို နှစ်ပေါင်းများစွာ ဘုရင်မအဖြစ် တာဝန်ယူခွင့် ရလာတဲ့အတွက် ကျွန်မ အရမ်းဂုဏ်ယူသလို ယုံကြည်မှုလည်း ပြည့်ဝခဲ့ပါတယ်"ဟုလည်း မိန့်ခွန်းအတွင်း ထည့်သွင်း ပြောဆိုသွားသည်။ ဘီထရစ်သည် ဝီလျံကို ဧပြီလ (၃၀)ရက်နေ့တွင် ထီးနန်း အတည်ပြု လွှဲအပ်ကာ ဘုရင်အဖြစ် ဘိသိက်မြှောက် ခံယူစေမည် ဖြစ်သည်။

"ကြာသပတေးနေ့မှာ ကျွန်မရဲ့ အသက်(၇၅)နှစ်ပြည့် မွေးနေ့ပွဲကို ကျင်းပပါမယ်။ ကျွန်မအနေနဲ့ ခုထိ ကျန်းမာနေတာ ကျေနပ်စရာပါ။ နယ်သာလန်ဟာ ဒီနှစ်ကုန်မှာ သက်တမ်း နှစ်ပေါင်း(၂၀၀) ပြည့်မြောက်မှာ ဖြစ်ပါတယ်။ ကျွန်မ ထီးနန်းစွန့်ချိန်မှာ အဲဒီကိစ္စ နှစ်ခုကတော့ အမှတ်ရစရာအဖြစ် တည်ရှိနေမှာပါ"ဟုလည်း ဘုရင်မကြီးက ပြောဆိုသွားသည်။ သူမသည် နယ်သာလန် ထီးနန်းကို (၁၉၈၀)ပြည့်နှစ်က စတင် တာဝန်ယူခဲ့ပြီး စည်းမျဉ်းခံ ဘုရင်စနစ်ဖြင့် နယ်သာလန် ဘုရင်မအဖြစ် နှစ်ပေါင်း(၃၀)ကျော် ကြာအောင် စိုးစံခဲ့သည်။

Source: XinhuaNe

မြောက်ကိုရီးယားအငတ်ဘေး လူသားစားသည်အထိ ဆိုးရွားလာ

Unknown | 10:53 AM | Be the first to comment! Unknown | 10:53 AM | Be the first to comment!
Unknown | 10:53 AM | Best Blogger Tips

north korea
မြောက်ကိုရီးယား နိုင်ငံတွင် အငတ်ဘေးကြောင့် မိဘများသည် မိမိတို့၏ သားသမီးများကိုပင် သတ်ဖြတ် စားသောက်သည်အထိ အခြေအနေ ဆိုးရွားလာကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ ပုန်းလျှိုးကွယ်လျှိုး အခြေအနေမှ ထွက်ပေါ်လာသည့် နောက်ဆုံး သတင်းများသည် အံ့ဩ တုန်လှုပ်ဖွယ် အခြေအနေမျိုး ဖြစ်လာခဲ့ပြီး မြောက်ကိုရီးယားရှိ အငတ်ဘေး ဆိုက်နေသော အချို့ဒေသများတွင် ဆာလောင်မွတ်သိပ်မှုသည် လူသားများကို ရက်စက် ရူးသွပ်သွားစေကြောင်း သိရှိရသည်။ မိုးခေါင်ခြင်းနှင့် လယ်ယာစိုက်ပျိုးမှု ထွက်ကုန်များကို သိမ်းယူခံရခြင်းများကြောင့် ရိက္ခလာပြတ်လပ်မှုများ ဖြစ်ပေါ်နေခဲ့ရာ အချို့သော နေရာများတွင် လူအချို့သည် သုဿန်မှ အလောင်းများကို ပြန်လည်တူးဖော် စားသောက်ခြင်းနှင့် ကလေးများကို သတ်စားခြင်းများ ပြုလုပ်လာကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။


(မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း)

အဆိုပါ အငတ်ဘေးဆိုး ဆိုက်ကပ်နေသော ဒေသများမှာ ဟွမ်ဟီ တောင်ပိုင်းနှင့် မြောက်ပိုင်း ဒေသများတွင် ဖြစ်ကြောင်းလည်း သိရသည်။ ငတ်မွတ်ခြင်းနှင့်အတူ လူပေါင်း (၁၀၀၀၀)ကျော်မျှ သေဆုံးခဲ့သလို ဇာတ်တူသားစားခြင်း အလေ့အထလည်း မြင့်တက်လာသည်မှာ စိုးရိမ်စရာ ဖြစ်လာကြောင်း သိရသည်။ အဆိုပါ စက်ဆုပ် အော့နှလုံးနာဖွယ် ဇာတ်လမ်းသည် ငတ်မွတ် ခေါင်းပါးမှုများ ကြုံနေရသည့် ဒေသများတွင် သိုသိပ်ဖုံးကွယ်ထားသမျှ အရာများ၏ အနည်းအကျဉ်းမျှ ကိစ္စသာ ဖြစ်နေကြောင်း Asia Press သတင်းဌာနမှ အမည်ဖော်မပြသော ဒေသခံ သတင်းထောက်များက Sunday Timesသို့ ပြောကြားခဲ့သည်။

အဆိုပါ ဒေသတွင် လူတစ်ဦးသည် မိမိ၏ မြေးဖြစ်သူ၏ အလောင်းကို ပြန်လည်တူးဖော် စားသောက်ခဲ့သလို အခြားသူ တစ်ဦးက မိမိ၏ သားသမီး အရင်းကို ရေနွေးဖြင့် ပြုတ်ကာ စားခဲ့ကြောင်း ယင်းသတင်းပေးများက ဆိုသည်။ မြောက်ကိုရီးယားတွင် ခေါင်းဆောင်သစ် ကင်မ်ဂျုံအန်းသည် မကြာသေးမီ လပိုင်းအတွင်း ဒုံးကျည်ပစ်လွှတ် စမ်းသပ်မှုများအတွက် နိုင်ငံဘဏ္ဍာ မြောက်မြားစွာ အသုံးပြုနေချိန်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အငတ်ဘေး ရိုက်ခတ်မှု သတင်းများမှာ ပိုမို ကျယ်ပြန့်လာခဲ့သည်။

north korea

(မိုးခေါင်မှုကြောင့် စိုက်ပျိုးရေးအခက်အခဲများ ကြုံတွေ့နေရသည့် မြောက်ကိုရီးယားလယ်သမားများ)

Asia Press၏ သတင်းပေး တစ်ဦးက "ပြီးခဲ့တဲ့ မေလတုန်းက ကျွန်တော်နေတဲ့ ရွာမှာ အမျိုးသား တစ်ယောက်က ကိုယ့်ကလေးနှစ်ယောက်ကို ပြန်သတ်ပစ်ခဲ့တယ်။ ပြီးတော့ အသားကို စားမလို့ လုပ်တာကြောင့် ရွာမီးသတ် တပ်ဖွဲ့ကပဲ သူ့ကို သေဒဏ်ပေးခဲ့တယ်"ဟု ပြောကြားခဲ့သည်။ ထိုသတင်းပေးက အဆိုပါ အမျိုးသားသည် ဇနီးဖြစ်သူ ရွာတွင် မရှိခိုက် သမီးကြီးကို သတ်ဖြတ်ခဲ့သလို အဆိုပါ လူသတ်မှုကို တွေ့မြင်ခဲ့သည့် သားငယ်ကိုပါ သတ်ပစ်ခဲ့ခြင်းဟု ရှင်းပြခဲ့သည်။ ဇနီးဖြစ်သူ ပြန်လာချိန်တွင် ထိုသူက မိမိတို့ အသားခွဲတမ်း ရကြောင်း ပြောဆိုခဲ့သော်လည်း ဇနီးက မသင်္ကာသဖြင့် ကျေးရွာမှ တာဝန်ရှိသူများကို ဆက်သွယ် အကြောင်းကြားပြီး ရှာဖွေရာက ကလေးများ၏ ကြွင်းကျန် အလောင်းများကို တွေ့ရှိခဲ့သည်။

north korea

(မိုးခေါင်မှုကြောင့် စိုက်ပျိုးရေးအခက်အခဲများ ကြုံတွေ့နေရသည့် မြောက်ကိုရီးယားလယ်သမားများ)

Asia Pressမှ ဂျီရီု အီရှင်မာရူက ယင်းအငတ်ဘေးနှင့် ပတ်သက်ပြီး စာမျက်နှာ (၁၂)ရွက်စာ အစီရင်ခံစာ တစ်ခုကို ရေးသားခဲ့သည်။ ယင်းအစီရင်ခံစာတွင် မြောက်ကိုရီးယား၌ အငတ်ဘေးသည် လူသားစားမှု အလေ့အထထံ ဦးတည်လာနေကြောင်း အလေးအနက် ဖော်ပြထားသည်။ သတင်းပေးများ၏ အဆိုအရ မြောက်ကိုရီးယား အစိုးရသည် ဒေသနှစ်ခုမှ အစားအသောက်များကို သိမ်းယူကာ မြို့တော် ပြုံယမ်းရှိ ဒေသခံများအတွက် ဝေငှပေးနေပြီး မိုးခေါင်သည့် အခြေအနေကလည်း အငတ်ဘေးကို ပိုမို ဖိစီး ဆိုးရွားလာစေကြောင်း သိရှိရသည်။ ပြီးခဲ့သည့်နှစ်ကလည်း တောင်ကိုရီးယားရှိ ကိုရီယား နှစ်နိုင်ငံ ပေါင်းစည်းမှု လုပ်ဆောင်ရေး ဌာနကလည်း မြောက်ကိုရီးယား အမျိုးသား တစ်ဦးသည် လုပ်ဖော်ကိုင်ဖက် တစ်ဦးကို သတ်ဖြတ်ကာ စားသောက်ပြီး ကြွင်းကျန်သော အသားများကို သိုးသားအဖြစ် လိမ်လည် ရောင်းချမှု ပေါ်ပေါက်ခဲ့သဖြင့် သေဒဏ်စီရင် ခံရကြောင်း ဖော်ပြခဲ့ဖူးသည်။


(မြောက်ကိုရီးယားခေါင်းဆောင်နှင့် အရာရှိကြီးများ အစည်းအဝေးပြုလုပ်စဉ်)

မြောက်ကိုရီးယားတွင် အငတ်ဘေးကြောင့် ဇာတ်တူသားစားမှုများ ရှိနေကြောင်း သတင်းများသည် (၂၀၁၁)ခုနှစ် ကတည်းက စတင်ထွက်ပေါ်လာခဲ့သည်။ ထိုစဉ်က အမျိုးသား တစ်ဦးသည် မိန်းကလေး တစ်ဦးကို သတ်ဖြတ် စားသောက်ခဲ့သလို မေလအတွင်းကလည်း လူ(၁၁)ဦးကို သတ်ဖြတ်ကာ အသားများကို ဝက်သားအဖြစ် လိမ်လည် ရောင်းချမှုကြောင့် လူတစ်ဦးကို သေဒဏ် ပေးခဲ့ရကြောင်း သိရှိရသည်။ မြောက်ကိုရီးယားတွင် (၁၉၉၀)ပြည့်လွန် နှစ်များက အဆိုးရွားဆုံး အငတ်ဘေး ဆိုက်ရောက်ခဲ့ပြီး ယင်းကို Arduous March ဖြစ်စဉ်ဟု ခေါ်တွင်ခဲ့သည်။ အဆိုပါ ဘေးဆိုးကြီးအတွင်း စာရင်းအတိအကျ မသိရသော အရေအတွက်မျှ လူအများ အသက်ဆုံးရှုံးပြီး လူပေါင်း (၂၄၀၀၀၀)မှ (၃.၅)သန်းကြားထိ သေဆုံးခဲ့ကြောင်း ခန့်မှန်းထားသည်။

Source: DailyMai


ပုန်းလျှိုးကွယ်လျှိုး အခြေအနေမှ ထွက်ပေါ်လာသည့် နောက်ဆုံး သတင်းများသည် အံ့ဩ တုန်လှုပ်ဖွယ် အခြေအနေမျိုး ဖြစ်လာခဲ့ပြီး မြောက်ကိုရီးယားရှိ အငတ်ဘေး ဆိုက်နေသော အချို့ဒေသများတွင် ဆာလောင်မွတ်သိပ်မှုသည် လူသားများကို ရက်စက် ရူးသွပ်သွားစေကြောင်း သိရှိရသည်။
Posted on Jan 29 13 - 01:17 AM | Hits : 1539
မြောက်ကိုရီးယားအငတ်ဘေး လူသားစားသည်အထိ ဆိုးရွားလာ

ထမင်းတစ်နပ်လျှော့စားခိုင်းတဲ့ဝန်ကြီး သေရင်ပြိတ္တာဖြစ်မယ်။

Unknown | 4:10 AM | Be the first to comment! Unknown | 4:10 AM | Be the first to comment!
Unknown | 4:10 AM | Best Blogger Tips

by U Ko Vi Da on Wednesday, 30 January 2013 at 18:37 ·


လယ်သမားများ အကြွေးဆပ်နိုင်ရန် ထမင်းတစ်နပ် လျှော့စား သင့်ကြောင်း လယ်ဆည် ၀န်ကြီး အကြံပြု လယ်ယာ စိုက်ပျိုးရေး နှင့် ဆည်မြောင်း ၀န်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးမြင့်လှိုင်က အကြွေးကင်းအောင် နေထိုင်နည်းကို မျှဝေရင်း လယ်သမားများ အကြွေးဆပ်ရန် တစ်ရက်လျှင်ထမင်းတစ်နပ် လျှော့စားသင့်ကြောင်း ဓနုဖြူမြို့နယ်၌ လယ်သမားများနှင့် တွေ့ဆုံပွဲတွင် ပြောခဲ့ကြားသည်။---

နှစ်သောင်းတန်ဖုန်းကိုင်ရဖို့ သူတို့ရဲ့စားဝါးကိစ္စပြီးမှသိရမယ်တဲ့။

Unknown | 3:56 AM | Be the first to comment! Unknown | 3:56 AM | Be the first to comment!
Unknown | 3:56 AM | Best Blogger Tips

by U Ko Vi Da on Wednesday, 30 January 2013 at 18:24 ·



မိုဘိုင်းဆင်းကတ်ဈေး နှစ်သောင်းကျပ် ဖြစ် မဖြစ် ဆက်သွယ်ရေး အရှုပ်တော်ပုံ ရှင်းပြီးမှ သိမည်


လတ်တလော ဖြစ်ပွားနေသော ဆက်သွယ်ရေး အရှုပ်တော်ပုံကို ရှင်းလင်းပြီး မှသာ တန်ဖိုးနည်း မိုဘိုင်း ဆင်းကတ်ဈေးကို သိရှိမည်ဟု သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။ တန်ဖိုးနည်း မိုဘိုင်းဆင်းကတ် ဈေး နှုန်းနှင့် ပတ်သက်၍

ဇွန်းလား . . . လက်လား သီအိုရီ

Unknown | 3:35 AM | Be the first to comment! Unknown | 3:35 AM | Be the first to comment!
Unknown | 3:35 AM | Best Blogger Tips

by U Ko Vi Da on Wednesday, 30 January 2013 at 17:59 ·




ထမင်းငတ်နေတဲ့ ပြည်သူကို ၊ ထမင်းတစ်နပ်လျှော့စားရမယ်တဲ့
ပြောရဲ . . . ပြောဝံ့ . . . ပြောရက်တဲ့ ၀န်ကြီးမြင့်လှိုင်ရယ်
ငါ့တို့ . ..
ပြည်သူ့ဘဝ
စစ်ဖိနပ်အောက်မှာ
ပိပြားခဲ့ရလို့
ထမင်းနပ်မမှန်
ဒါကို သိလျှက်နဲ့မသိဟန်ဆောင် အာဏာရူးတွေ
ပြည်သူရဲ့ ဒုက္ခဒဿနဆိုတဲ့
ဇွန်းလား . . .    လက်လား  . . .
အဲဒီမေးခွန်းကိုမင်းသိလား . .. 

By:အလင်းရှင် http://aungminkhoung.blogspot.com

Monday, January 28, 2013

ဒါ့ကြောင့်

Unknown | 11:08 AM | Be the first to comment! Unknown | 11:08 AM | Be the first to comment!
Unknown | 11:08 AM | Best Blogger Tips
by U Ko Vi Da on Thursday, 1 November 2012 at 19:37 ·


တဏှာရူးများရဲ့ကမ္ဘာ
ငါပြန်ချင်တာ . . . . . ဒါ့ကြောင့်။
အာဏာရူးများ ရဲမြန်မာ
ငါမနေချင်တာ . . . .  . ဒါ့ကြောင့်။
ဒါ့ကြောင့်
ကမ္ဘာမှာ
မြန်မာတွေစောက်ရှက်ကွဲနေပြီ အာဏာရူးသန်းရွှေရေ . . .
မင်းမြန်မြန်သေပါတော့။
မင်းမသေသရွေ့
မင်းတည်ထောင်ခဲ့တဲ့ ကြံ့ဖွတ်တို့ အုပ်စုကွဲမှာမဟုတ်
မင်းမသေသရွေ့
မင်းကို ဖင်ခံလီးစုတ်လုပ်နေတဲ့
ခင်ရွှေ၊ဋ္ဌေးမြင့်၊ဇော်ဇော် စတဲ့ခရိုနီတွေ ပြိုပြီဖြစ်လိမ့်မယ်မဟုတ်။
ဒါ့ကြောင့်
မင်း . . . . . . .  တော့။
ဒါကြောင့်
မင်း .  . . . . .  တော့။

အင်တာနက်ငတ်မွတ်မှု

Unknown | 11:02 AM | Be the first to comment! Unknown | 11:02 AM | Be the first to comment!
Unknown | 11:02 AM | Best Blogger Tips

by U Ko Vi Da on Sunday, 4 November 2012 at 18:03 ·

ကြာခဲ့ပါပြီ . . . .
ကျွန်တော်စာမရေးဖြစ်ခဲ့တာပေါ့ . . . .
ကြာခဲ့ပါပြီ . . . . .
ကျွန်တော်စာမဖတ်ဖြစ်ခဲ့တာပေါ့ . . . .
အရမ်းစိတ်ပျက်အားငယ်ဖို့ကောင်းတဲ့ အင်တာနက်လိုင်းတွေကြောင့် ကျွန်တော်အရမ်း ချစ်တဲ့ Facebook ကိုလည်း မေ့ခဲ့ရတယ်။ အဟာရမျိုးစုံငတ်ပြတ်သတ်နေတဲ့ မြန်မာပြည်မှာ ဒီကနေ့အထိ ဒီမိုကရေစီသံတွေ နဲ့ အာသာဖြေနေရတုန်း . . .  ဘယ်မှာလဲ . . .  မြန်မာပြည်ရဲ့ ဒီမိုကရေစီ . . . ဘယ်မှာလဲ မြန်မာပြည်ရဲ့အရာသာ . . . .  ဒါ့ကြောင့် ကျွန်တော် အင်တာနက်ကို မဖွင့်ဖြစ်လို့ အရမ်းတပ်မက်ရပါသော Facebook နဲ့ ခွဲခဲ့ရတယ်။ ညီလေး မောင်ကျော်စိုးသိန်းက ဒီကနေ့ပဲ ကျွန်တော့ facebook အကောင့်ကို တောင်းတာနဲ့  ဒီကနေ့ပဲ ကျွန်တော့ရင်တုန်သံကို အခုလိုကြားကြရတာပါ။ တကယ် ဆိုရင်အချစ်ပဲလိုတယ်လို့ ချမ်းချမ်းကပြောခဲ့တယ်။ မြန်မာပြည်သူပြည်သားတွေကိုယ်စား တကယ်လိုအပ်နေတာတွေ ကုဋေကုဋာထဲက မှ အင်တာနက်အဟာရကို ၀အောင်ကျွေးပါလို့ ကမ္ဘာကို တောင်းဆိုပါရစေ . . . . သိန်းစိန်ထိတ်ပြောင်ကိုပြော လည်း အဲဒီခွေးသားက ဘာမှ စောက်သုံးကျတာမဟုတ်ဘူး . . .  အဲဒီတော့ ကမ္ဘာဆိုသူကိုပဲ ရင်ဖွင့်ပါရစေတော့ . . . .
အို . . . .
ကမ္ဘာကြီးရေ . .  .
မြန်မာပြည်က ကျွန်တော့အတွက် အင်တာနက်အဟာရနဲ့ ဒီမိုကရေစီမုန့်ပဲသွားရည်စာတို့ကို ကို ၀လင်အောင်စားပါရစေ . . . . . . လို့သာ။

ခရိုနီကရေစီဖြစ်နေပြီဗျို့။

Unknown | 11:00 AM | Be the first to comment! Unknown | 11:00 AM | Be the first to comment!
Unknown | 11:00 AM | Best Blogger Tips
by U Ko Vi Da on Tuesday, 13 November 2012 at 21:32 ·
        
      

        
ပရိယာယ်တန်ဆာဆင်ကာ ကျွန်တော်တို့ပြည်သူများကို အာဏာရူးသန်းရွှေရဲ့ လက်ဝေခံခွေးဝဲစား ခေါင်ဆောင်ကြီး သိန်းစိန်က ဆင်းရဲသားများပပျောက်ရေးဆိုတဲ့ စီမံကိန်းကို စားပွဲပေါ်မှာ လက်မှတ် ထိုးခဲ့ယုံကလွဲပြီး ဘာမှလုပ်ပေးခဲ့တာရှိပါသလား/မရှိဘူးလား။ ဆိုတာ ကျွန်တော့်ကို မှတ်ချက်ပြန်ပေး စေလိုပါတယ်။ ဒါမှသာ facebook စာမျက်နှာပေါ်က စားသုံးသူများ ပိုမိုနားလည်သဘောပေါက်မှာ ဖြစ်ပါတယ်။
ကျွန်တော့ရန်ကုန်အတွေ့အကြုံအရတော့ ဘာမှမပြောင်းလဲသေးတဲ့အပြင် ပြည်သူတွေ ပိုပြီးငွေကြေး အခက်အခဲတွေနဲ့တွေ့ကြုံနေရတာကိုပဲ ကြားမြင်နေရပါတယ်။ ဒါ့ကြောင့် အာဏာရူးသန်းရွှေရဲ့ ခြံစောင့်ခွေးကြီး သိန်းစိန်တို့အစိုးရအနေနဲ့ ပြည်သူတွေကို စီးပွားရေးအစဉ်ပြေအောင် တရုပ်ကို အဆက် အသွယ်ဖြတ်ပစ်ပါ။
အထူးသဖြင့် အာဏာရူးသန်းရွှေရဲ့စကားကိုချည်းပဲ လိုက်လုပ်မနေဘဲ။ ဆင်းရဲသားပပြောက်ရေးကို စာပွဲပေါ်ကနေ ပြည်သူရင်လွှာကိုအရောက်ဆောင်ရွက်ပေးစေလိုပါတယ်။ ပြည်သူတွေမွဲပြီးရင်းမွဲနေ တာကို အခုကာတွန့်စရာက ပျက်ရယ်ပြုထားတာကိုလဲ သတိထားကြပါဦး။
ခင်ဗျားတို့ရဲ့ ဒီမိုကရေစီက ပြည်သူပိုင်တွေကို ခရိုနီပိုင်ဖြစ်အောင်လုပ်ပေးနေတာကို မျက်မြင်ကိုယ် တွေ့ဖြစ်နေတယ်။
ကဲ . . . facebook ပရိတ်သတ်တို့ခင်ဗျာ။မြန်မာနိုင်ငံရဲ့ဒီမိုကရေစီဟာခရိုနီက ရေစီဖြစ်နေပြီ။ ကျွန် တော်ပြောတာ မလွန်ဘူးမမှားဘူးဆိုတာ ကာတွန့်ဆရာများကတော့ သက်သေခံလျှက်ရှိနေပါတယ်ဆိုတဲ့အကြောင်း . . . . .

ကမ္ဘာကိုဒုက္ခပေးမယ့်တရုပ်

Unknown | 10:56 AM | Be the first to comment! Unknown | 10:56 AM | Be the first to comment!
Unknown | 10:56 AM | Best Blogger Tips

by U Ko Vi Da on Wednesday, 14 November 2012 at 04:42 ·
    
                      
တရုပ်ဆိုတဲ့ နာမပညတ်အတိုင်း  တရုပ်နိုင်ငံကြီးဟာ  တ=တဖြေးဖြေးနဲ့။ ရ=ရုတ်လျှော့သွားလိမ့်မယ်။
မြန်မာ။ မြန်= အရာရာဆိုသော ကိစ္စရပ်တိုင်း မြန်။ မာ=ကာယစိတ္တနှစ်ဖြာသောအကြောင်းအရာတွေမှာ မာကြောခိုင် ခံ့မယ်။
ကုလား။ ကု -ကုတ်-=တစ်ကုတ်ကုတ်နဲ့။ လား=လားကမ္ဘာ့မြေပေါ်ကနေ လားသွားလိမ့်မယ်။ လားသတ္တ၀ါလို အသက်ခံရလိမ့်မယ်။

မြန်မာပြည်မှာက . . . . အာဏာကရေစီ

Unknown | 10:53 AM | Be the first to comment! Unknown | 10:53 AM | Be the first to comment!
Unknown | 10:53 AM | Best Blogger Tips

by U Ko Vi Da on Tuesday, 25 December 2012 at 11:10 ·


တရားဥပဒေရဲ့အထက်မှာ . . . .
ပြည်သူ့အသံကိုနားထောင်နေပါတယ် . . . .
ဒီမိုကရေစီကိုအလျှင်အမြန်ကူး ပြောင်းဖို့အတွက် .. .
နောက်နှေးနေတဲ့သူတွေကို . . . .
  မြန်မာနိုင်ငံမှာ ဆင်းရဲသားပပျောက်ရေး . . .. စသည်ဖြင့် စသည်ဖြင့် အာဏာရူးတွေအော်အော်နေကြတာကို ကြားနေရပါတယ်။
ပြဿနာတစ်ခုဖြစ်လိုက်ရင် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့လိုက်တာနဲ့ သူတို့ကိစ္စကပြီးသွားပြီ။
မြေယာတွေအသိမ်းယူခံရတာတွေဟာ သိန်းစိန်အာဏာရူးတို့နဲ့မဆိုင်ဘူးဆိုတဲ့သဘောပဲ။
ဒါ့ကြောင့် ကာတွန် ဆရာလှောင်လိုက်ပုံလေးကိုသာ ပရိတ်သတ်တို့

ကဲ . . . နိုဘယ်ဆုရှင်ကြီးရေ . . . . .

Unknown | 10:51 AM | Be the first to comment! Unknown | 10:51 AM | Be the first to comment!
Unknown | 10:51 AM | Best Blogger Tips

by U Ko Vi Da on Thursday, 15 November 2012 at 20:49 ·


ကဲ . . . အမေစုလို့ ပြည်သူ့လူငယ်များက ကင်ပွန်းတပ်ခံခဲ့ရသော  ဒေါ်အောင်ဆန်းစုကြည်ရေ . . . .   
ပြောလေ . . .  ဒေါသထွက်လေ . . .  ဒေါသတရားဟာ ဘယ်ကောင်းပါ့မလဲ။ ဒါကို ကျွန်တော်တို့မြန်မာနိုင်ငံ သူနိုင်ငံသားတွေ သိကြပါတယ်။ မသိတဲ့သူကတော့ ရှေ့ကနွားဆိုးကြီးဖြစ်တဲ့ အာဏာရူးသန်းရွှေနဲ့တကွ အခု လက်ရှိထိုနွားဆိုးကြီးအမည်ခံ အာဏာရူးသန်းရွှေရဲ့ ရုပ်သေး သမ္မတအဖြစ် လက်ဝေခံ သနားစရာထိတ်ပြောင် သိန်းစိန်တို့ရဲ့ စစ်အရေခွံလဲအဖွဲ့တွေပါပဲ။
အဲဒီလို လူ့တိရိစ္ဆာန်များကြီးစိုးအာဏာရနေတဲ့အချိန်မှာ အပြစ်မဲ့ပြည်သူတွေဟာ ထောင်ဆိုတဲ့လူ့ငရဲ့ကို အပြစ်မရှိလဲရောက်ရှိလဲရောက်ကြတော့တာပါပဲ။ ကျွန်တော်ကိုယ်တိုင် ထောင်ထွက်တစ်ယောက်ပါ ။ ဘာအ ပြစ်နဲ့လဲလို့မေးရင် အာဏာရူးများရဲ့စောက်မြင်ကပ်ပုဒ်မနဲ့ပါပဲ။ အဲဒီစောက်မြင်ကပ်ပုဒ်မတွေနဲ့ ဒီကနေ့အထိ ထောင်တွင်းမှာ ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားဆိုသူတွေပါပဲ။ ။
အဲဒီလို အာဏာရူးများရဲ့စောက်မြင်ကပ်ပုဒ်မတွေနဲ့ နှစ်များစွာထောင်ထဲမှာနေနေကြရတဲ့ ထိုနိုင်ငံရေးအကျဉ်း သားများကို ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ကျွန်တော်အဆုံး လွတ်မြောက်အောင် အကူအညီမပေးနိုင်ခဲ့ တာ အခုစာရေးချိန်အထိပါပဲ။ ဥပဒေဟာ ဒီနေ့အထိ ပြည်သူ့လက်ထဲကိုမရောက်သေးခဲ့။ ပြည်သူတွေဟာ မိမိ တို့ရဲ့ ကာယစွမ်းအားဉာဏစွမ်းအားအရင်းအမြစ်များကို အခုအထိအသုံးချလို့မရသေး။
ဒီလိုနဲ့ ကျွန်တော်တို့ဟာ စစ်ဖိနပ်အောက်မှတစ်ဆင့် ခေါင်းပေါင်းစတွေအောက်မှာ ခေါင်းငုံ့နေခဲ့ရပါတယ်။ မြန် မာ့တောဓလေ့စကားပုံအတိုင်း ခေါင်မလုံတော့ တံဆက်မြိတ်ကမိုးယို ဆိုသကဲ့သို့ ဆယ်အိမ်ခေါင်းခေါ် အုပ်ချုပ် ရေးသမားကိုလဲ အပြစ်မရှိဘဲ ပြည်သူတွေကကြောက်နေရတဲ့ ကြောက်ရှိုန်ကမကုန်သေး။
တစ်ဘက်ကိုပြန်ကြည့်လိုက်ပြန်တော့ တရားမ၀င်ဥပဒေကိုချိုးဖေါက်ကာလုပ်ကိုင်စားသောက်နေတဲ့သူအချိ့ က ခေါင်းတစ်ထောင်ထောင်နဲ့ . . . . အစ်ကိုငွေလဲမလား လို့ပြောနေပြန်ရဲ့။ ဒါပေမယ့် သံတိုင်ခေါ်ထောင်တံခါးထဲ မှာကြတော့လဲ ဘာမဟုတ်တဲ့ ဒေါ်လာငွေ တစ်ဆယ်လောက်နဲ့ ထောင်သုံးနှစ်ကျခံနေရ။
ဘာလဲမြန်မာပြည်။ ဘယ်မှလဲ ဒီမိုကရေစီ၊ ဘယ်မှာလဲ ဥပဒေ။ ̏နားလည်သလိုလုပ်ကိုင်စားသောက်ခြင်းသည် ဥပဒေကိုလေးစားလိုက်နာခြင်းမည်သည်̋ ဆိုတဲ့ဆောင်ပုဒ်ကို တရားရုံး၊ရဲစခန်း၊ပြည်သူ့လွှတ်တော်တို့မှာ စာလုံး အနီကြီးရေးပြီး ကပ်ထားသင့်နေပါပြီ၊။.
အခုလည်း ကျွန်တော်ဓာတ်ပုံနဲ့တကွ ရိုက်ပြထားတာပါပဲ။ ဒီထက်ခိုင်မာသောသက်သေကမ္ဘာ့ဥပဒေမှာ ရှိပါသေး လို့လား။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ နေရာဌာနတိုင်းမှာ အဲဒီလို ရဲနဲ့ပေါင်းပြီးလုပ်ကိုင်စားသောက်နေကြတဲ့ သူတွေကတော့ ကားတစ်ဝီ၀ီစီးလို့ပေါ့။ အဲလိုမဟုတ်ပဲ ကောင်းရောင်းကောင်းဝယ်လုပ်ကိုင်စားသောက်ရင်း နိုင်ငံခြားငွေလေး တစ်ဆယ်နှစ်ဆယ်တွေ့လို့ကတော့ အဲဒီလူ ထောင်ကျပြီ။
ကဲ . . . ဒေါ်အောင်ဆန်းစုကြည်ရေ . . . .  ကျွန်တော်တို့ပြည်သူတွေ ဘယ်လိုတိုင်တည်သစ္စာပြုရပါတော့မယ် . . . . . .

သင်္ကန်းဝတ်ခွေးသားဥတ္တရအတွက် ဆက်လက်ရေးသားတိုက်ပွဲဝင်နေဦးမှာပါ။

Unknown | 10:49 AM | Be the first to comment! Unknown | 10:49 AM | Be the first to comment!
Unknown | 10:49 AM | Best Blogger Tips

by U Ko Vi Da on Saturday, 1 December 2012 at 16:20 ·



ပြောရင် အောင်မင်းလွန်ရာကြမယ်။ သာအေးလှူတဲ့ဆွမ်းကိုစစ်ကိုင်းဘုန်းကြီးတွေ မသုံးဆောင်တော့ဘူးတဲ့။
ဒါပေမယ့်၊ လန်ဒန်ကသင်္ကန်းအရေခြုံဥတ္တရတို့ကတော့ ဘုန်းကံရှင်ဆွမ်းတော်အုပ်ဆိုပြီးဘုန်းပေးမှာပါ။
အဲဒီလုပ်ဘုန်းကြီးဥတ္တရကိုမေးချင်ပါတယ်။ လန်ဒန်သင်္ကြန်ဘွဲ့သိန်းစိန်ကိုပေးတုန်းက ကျုပ်အဲဒီဥတ္တရကိုငယ်ပါနဲ့ထိုးချင်တာယားနေတာပဲ။ အဲ . . . ဗုဒ္ဓစာပေ၊နိုင်ငံရေးစာပေအမြင်နဲပါးတဲ့သူတွေကိုကျုပ်ကိုဘုရားသားတော်ကိုဆော်ကားရမလလားဆိုတဲ့ ပုဒ်မလာကပ်မှာဆိုးလို့။ ဒီပုဒ်မကိုကြောက်လို့မဟုတ်ဘူး၊အသိနဲတဲ့သူတွေကိုသနားလို့ပါ။ အခုတော့ ဥတ္တရကိုငယ်ပါနဲ့ကျုပ်ထိုးတယ်ဗျာ။ ကဲ့ . . . ဘယ်သူကန့်ကွက်ချင်လဲ။ ကန့်ကွက်တဲ့သူဟာလက်ပံတောင်းတောင်သံဃာသတ်သမားတွေပဲပေါ့ဗျာ။
လန်ဒန်ဥတ္တရအတွက် ကျုပ်ရဲ့ကဗျာလေးဆက်ဖတ်ကြည့်ပါဦးဗျာ။
လန်ဒန်ဘုန်းကြီးဥတ္တရ၊လုပ်ချလိုက်ပုံက။
သိန်းစိန်ကြီးကိုသူဖားကာလန်ဒန်သင်္ကြန်ဘွဲ့ပေးတာ။
လက်ပံတောင်းတောင်မှာဘုန်းကြီးတွေ၊ ဒဏ်ရာရလို့လေ။
ဆေးရုံတွေမှာသွေးစက်စက်၊ သိန်းစိန်ထိတ်ပြောင်ရဲ့ခတ်လက်ချက်။
အခုတော့ ဥတ္တရစောက်ဖုတ်ရ၊ ဗမာဘုန်းကြီးတွေဒုက္ခ။
ပြည်သူတွေလည်း မျက်ရည်ဝဲ၊ သာသနာညှိုးနေဆဲ။
လန်ဒန်မှာနေဥတ္တရရေ . . . ကိုယ် ကျိုးရှာလို့နေ၊။
ဗမာပြည်ကိုသူမငဲ့၊ သိန်းစိန်လီးကိုသူစုတ်လှည့်။
ဒီခွေးသားဥတ္တရအတွက် ဆက်လက်ရေးသားတိုက်ပွဲဝင်နေဦးမှာပါ။

ဗမာပြည်က ကဗျာစစ်စစ်

Unknown | 10:46 AM | Be the first to comment! Unknown | 10:46 AM | Be the first to comment!
Unknown | 10:46 AM | Best Blogger Tips

by U Ko Vi Da on Thursday, 13 December 2012 at 02:34 ·



တကယ်ပစ်တာက
ပြည်သူ့ရဲ . .  တွေ
အာဏာမလွန်ဆန်ဝံ့သူက
သမ္မတအမည်ခံသိန်းစိန်
အမိန့်ပေးသူက
သမ္မတရုံး. ..  က . . .တဲ့
မီးလောင်ဗုံးတွေက
တရုပ်ကလုပ်တာတဲ့
ကဲ့ . . .
ဒီလိုသာဆိုရင်
ဗမာဘာသာရေးသမိုင်းထဲကစာလို . . .
လေးပစ်သူဟာ
ကျွန်တော်မျိုးမုဆိုးသောနုတ္ထိုရ်
အသက်ခံအစွယ်ပေးရသူက
မင်းဆန္ဒန်
အစွယ်လိုသူက
မိဖုရားစူဠသုဘဒ္ဒါ
စေခိုင်းသူကတော့
သူ့လင်ဘုရင် . . . တဲ့။
ကောင်းလိုက်တဲ့ ဗုဒ္ဓဘာသာသမိုင်း
အခုလည်း
သံယံဇာတတွေလိုချင်သူက
တရုပ်
ရဟန်းတွေကို သတ်ဖြတ်သူက
ဗမာပြည်က ရဲ
စေခိုင်းသူကတော့
အမည်ခံသမ္မသိန်းစိန်
အသတ်ခံရသူက
ဗမာပြည်ကရဟန်းသံဃာပြည်သူလူထုကျောင်းသားအစုစု။

By:အလင်းရှင် http://aungminkhoung.blogspot.com

ထင်တာတွေက . . . မှားနေတာလား။ မှားနေတာတွေကို . . . ထင်နေတာလား

Unknown | 10:44 AM | Be the first to comment! Unknown | 10:44 AM | Be the first to comment!
Unknown | 10:44 AM | Best Blogger Tips

by U Ko Vi Da on Sunday, 16 December 2012 at 08:55 ·

ကျွန်တော် ထင်တာတွေကမှားနေတာလား မှားတာတွေကိုပဲ ကျွန်တော်ကထင်နေတာလား။
လက်ပံတောင်း တောင်မှာ သံဃာတွေကို မီးလောင်ဗုံးနဲ့ပစ်တယ်။ ဒါကိုသံဃာနဲ့ပြည်သူက သမ္မတကိုယ်တိုင်တောင်းပန်ဖို့ စတဲ့အချက်တွေကိုဆန္ဒဖေါ်ထုတ်တယ်။ အစိုးရက ဒါကိုရက်အတန်ကြာမလိုက်ရောခဲ့ဘူး။ အခုတော့သမ္မတရုံး အောင်မင်းဆိုတဲ့ ကောင်ကတောင်းပန်တယ်။ မန်းကဘုန်းကြီးတွေက ကျေနပ်လိုက်ကြတယ်။
ကဲ . . . ခံရတဲ့ဘုန်းကြီးများမှာ အခုထိဆေးရုံးကမဆင်းရသေးဘူး။ ဘာမှမခံရတဲ့ဘုန်းကြီးတွေက ထိုင်ခုံပေါ်က နေ ကြေနပ်လိုက်ကြတယ် . ..  ဟားတိုက်ကာ ကျုပ်ရယ်မောမိသည်။ ဗမာပြည်သည်လည်းကောင်း ဗမာပြည် သူပြည်သားသံဃာများသည်လည်းကောင်း . . . . ရယ်စရာတွေလား။ အာဏာရူးများရဲ့ ကြိုးကိုင်ရုပ်သေးများ လား . . ..  ကမ္ဘာသည် ရယ်စရာလား . . . . ကမ္ဘာ့လူသားများသည် ရယ်စရာလား . . . .
ထိုသို့သော လားပေါင်းများစွာဖြင့် ကျုပ်သည် ရန်ကုန်မြို့၌ (၅၀)ကျပ်တန်ဘက်စ်ကားကို တိုးဝှေ့လိုက်ပါစီးနင်း ခဲ့လေသတည်း။

အမြုတ်မထတဲ့ ကျွန်တော့ဘ၀ဘီယာ

Unknown | 10:37 AM | Be the first to comment! Unknown | 10:37 AM | Be the first to comment!
Unknown | 10:37 AM | Best Blogger Tips

by U Ko Vi Da on Tuesday, 25 December 2012 at 10:40 ·

 

နှုတ်သီးဝက
ထွက်ကျလာတဲ့ ဘီယာလေးတွေဟာ
အကြည်ရောင်ဖန်ခွက်ထဲမှာ
အမြုတ်တစ်စီစီထလို့ . . . အပြင်ကို ရုန်းကန်ထွက်နေရဲ့။
ကျွန်တော်တို့လည်း
အနီရောင်သံတိုင်ကြီးတွေကို ခပ်တင်းတင်းဆုတ်ရင်း
တစ်ဘ၀စာလွတ်ဖို့ ခေါင်းဝင်ယှက်ရင်း . . . . . (အင်းစိန်ထောင်ပြင်ဝကို) မျှော်ငေးနေဖူးတယ်။
ရံခါကြားရတဲ့
လော်စပီကာအသံခပ်ပြပြက
အင်းစိန်ထောင်တံခါးတွေကို ကိုက်ဖျက်မိသလို
မြေလျှိုးမိုးပျံနိုင်တဲ့
ဂါထာမန္တာန်အတက်ကို သင်ဖို့စိတ်ကူးရလာတယ်။
ဒီလိုနဲ့
နံက်ညတိုင်း ဆဲဆိုနေတဲ့ တောထုတ်သံတွေကို
ဘုန်းကြီးပရိတ်သံအဖြစ် တစ်ဖြစ်လဲခဲ့ရတယ်။
တကယ်တော့
ပုံစံမောင်းတယ်ဆိုတဲ့ ကိုလိုနီစရိုက်ဟာ
အာဏာပိုင်တွေရဲ့ အိပ်ကပ်ထဲကို ငွေတွေမောင်းထည့်ပေးသလိုပါပဲ။
ကျွန်တော်ဒီအကြောင်းတွေကို အချိန်ရရင် ဆက်ရေးနေဦးမှာပါ။
ကျွန်တော့အတွက်
Facebook ကစာမျက်နှာ တစ်ခုပေးလိုက်တာကို
အရင်တုန်းက
ကျွန်တော့ဆောင်းပါးတွေ ကဗျာတွေကို
အများရင်ဘတ်ထဲကူးခပ်စေချင်လို့
ဂျာနယ် တိုက်တွေကို အားကိုးခဲ့ရတယ်။
အခုတော့ . . .
သွားစမ်းပါ . . . မယာတွေရိုးနေပြီကွာဆိုတဲ့ သီချင်းကိုဆိုရင်း . . .
ဂျာနယ်တွေ . . . အယ်ဒီတာတွေ . . . .
စာပေစီစစ်ရေးဆိုတဲ့ အကောင်စုတ်တွေ . . . ရေ . . . . . .
ငါ့လက်ချောင်းတွေကို မင်းတို့သော့ခပ်ထားလို့မရတော့ဘူး . . . ကွ . . . .
အခုကြည့်စမ်း . . .
ကျွန်တော့ဘ၀ ဘီယာခွက်မှာ
နှုတ်ခမ်းရာဆိုးဆေးတွေက အမည်းတွေပါလား . . . . . ။

By:အလင်းရှင် http://aungminkhoung.blogspot.com

ပြည်ပရောက်ဘုန်းကြီးအချို့ကလည်း သိန်းစိန်အာဏာရူးတို့ကိုမြှောက်ပေးတယ်။

Unknown | 10:29 AM | Be the first to comment! Unknown | 10:29 AM | Be the first to comment!
Unknown | 10:29 AM | Best Blogger Tips

ပြည်ပရောက်ဘုန်းကြီးအချို့ကလည်း သိန်းစိန်အာဏာရူးတို့ကိုမြှောက်ပေးတယ်။
လန်ဒန်ကဘုန်းကြီး ဥတ္တရ ကတော့ဖြင့် သိန်းစိန်ကိုလန်ဒန်သင်္ကြန်ဘွဲ့ဆိုတာတောင်ပေးလိုက်သေးဗျ။
မကြာပါဘူး ဘုန်းကြီးတွေကို သိန်းစိန် အာဏာရူးတို့က မီးလောင်ဗုံးနဲပစ်ပါရော လက်ပံတောင်းတောင် မီးတွေလောင် ဆိုသလို
အခြား သံဃာတွေကလည်း မြန်မာနိုင်ငံအ၀ှမ်း သိန်းစိန်အာဏာရူးတို့ကို စီတန်းလှည့် လည်ဆန္ဒဖေါ်ထုတ်ကြ ပါလေရော . . .
ကဲ . . . သိန်းစိန်အာဏာရူးတွေကို ဟို . . ဘွဲ့၊ ဒီ . . . ဘွဲ့တွေပေး ခဲ့တဲ့ လန်ဒန်က ဥတ္တရ တို့ရဲ့အသံကြက်ပြောက်ငှက်ပြောက်ပြောက်သွားပါရောဗျ။
အခုလိုပြောတော့ အဲဒီဘုန်းကြီးဥတ္တရနဲ့ ကျုပ်အပြင်မှာတစ်ခါဘူးမှမမြင်ခဲ့ရမကြားခဲ့ရမတွေ့ထိခဲ့ရပါဘူး။ ဒီ အတွက်ကြောင့် တစ်ယောက်နဲ့တစ်ယောက် ရန်သူသဘောဘယ်တုန်းကမှ မတွေးတောမိပါဘူး။ သို့သော် လည်း အာဏာရူးသိန်းစိန်တို့အဖွဲ့ကို ဘွဲတွေဘာတွေပေးတယ်ဆိုတော့က . . . ဒါ . . . ဗမာပြည်သူတွေကို ဒီ ဘုန်းကြီးဥတ္တရ စော်ကားလိုက်တာပဲလို့ကို ကျုပ်ယူဆတယ်။
အခြားနိုင်ငံအသီးအသီးကသူတွေ သိန်းစိန်တို့ကိုဘွဲ့တွေဘာတွေပေးတယ်ဆိုတာကတော့ ကမ္ဘာ့နိုင်ငံရေးရာသီ အလိုက် ၀တ်စားဆင်ယင်မှုတစ်ခုပဲလို့ ကျုပ်သတ်မှတ်တယ်။ သင်္ကန်းဝတ်ဥတ္တရကတော့ သူ့ကိုအခုလို လန်ဒန် ရောက်အောင်ကျွေးမွေးစောင့်ရှောက်ခဲ့တယ်ဆိုတာ ဗမာပြည်သူပြည်သားတွေပါ။ ဒီလိုဗမာပြည်သူပြည်သား တွေကို နည်းအမျိုးမျိုးနဲ့နှိတ်စက်ကလူပြုနေကြတဲ့ သိန်းစိန်အာဏာရူးတို့ကို အားပေးအားမြှောက်စလိုလို နိုင်ငံ ရေးထမင်းဝိုင်းထဲမှာလောကွတ်မလုပ်သင့်ပါဘူး။
ဗမာနိုင်ငံနေ့စဉ်ထုတ်မတရားသတင်းစာရော မဟနခေါ် ကမ္ဘာအေးဘုန်းကြီးတွေကရော ဘုန်းကြီးတွေဟာ စာ သင်ခြင်းတရားအားထုတ်ခြင်းနှစ်မျိုးကိုပဲလုပ်ရမယ်လို့ ညွှန်ကြားလွှာထုတ်ထားတယ်။ ဒါကို လန်ဒန်ဘုန်းကြီးက မလိုက်နာသလိုဖြစ်နေတယ်။ အဲဒါကြတော့ မတရားကြေးမုံမှန်ကွဲသတင်းစာများက ဒီဘုန်းကြီးရဲ့ နိုင်ငံရေးလုပ် စားမှုကိုမပြောဘူး အရှုတ်ချဘူး။
ကဲ . .  .  ဒီလောက်ပါပဲ။ အရမ်းရှည်သွားလိမ့်မယ်။
ဒါ့ကြောင့် ကျုပ်ဒီစာနဲ့အတူပူးတွဲတင်ပြထားတဲ့ ကာတွန့်လေးကိုပဲ ဖတ်ကြည့်ပါဦး . . . လို့ ။ အာဏာရူးများကို ရာသီစာထမင်းဝိုင်းခင်းကျင်းချင်ကြတဲ့ လန်ဒန်ကသင်္ကန်းဝတ်ဥတ္တရတို့နဲ့အခြားသော ယောင်တိယောင်တာ ယောင်ခြာခြာ ကြမ်းကြားလေသမားများကို သတိပေးလိုက်ပါတယ်။

အာဏာရူးတွေကို ဒုတ်ဓားမကိုင် နှုတ်သံပြိုင်နဲ့ တော်လှန်ခဲ့ကြတာကိုသိစေချင်လို့

Unknown | 10:26 AM | Be the first to comment! Unknown | 10:26 AM | Be the first to comment!
Unknown | 10:26 AM | Best Blogger Tips
http://photos-c.ak.fbcdn.net/hphotos-ak-prn1/65105_264423803684487_1170219408_a.jpg


အာဏာရူးတွေကို ဒုတ်ဓားမကိုင် နှုတ်သံပြိုင်နဲ့ တော်လှန်ခဲ့ကြတာကိုသိစေချင်လို့ အခုလိုကူးယူဖေါ်ပြပေး တာပါခင်ဗျာ။ သေနပ်ကိုင်မှ နိုင်ငံရေးလုပ်တာမဟုတ်ပါဘူး။ နိုင်ငံနဲ့ပြည်သူအတွက် သဲတစ်ပွင့်အုပ်တစ် ချပ် ကိုယ်စွမ်းရာကိုလုပ်တာဟာ နိုင်ငံရေးကောင်းသမားပါ။ အိုဗားမာဗမာပြည်လာတုန်းကပြောသွားတဲ့ မိန့်ခွန်း နားမျက်စေ့ကောင်းတဲ့သူတွေ သိကြပြီးသားပါ။
အမေရိကန်မှာ လမ်းဘေးကကလေးလေးတစ်ယောက်နဲ့သမ္မတကြီးတစ်ယောက်တို့ရဲ့ဘ၀ဟာအတူတူပါပဲတဲ့။ ကဲ . . . မကြားသေးရင်လဲ ကျုပ်အခုလိုဖေါက်သည်ချလိုက်ပြီဗျာ။ ကြားလိုက်တော့ . . . သိလိုက်တော့ . . . အပွေးမြင်ရင် အပင်သိ၊တဲ့ ဒီလောက်ဆိုရင် ခင်ဗျားတို့နားမျက်စေ့တွေနဲ့ ချဲ့ကားပြီးနားလည်လိုက်စမ်းပါ။ အိုဗားကတော့ အချိန်မရတော့ တိုထိလိုမိ ပြောသွားတယ်။
အခုဗမာပြည်မှာက သူမှသူ ငါမှငါ နဲ့၊ ငါကနိုင်ငံေ၇းထောင်ထွက်၊ဒီကောင်တွေက နိုင်ငံရေးထောင်ထွက် မဟုတ်ဘူး စသည်ဖြင့် . . .. အိုဘားမားစကားကို နားမလည်ကြသေးဘူးဖြစ်နေတယ်။ အဲဒီတော့ ကျုပ်က နားလည်လွယ်အောင်ပြောလိုက်မယ် (နိုင်သလောက်၊ ဗမာနိုင်ငံကောင်းစားရေး အတွက်လုပ်သူမှန်သမျှကို နိုင်ငံရေးလို့ သာမှတ်လိုက်ပေတော့။

Sunday, January 27, 2013

ငြိမ်းချမ်းရေးအတွက် သတ္တိရှိဖို့ လိုတယ်

Unknown | 1:30 AM | Be the first to comment! Unknown | 1:30 AM | Be the first to comment!
Unknown | 1:30 AM | Best Blogger Tips

by U Ko Vi Da on Saturday, 26 January 2013 at 20:28 ·



မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အင်န်အယ်လ်ဒီ ပါတီ ဥက္ကဌ ကော့မှူးအမတ် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ညက အမေရိကန် ပြည်ထောင်စု၊ ဟာဝိုင်အီကျွန်းမှာ ဒေသခံ ကျောင်းသူ ကျောင်းသားတွေနဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေး အကြောင်း အကျယ်တဝင့် ဆွေးနွေး ဟောပြောခဲ့သလို.

ဒေါ်အောင်ဆန်းစုကြည် ဟာဝိုင်ယီ ကျောင်းသားတွေနဲ့ တွေ့ဆုံ

Unknown | 1:28 AM | Be the first to comment! Unknown | 1:28 AM | Be the first to comment!
Unknown | 1:28 AM | Best Blogger Tips

by U Ko Vi Da on Saturday, 26 January 2013 at 20:54 ·


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဟိုနိုလူလူမှာရှိတဲ့ အထက်တန်း ကျောင်းသူ ကျောင်းသားတွေနဲ့ တွေ့ဆုံ စကားပြောခဲ့ ပါတယ်။  ဒီတွေ့ဆုံပွဲ အကြောင်း အပြည့်စုံ သိရအောင် ဟိုနိုလူလူမှာ ရောက်နေပြီး ဒီတွေ့ဆုံပွဲကို တက်ရောက် သတင်းယူခဲ့တဲ့ ကျမတို့ရဲ့ ဗွီအိုအေ ၀ိုင်းတော်သား ဦးသိန်းထိုက်ဦးကို မေးဖြစ်ခဲ့ ပါတယ်။ ဒီကနေ့ တွေ့ဆုံပွဲနဲ့ ပတ်သက်လို့ ဦးသိန်းထိုက်ဦးက ခုလို ပြောပြပါတယ်။

“ဒီကနေ့ တွေ့ဆုံပွဲက ဟိုနိုလူလူမှာရှိတဲ့ Hawaii Community Foundation အောက်မှာရှိတဲ့ ငြိမ်းချမ်းရေးအဖွဲ့ပေါ့နော်၊ ငြိမ်းချမ်းရေးအသင်း၊ Pillars of Peace လို့ ခေါ်တဲ့ ငြိမ်းချမ်းရေး မဏ္ဍိုင်ကြီးများလို့ပဲ ပြောရမှာပေါ့။ အဲဒီအသင်းကနေပြီးတော့ ကမကထ လုပ်ပြီးတော့ ကျောင်းသားလေးတွေနဲ့ ရပ်မိရပ်ဖတွေ၊ ဒေသခံတွေကို တွေ့ဆုံပေးတဲ့ပွဲပါခင်ဗျ။ အဓိက ကတော့ အထက်တန်း ကျောင်းသူကျောင်းသားတွေ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့သိလိုတဲ့ မေးခွန်းတွေကို သူတို့ မေးကြပါတယ်ခင်ဗျ။ ဒေါ်အောင်ဆန်းစုကြည်ဘက် ကလည်း ပြန်ပြီးတော့ ဖြေပါတယ်။ အရင်တုန်းကလည်း ဒီ Pillars of Peace အဖွဲ့က တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး တို့၊ တိဘက် ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမား တို့ကို ဖိတ်ကြားပြီးတော့ ဒီလို ငြိမ်းချမ်းရေးဆိုင်ရာ ဟောပြောပွဲ မျိုးတွေ ကျင်းပပေးခဲ့ဖူးပါတယ်ခင်ဗျ။”

မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကရော ဘာတွေ ပြောဆိုခဲ့ပါလဲရှင့်။ -

“ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အဓိက ပြောဆိုသွားရင်းနဲ့ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် တော်တော်လေး အလေးပေး ပြောသွားတာကို ကျနော် တွေ့ရပါတယ်ခင်ဗျ။ ကချင်ပြည်နယ်မှာ စစ်ပွဲတွေကြောင့်မိုလို့ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေ အဓိက ဒုက္ခရောက်နေကြတဲ့ အနေအထားတွေကိုလည်း သူ့မိန့်ခွန်းထဲမှာ အဓိက ပြောသွားပါတယ်။ ငြိမ်းချမ်းရေး အတွက်က ငြိမ်းချမ်းရေးကို ရဖို့ဆိုလို့ရှိရင် တယောက်နဲ့တယောက်က စေ့စပ် အပြန်အလှန် ညှိနှိုင်းတာမျိုးတွေ လိုအပ်တယ်။ နောက် ရိုးသားဖို့လိုတယ်။ သင့်မြတ်ဖို့ လိုတယ်ပေါ့နော်။ အဲဒီတော့ ရိုးသားမှုအတွက် အဓိက ဒါတွေအတွက် အရေးကြီးဆုံးကတော့ သတ္တိရှိဖို့ လိုတယ် ဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်ခင်ဗျ။ အဓိက ကတော့ ပဋိပက္ခကို ဖန်တီးတဲ့သူတွေက ဒီပဋိပက္ခတွေကို ရပ်ဆိုင်းဖို့အတွက် သတ္တိရှိကို ရှိရမယ် ဆိုတာမျိုး ကိုယ့်ရဲ့အတ္တတွေကို ခ၀ါချဖို့ မဖြစ်မနေ လိုအပ်တယ် ဆိုတာမျိုးကို ဒေါ်အောင်ဆန်းစုကြည် ပြောသွားပါတယ်ခင်ဗျ။”

ကျောင်းသားတွေဘက်ကရော မေးခွန်းမေးမြန်းတာတွေ၊ ဆွေးနွေးတာတွေရော အပြန်အလှန် ရှိခဲ့ပါလားရှင့်။ -

“ကျောင်းသားတွေဘက်ကတော့ အဓိက ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ဘ၀ နှစ်ပေါင်းများစွာ နေခဲ့တဲ့အချိန်မှာ ဘယ်လို သူ ကျင့်ကြံနေထိုင်ခဲ့လဲ။ သူ့ကိုယ်သူ ဘယ်လို စည်းကမ်းတည်ဆောက်ခဲ့တယ်၊ နောက် သူ့ဘ၀မှာ ဘယ်သူတွေကို အားကျ အတုယူပြီးတော့ ဒီလို ငြိမ်းချမ်းရေးနဲ့ပြန်လည် သင့်မြတ်ရေးအတွက် စံနမူနာထားရမယ့် ခေါင်းဆောင် တယောက် ဖြစ်အောင် ကြိုးပမ်းနိုင်ခဲ့တယ်။ ဒါတွေကို ကျောင်းသားတွေက အဓိက ထားပြီးတော့မေးသွားပါတယ်ခင်ဗျ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့ရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ မိန့်ခွန်းထဲမှာ ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့အတွက် လူတွေအနေနဲ့ အခုဖြစ်နေတဲ့ ဒီပဋိပက္ခတွေ ရပ်စဲဖို့ ဆိုတာမှာ အမုန်းတရားတွေကို အားလုံး အဆုံးသတ်ဖို့၊ နောက်ပြီးတော့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ ဒီလိုအဆုံးသတ်ရဲတဲ့ သတ္တိရှိဖို့ မဖြစ်မနေ လိုအပ်တယ်ဆိုတာကိုပဲ သူ အဓိက ပြောသွားတာ တွေ့ရပါတယ်ခင်ဗျ။”

ဒီနေ့ကတော့ ဟိုနိုလူလူမှာ ကျောင်းသူကျောင်းသားတွေကို တွေ့ဆုံတာအပြင် တခြား ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘယ်သူတွေနဲ့ တွေ့ဆုံတာ စကားပြောတာတွေရော ရှိပါလဲရှင့်။ -

“အခု မနက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် ကျောင်းသားတွေနဲ့ တွေ့ပြီးတော့ ညနေပိုင်းမှာတော့ Rotary Peace Foundation အဖွဲ့က သူ့ကို အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားထားပါတယ်။ အဲဒီမှာ သူ မိန့်ခွန်းပြောကြားဖို့ ရှိပြီးတော့ ငြိမ်းချမ်းရေးဆုကိုလည်း လက်ခံရယူမှာ ဖြစ်ပါတယ်။ မနက်ဖြန်မှာတော့ သူ ဟာဝိုင်ယီကနေ တောင်ကိုရီးယားကို သွားမယ်လို့ ကျနော်တို့ သိရပါတယ်ခင်ဗျ။”

မခင်ဖြူထွေး,  ကိုသိန်းထိုက်ဦး (ဗွီအိုအေ)

လျှပ်စစ်ဝန်ကြီးရဲ့ကရုဏာက လယ်သိမ်းတယ်တဲ့ . .. ဗျာ။

Unknown | 1:27 AM | Be the first to comment! Unknown | 1:27 AM | Be the first to comment!
Unknown | 1:27 AM | Best Blogger Tips

by U Ko Vi Da on Saturday, 26 January 2013 at 21:01 ·




လျှပ်စစ်ဝန်ကြီး၏ ကရုဏာ ချေးငွေကို စပါးနှင့် နွားပါမကျန် အပ်နှံခဲ့ကြ ရန်ကုန်တိုင်း ဒေသကြီး လှည်းကူး မြို့ နယ် မအူကျေးရွာတွင် လျှပ်စစ်ဝန်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်မောင်စိုး မှ လယ်သမားတို့ အား ကရုဏာ ချေးငွေ အဖြစ် ချေးထားသော ငွေများကို ပြန်မဆပ်လျှင် တရားစွဲ ဆိုမည်ဖြစ်ကြောင်း

Twitter Bird Gadget